မိန်းကလေးတစ်ယောက် စိတ်နာသွားတဲ့အခါ ….

စိတ်နာအောင် မလုပ်ပါနဲ့ …

လူတစ်ယောက်ကို စိတ်ဆိုးအောင် စတာနောက်တာက အပြစ်မဟုတ်ပါဘူး ။ ချစ်လို့ကျီစယ်တယ်ဆိုတာ ပျော်ဖို့ကောင်းပါတယ် ။ စိတ်ဆိုးစိတ်ကောက်တတ်တဲ့ မိန်းကလေးတစ်ယောက်ကလဲ ပြန်ချော့လိုက်တဲ့အခါ ပြေသွားတတ်တာပဲ ။ ဒါပေမယ့် မိန်းမတစ်ယောက်ကို စိတ်နာအောင်တော့ မလုပ်မိစေနဲ့ ။

အမြဲတမ်းဖော်ရွေပြီး ပြုံးပြတတ်တဲ့မိန်းကလေးတစ်ယောက် ကျောက်တုံးထက်ပိုပြီး အေးစက်သွားတာမျိုးကို မြင်ယောင်ကြည့်ဖူးလား ။ တကယ်ပါ မိန်းကလေးတစ်ယောက် စိတ်နာသွားတဲ့အခါ သိပ်ကို ကြောက်ဖို့ကောင်းပါတယ် ကိုယ်ထင်ထား တွေးထားခဲ့ဖူးတဲ့ ပြတ်သားမှုတွေထက် ပိုပြီးသာတဲ့ ပြတ်သားမှုတွေကို တကယ်လက်တွေ့မှာ ခံနိုင်ရည်မရှိဘူးလေ ။

မိန်းကလေးတစ်ယောက် စိတ်နာသွားတဲ့အခါ …. ဘယ်တော့မှ မလွှတ်ချရက်ပါဘူးဆိုတဲ့ လက်တွေကို အပြီးတိုင် နှုတ်ဆက်သွားတတ်တယ် ။ ဘယ်တော့မှ မခွဲသွားပါနဲ့လို့တောင်းပန်ခဲ့ဖူးတဲ့သူကို သူ့ဘက်က ဦးအောင် ခွဲသွားနိုင်ခဲ့တယ် ရှင်မရှိလို့မဖြစ်ပါဘူးလို့ပြောခဲ့ဖူးတဲ့သူကို ရှင်မရှိလို့လဲ ဘာမှ မဖြစ်တော့ဘူးဆိုပြီး လျစ်လျူရှုသွားနိုင်ခဲ့တယ် ….

စိတ်နာတယ်ဆိုတာ …. စိတ်ဆိုးစိတ်ကောက်တာနဲ့ မတူဘူး ။ စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာ ချော့စေချင်တယ်ဆိုတဲ့ အဓိပ္ပါယ်လေးတွေပါတယါ ။ ချော့ရင် ပြေတယ်ဆိုတဲ့ အကြောင်းတွေ အနောက်မှာ ပါသေးတယ် ။ စိတ်နာတာကျတော့ မတူတော့ဘူး ။ အမြုပ်ထွက်အောင် ရှင်းပြနေလို့လဲ အယုံအကြည်မရှိတော့ဘူး နောက်ထပ် ယုံကြည်မိရင် နောက်ထပ်ကိုပဲ နာကျင်ရမယ်ဆိုတဲ့ စိတ်ကြီးဆွဲသွားတာပေါ့ ။ အကြောင်းပြချက်တွေ ပေးနေတယ်ဆိုတဲ့ အသိတစ်ခုပဲရှိတော့တယ် အရေးတယူနားထောင် လို့မရတော့ဘူး ။

