ကျွန်မက အိမ်မှာ အလတ်မ

မိသားစုတစ်ခုမှာ အလတ် ဆိုတဲ့လူတွေ နာမည်အတိုင်းပါပဲ မေတ္တာတွေ လစ်လပ်ခြင်းတွေ ခံခဲ့ကြတယ် ။ အကြီးအပေါ် အလိုက်သိရပြီး အငယ်အပေါ် အလိုလိုက်ရတဲ့ လူတွေလေ ။ အလတ် သာမန်သားသမီးတွေထက် ပိုပြီးလည်း သိတတ်ကြသလို ပိုပြီးလဲ နားလည်တတ်ကြတယ် ဒါပေမယ့် တခြားသူတွေလိုတော့ သဲသဲလှုပ် အချစ်မခံရဘူးပေါ့ ။

အကြီးကို သိတတ်ရတယ်ဆိုတဲ့ စကားလုံးတွေ နဲ့ အငယ်ကို အလိုလိုက်ရတယ်ဆိုတဲ့ စကားလုံးတွေ နဲ့ ကိုယ်ဆန္ဒတွေ ရှိလာတဲ့အခါတောင် နှစ်ဦးနှစ်ဖက်ကို မျှပြီးကြည့်ရတဲ့ လူမျိုးလေ ။ ဦးစားပေးခံ လူတန်းစားထဲမှာ မပါတတ်ဘူးပေါ့ ။ သည်းသည်းလှုပ် အချစ်ခံရတဲ့ ကံလဲ မပါဘူးလေ ။

လစ်လပ်နေတဲ့ နေရာတိုင်းကို လိုက်ပြီး ဖြည့်ပေးနေတတ်တဲ့ jokerတစ်ကောင်နဲဲ့ ဆင်တူတယ် အကြီးတစ်ယောက်ရဲ့အနောက်မှာ ပြီးတော့ အငယ်တစ်ယောက်ရဲ့အရှေ့မှာ ဘာပဲလိုလို အမြဲ သူ့ခေါင်းပေါ်မှာချည်းပဲလေ ။ သည်းခံခြင်းတွေ မြိုသိပ်ခြင်းတွေ ဖက်ပြီး မွေးလာတဲ့ကလေးလို့ လူတော်တော်များများက ထင်ကြလိမ့်မယ် တကယ်တော့ အဲ့ဒီ သည်းခံခြင်းတွေ မြိုသိပ်ခြင်းတွေက တဖြေးဖြေး ကျင့်သားရလာခဲ့ပြီး အကျင့်လိုဖြစ်သွားတတ်တာမျိုးပါ ။

မိသားစုတစ်ခုမှာ . . . .တစ်မိပေါက် တစ်ယောက်ထွန်းတာတော့ ဘယ်မိသားစုမှာမဆို ပါလာပြီးသားပါ များသောအားဖြင့် အလတ်တွေ များတယ် ။ ဆိုးတဲ့အခါ သူ့အပြင် နှစ်ယောက်မရှိသလို ကောင်းတဲ့အခါလဲ သူ့ကို မှီတာ မရှိဘူး ။ အလိုလိုက်ခံရတာ အချစ်ခံရတာတွေ သိပ်အများကြီး မရတဲ့ကလေးက ကို ကိုးတတ်လာတယ် ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်လာတယ် မကောင်းတဲ့အကျင့်အဖြစ်ကတော့ အရွဲ့တိုက်တတ်လာတယ် ။

အလတ် . . . မိသားစုတစ်ခုမှာ တစ်ယောက်တည်းဖျောက်ပြီး ကွက်ပြီး ဆိုးနေတာလဲ အလတ်တွေ အများဆုံးပဲ ။ မိသားစုတစ်ခုမှာ နောက်ဆုံးတစ်ယောက်တည်းကျန်ပြီး မိသားစုအပေါ် တာ၀န်ကျေတတ်တာလဲ အလတ်တွေ အများဆုံးပဲ ။ ဆိုးခြင်းကောင်းခြင်းတွေထက် အဓိက က ခံစားချက်ကို နားလည်ပေးဖို့ပဲ လိုအပ်ပါတယ် ။

အကြီးလောက်လဲ အချစ်မခံခဲ့ရသလို အငယ်လောက်လည်း အလိုလိုက်ခြင်း မခံခဲ့ရတဲ့ အလတ်ဆိုတဲ့ နေရာမှာ လွယ်လွယ်လေးရင့်ကျက်လာကြတဲ့ ကလေးတွေပဲ များပါတယ် လောကကြီးကို ကောင်းပြဖို့ ၀န်မလေးသလို အရွဲ့တိုက်ပစ်ဖို့လဲ ၀န်မလေးတတ်ကြဘူး ။ တစ်ဖက်မှာ အရာရာကို သည်းခံပြီး ကိုယ့် ဆန္ဒတွေကို မြိုသိပ်ပစ်ဖို့လဲ ၀န်မလေးတတ်ကြဘူး ။ ဆိုးခြင်း ကောင်းခြင်းတွေ နဲ့ ဒွန်တွဲနေသလို မိသားစုတစ်ခုရဲ့ ကွက်လပ်တွေတိုင်းမှာ အလတ်တွေ ဖြည့်တာပဲ များပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အလတ္ . . . .