မိန်းကလေးတစ်ယောက်က တော်ရုံတန်ရုံနဲ့ စ်ိတ်နာခဲပါတယ် ကိုယ်သိပ်ချစ်ရတဲ့သူကိုဆို ပိုလို့တောင် စိတ်မနာချင်သေးတာလေ ။ ဘယ်လိုအခြေအနေတွေကြောင့် စိတ်နာသွားတတ်သလဲဆိုရင် …အမှားတစ်ခုကို ထပ်ခါထပ်ခါလုပ်တဲ့အခါ … မ်ိန်းကလေးတွေက စိတ်နာသွားတတ်ကြတယ် ။ ဖောက်ပြန်ခြင်းတွေကို ခွင့်လွှတ်သည်းခံခဲ့ပြီးပြီလေ နောက်ထပ်တော့ မမှားသင့်တော့ဘူး မဟုတ်လား …. ဒါပေမယ့် ဆက်ပြီးလုပ်တဲ့သူက လုပ်တာပါပဲ ။ ကိုယ့်စေတနာတွေ ကိုယ့်အချစ်တွေနဲ့ မတန်တော့ဘူးလို့တွေးမိတဲ့အခါ မိန်းမတွေက သူ့အချစ်တွေကို ရပ်တန့်ပစ်လိုက်တတ်ပါတယ် ။

ဒါကို လူတချို့က မိန်းမတွေက အပြောင်းအလဲ မြန်တယ်လို့ခေါင်းစဉ်တွေ တပ်ချင်ကြသေးတာလေ ..တကယ်တော့ ပြောင်းလဲလာမလားဆိုပြီး အချိန်တွေ အများကြီး အကုန်ခံခဲ့ပြီးမှ မပြောင်းလဲလာနိုင်တော့လို့စိတ်ကုန်သွားတာပါ ။ လွယ်လွယ်လေး စိတ်နာခဲ့တာမဟုတ်ဘူး … အချိန်တော်တော်ကြာ ဖြုန်းတီးခဲ့ပြီးမှ လျစ်လျူရှုနိုင်ခဲ့တာပါ

မိန်းမသားတို့အတွက်
သျှင်ယွန်း

စိတ္နာေအာင္ မလုပ္ပါနဲ႔ …

လူတစ္ေယာက္ကို စိတ္ဆိုးေအာင္ စတာေနာက္တာက အျပစ္မဟုတ္ပါဘူး ။ ခ်စ္လို႔က်ီစယ္တယ္ဆိုတာ ေပ်ာ္ဖို႔ေကာင္းပါတယ္ ။ စိတ္ဆိုးစိတ္ေကာက္တတ္တဲ့ မိန္းကေလးတစ္ေယာက္ကလဲ ျပန္ေခ်ာ့လိုက္တဲ့အခါ ေျပသြားတတ္တာပဲ ။ ဒါေပမယ့္ မိန္းမတစ္ေယာက္ကို စိတ္နာေအာင္ေတာ့ မလုပ္မိေစနဲ႔ ။

အၿမဲတမ္းေဖာ္ေ႐ြၿပီး ၿပဳံးျပတတ္တဲ့မိန္းကေလးတစ္ေယာက္ ေက်ာက္တုံးထက္ပိုၿပီး ေအးစက္သြားတာမ်ိဳးကို ျမင္ေယာင္ၾကည့္ဖူးလား ။ တကယ္ပါ မိန္းကေလးတစ္ေယာက္ စိတ္နာသြားတဲ့အခါ သိပ္ကို ေၾကာက္ဖို႔ေကာင္းပါတယ္ ကိုယ္ထင္ထား ေတြးထားခဲ့ဖူးတဲ့ ျပတ္သားမႈေတြထက္ ပိုၿပီးသာတဲ့ ျပတ္သားမႈေတြကို တကယ္လက္ေတြ႕မွာ ခံႏိုင္ရည္မရွိဘူးေလ ။

မိန္းကေလးတစ္ေယာက္ စိတ္နာသြားတဲ့အခါ …. ဘယ္ေတာ့မွ မလႊတ္ခ်ရက္ပါဘူးဆိုတဲ့ လက္ေတြကို အၿပီးတိုင္ ႏႈတ္ဆက္သြားတတ္တယ္ ။ ဘယ္ေတာ့မွ မခြဲသြားပါနဲ႔လို႔ေတာင္းပန္ခဲ့ဖူးတဲ့သူကို သူ႔ဘက္က ဦးေအာင္ ခြဲသြားႏိုင္ခဲ့တယ္ ရွင္မရွိလို႔မျဖစ္ပါဘူးလို႔ေျပာခဲ့ဖူးတဲ့သူကို ရွင္မရွိလို႔လဲ ဘာမွ မျဖစ္ေတာ့ဘူးဆိုၿပီး လ်စ္လ်ဴရႈသြားႏိုင္ခဲ့တယ္ ….

စိတ္နာတယ္ဆိုတာ …. စိတ္ဆိုးစိတ္ေကာက္တာနဲ႔ မတူဘူး ။ စိတ္ဆိုးစိတ္ေကာက္တယ္ဆိုတာ ေခ်ာ့ေစခ်င္တယ္ဆိုတဲ့ အဓိပၸါယ္ေလးေတြပါတယါ ။ ေခ်ာ့ရင္ ေျပတယ္ဆိုတဲ့ အေၾကာင္းေတြ အေနာက္မွာ ပါေသးတယ္ ။ စိတ္နာတာက်ေတာ့ မတူေတာ့ဘူး ။ အျမဳပ္ထြက္ေအာင္ ရွင္းျပေနလို႔လဲ အယုံအၾကည္မရွိေတာ့ဘူး ေနာက္ထပ္ ယုံၾကည္မိရင္ ေနာက္ထပ္ကိုပဲ နာက်င္ရမယ္ဆိုတဲ့ စိတ္ႀကီးဆြဲသြားတာေပါ့ ။ အေၾကာင္းျပခ်က္ေတြ ေပးေနတယ္ဆိုတဲ့ အသိတစ္ခုပဲရွိေတာ့တယ္ အေရးတယူနားေထာင္ လို႔မရေတာ့ဘူး ။

မိန္းကေလးတစ္ေယာက္က ေတာ္႐ုံတန္႐ုံနဲ႔ စ္ိတ္နာခဲပါတယ္ ကိုယ္သိပ္ခ်စ္ရတဲ့သူကိုဆို ပိုလို႔ေတာင္ စိတ္မနာခ်င္ေသးတာေလ ။ ဘယ္လိုအေျခအေနေတြေၾကာင့္ စိတ္နာသြားတတ္သလဲဆိုရင္ …အမွားတစ္ခုကို ထပ္ခါထပ္ခါလုပ္တဲ့အခါ … မ္ိန္းကေလးေတြက စိတ္နာသြားတတ္ၾကတယ္ ။ ေဖာက္ျပန္ျခင္းေတြကို ခြင့္လႊတ္သည္းခံခဲ့ၿပီးၿပီေလ ေနာက္ထပ္ေတာ့ မမွားသင့္ေတာ့ဘူး မဟုတ္လား …. ဒါေပမယ့္ ဆက္ၿပီးလုပ္တဲ့သူက လုပ္တာပါပဲ ။ ကိုယ့္ေစတနာေတြ ကိုယ့္အခ်စ္ေတြနဲ႔ မတန္ေတာ့ဘူးလို႔ေတြးမိတဲ့အခါ မိန္းမေတြက သူ႔အခ်စ္ေတြကို ရပ္တန္႔ပစ္လိုက္တတ္ပါတယ္ ။

ဒါကို လူတခ်ိဳ႕က မိန္းမေတြက အေျပာင္းအလဲ ျမန္တယ္လို႔ေခါင္းစဥ္ေတြ တပ္ခ်င္ၾကေသးတာေလ ..တကယ္ေတာ့ ေျပာင္းလဲလာမလားဆိုၿပီး အခ်ိန္ေတြ အမ်ားႀကီး အကုန္ခံခဲ့ၿပီးမွ မေျပာင္းလဲလာႏိုင္ေတာ့လို႔စိတ္ကုန္သြားတာပါ ။ လြယ္လြယ္ေလး စိတ္နာခဲ့တာမဟုတ္ဘူး … အခ်ိန္ေတာ္ေတာ္ၾကာ ျဖဳန္းတီးခဲ့ၿပီးမွ လ်စ္လ်ဴရႈႏိုင္ခဲ့တာပါ

မိန္းမသားတို႔အတြက္
သွ်င္ယြန္း