မိသားစုတစ္ခုမွာ အလတ္ ဆိုတဲ့လူေတြ နာမည္အတိုင္းပါပဲ ေမတၱာေတြ လစ္လပ္ျခင္းေတြ ခံခဲ့ၾကတယ္ ။ အႀကီးအေပၚ အလိုက္သိရၿပီး အငယ္အေပၚ အလိုလိုက္ရတဲ့ လူေတြေလ ။ အလတ္ သာမန္သားသမီးေတြထက္ ပိုၿပီးလည္း သိတတ္ၾကသလို ပိုၿပီးလဲ နားလည္တတ္ၾကတယ္ ဒါေပမယ့္ တျခားသူေတြလိုေတာ့ သဲသဲလႈပ္ အခ်စ္မခံရဘူးေပါ့ ။

အႀကီးကို သိတတ္ရတယ္ဆိုတဲ့ စကားလုံးေတြ နဲ႔ အငယ္ကို အလိုလိုက္ရတယ္ဆိုတဲ့ စကားလုံးေတြ နဲ႔ ကိုယ္ဆႏၵေတြ ရွိလာတဲ့အခါေတာင္ ႏွစ္ဦးႏွစ္ဖက္ကို မွ်ၿပီးၾကည့္ရတဲ့ လူမ်ိဳးေလ ။ ဦးစားေပးခံ လူတန္းစားထဲမွာ မပါတတ္ဘူးေပါ့ ။ သည္းသည္းလႈပ္ အခ်စ္ခံရတဲ့ ကံလဲ မပါဘူးေလ ။

လစ္လပ္ေနတဲ့ ေနရာတိုင္းကို လိုက္ၿပီး ျဖည့္ေပးေနတတ္တဲ့ jokerတစ္ေကာင္နဲဲ့ ဆင္တူတယ္ အႀကီးတစ္ေယာက္ရဲ႕အေနာက္မွာ ၿပီးေတာ့ အငယ္တစ္ေယာက္ရဲ႕အေရွ႕မွာ ဘာပဲလိုလို အၿမဲ သူ႔ေခါင္းေပၚမွာခ်ည္းပဲေလ ။ သည္းခံျခင္းေတြ ၿမိဳသိပ္ျခင္းေတြ ဖက္ၿပီး ေမြးလာတဲ့ကေလးလို႔ လူေတာ္ေတာ္မ်ားမ်ားက ထင္ၾကလိမ့္မယ္ တကယ္ေတာ့ အဲ့ဒီ သည္းခံျခင္းေတြ ၿမိဳသိပ္ျခင္းေတြက တေျဖးေျဖး က်င့္သားရလာခဲ့ၿပီး အက်င့္လိုျဖစ္သြားတတ္တာမ်ိဳးပါ ။

မိသားစုတစ္ခုမွာ . . . .တစ္မိေပါက္ တစ္ေယာက္ထြန္းတာေတာ့ ဘယ္မိသားစုမွာမဆို ပါလာၿပီးသားပါ မ်ားေသာအားျဖင့္ အလတ္ေတြ မ်ားတယ္ ။ ဆိုးတဲ့အခါ သူ႔အျပင္ ႏွစ္ေယာက္မရွိသလို ေကာင္းတဲ့အခါလဲ သူ႔ကို မွီတာ မရွိဘူး ။ အလိုလိုက္ခံရတာ အခ်စ္ခံရတာေတြ သိပ္အမ်ားႀကီး မရတဲ့ကေလးက ကို ကိုးတတ္လာတယ္ ။ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္တတ္လာတယ္ မေကာင္းတဲ့အက်င့္အျဖစ္ကေတာ့ အ႐ြဲ႕တိုက္တတ္လာတယ္ ။

အလတ္ . . . မိသားစုတစ္ခုမွာ တစ္ေယာက္တည္းေဖ်ာက္ၿပီး ကြက္ၿပီး ဆိုးေနတာလဲ အလတ္ေတြ အမ်ားဆုံးပဲ ။ မိသားစုတစ္ခုမွာ ေနာက္ဆုံးတစ္ေယာက္တည္းက်န္ၿပီး မိသားစုအေပၚ တာ၀န္ေက်တတ္တာလဲ အလတ္ေတြ အမ်ားဆုံးပဲ ။ ဆိုးျခင္းေကာင္းျခင္းေတြထက္ အဓိက က ခံစားခ်က္ကို နားလည္ေပးဖို႔ပဲ လိုအပ္ပါတယ္ ။

အႀကီးေလာက္လဲ အခ်စ္မခံခဲ့ရသလို အငယ္ေလာက္လည္း အလိုလိုက္ျခင္း မခံခဲ့ရတဲ့ အလတ္ဆိုတဲ့ ေနရာမွာ လြယ္လြယ္ေလးရင့္က်က္လာၾကတဲ့ ကေလးေတြပဲ မ်ားပါတယ္ ေလာကႀကီးကို ေကာင္းျပဖို႔ ၀န္မေလးသလို အ႐ြဲ႕တိုက္ပစ္ဖို႔လဲ ၀န္မေလးတတ္ၾကဘူး ။ တစ္ဖက္မွာ အရာရာကို သည္းခံၿပီး ကိုယ့္ ဆႏၵေတြကို ၿမိဳသိပ္ပစ္ဖို႔လဲ ၀န္မေလးတတ္ၾကဘူး ။ ဆိုးျခင္း ေကာင္းျခင္းေတြ နဲ႔ ဒြန္တြဲေနသလို မိသားစုတစ္ခုရဲ႕ ကြက္လပ္ေတြတိုင္းမွာ အလတ္ေတြ ျဖည့္တာပဲ မ်ားပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း