မကြင်နာချင်နေပါတော့ မနာကျင်စေရုံသက်သက်နဲ့တင် ကျေးဇူးတင်နေမှာပါ

ကျွန်မ အဆင်မပြေပါဘူးလို့ ဘယ်သူ့ကိုမှ မပြောပြဖြစ်တော့ဘူး ပြောပြလဲ ဘယ်သူမှ စာနာမှာမဟုတ်ဘူးလေ ဒီလိုပဲ မျက်နှာလွဲသွားကြမှာ နောက်ဆုံး ကျွန်မပဲ ဘာမှ မကောင်းခဲ့သလို ပုံစံမျိုးနဲ့အပြစ်တင်ခြင်းတွေပဲ ရလာမှာလေ

ဘယ်သူကများ ဖေးမလိမ့်မယ်လို့ ထင်လို့လဲတစ်စုံတစ်ယောက်လောက်ပဲ စာနာအားပေးတတ်ရင် ကျွန်မအတွက် တော်တော်လေး ကံကောင်းနေပါပြီ ။ဒီလိုအကြောင်းပြချက်တွေကြောင့် အဆင်​မပြေလဲ အဆင်ပြေသလိုပုံစံလေးနဲ့ ကျွန်မ ပြုံးပြုံးလေးနေထိုင်တတ်လာခဲ့တာ

ကျွန်မ နေထိုင်မကောင်းဖြစ်တဲ့အခါလဲ ဘယ်သူ့ကိုမှ မပြောဖြစ်ဘူး ဘယ်သူကများ ဂရုစိုက်မယ်လို့ ထင်လို့လဲ ကျွန်မသိပါတယ် တစ်ဦးတစ်ယောက်ကမှ ကျွန်မကို ဂရုမစိုက်ဘူး နေထိုင်မကောင်းလဲ ကိုယ်ထူကိုယ်ထပဲ ဘယ်သူကမှ အရေးတယူနဲ့ ကျွန်မဘာဖြစ်နေလဲ သိချင်ပုံမရပါဘူး

ဒါပေမယ့် မလိုအပ်ပါဘူးလေ ကျွန်မမှာ ကျွန်မ တစ်ယောက်လုံးရှိပါသေးတယ် ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဂရုစိုက်တတ်လာတာပါ ကျွန်မမှားသွားတဲ့အခါ ဘယ်သူ့ဆီကမှ လမ်းပြမှုတွေ မလိုအပ်တော့ဘူး အမှားသေးသေးလေးကို ပုံကြီးချဲ့ဖို့ပဲ ရပ်နေကြတာလေ အမှန်ပြင်ပေးဖို့ လမ်းပြပေးဖို့ ဘယ်သူကမှ သတိမရကြဘူး

အဲ့ဒီအမှားကိုပဲ ထပ်ပြီး ထိုးနှက်ချင်ကြတာတွေပဲ များတယ်လေ ဒီလိုနဲ့ ကျွန်မ အရင်ကထက်ပိုပြီး ဆင်ခြင်တတ်လာတာပါ အများကြီး မျှော်လင့်ထားပြီးမှ ဖြစ်မလာတာတွေက ပိုပြီး ရင်နာဖို့ကောင်းမှန်း တဖြေးဖြေးနားလည်သဘောပေါက်လာခဲ့ပါတယ် ဘာကိုမှ မမျှော်လင့်မိအောင်နေတယ် မျှော်လင့်ချက်နည်းသထက် နည်းအောင်လဲ နေပါတယ်

ကျွန်မ ဘေးမှာ ကျွန်မ တစ်ယောက်လုံးရှိနေသေးတာပဲ ကိုယ့်ခြေ ကိုယ့်လက်တွေလဲ အကောင်းအတိုင်းရှိနေသေးတာပဲ ကျွန်မ တစ်ယောက်တည်းလည်း အဆင်ပြေအောင်နေတတ်ပါတယ် မကြင်နာချင်နေပါတော့ မနာကျင်စေရုံသက်သက်နဲ့တင် ကျေးဇူးတင်နေမှာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ အဆင္မေျပပါဘူးလို႔ ဘယ္သူ႔ကိုမွ မေျပာျပျဖစ္ေတာ့ဘူး ေျပာျပလဲ ဘယ္သူမွ စာနာမွာမဟုတ္ဘူးေလ ဒီလိုပဲ မ်က္ႏွာလြဲသြားၾကမွာ ေနာက္ဆုံး ကြၽန္မပဲ ဘာမွ မေကာင္းခဲ့သလို ပုံစံမ်ိဳးနဲ႔အျပစ္တင္ျခင္းေတြပဲ ရလာမွာေလ

ဘယ္သူကမ်ား ေဖးမလိမ့္မယ္လို႔ ထင္လို႔လဲတစ္စုံတစ္ေယာက္ေလာက္ပဲ စာနာအားေပးတတ္ရင္ ကြၽန္မအတြက္ ေတာ္ေတာ္ေလး ကံေကာင္းေနပါၿပီ ။ဒီလိုအေၾကာင္းျပခ်က္ေတြေၾကာင့္ အဆင္​မေျပလဲ အဆင္ေျပသလိုပုံစံေလးနဲ႔ ကြၽန္မ ၿပဳံးၿပဳံးေလးေနထိုင္တတ္လာခဲ့တာ

ကြၽန္မ ေနထိုင္မေကာင္းျဖစ္တဲ့အခါလဲ ဘယ္သူ႔ကိုမွ မေျပာျဖစ္ဘူး ဘယ္သူကမ်ား ဂ႐ုစိုက္မယ္လို႔ ထင္လို႔လဲ ကြၽန္မသိပါတယ္ တစ္ဦးတစ္ေယာက္ကမွ ကြၽန္မကို ဂ႐ုမစိုက္ဘူး ေနထိုင္မေကာင္းလဲ ကိုယ္ထူကိုယ္ထပဲ ဘယ္သူကမွ အေရးတယူနဲ႔ ကြၽန္မဘာျဖစ္ေနလဲ သိခ်င္ပုံမရပါဘူး

ဒါေပမယ့္ မလိုအပ္ပါဘူးေလ ကြၽန္မမွာ ကြၽန္မ တစ္ေယာက္လုံးရွိပါေသးတယ္ ဒီလိုနဲ႔ပဲ ကိုယ့္ကိုယ္ကိုယ္ ပိုၿပီး ဂ႐ုစိုက္တတ္လာတာပါ ကြၽန္မမွားသြားတဲ့အခါ ဘယ္သူ႔ဆီကမွ လမ္းျပမႈေတြ မလိုအပ္ေတာ့ဘူး အမွားေသးေသးေလးကို ပုံႀကီးခ်ဲ႕ဖို႔ပဲ ရပ္ေနၾကတာေလ အမွန္ျပင္ေပးဖို႔ လမ္းျပေပးဖို႔ ဘယ္သူကမွ သတိမရၾကဘူး

အဲ့ဒီအမွားကိုပဲ ထပ္ၿပီး ထိုးႏွက္ခ်င္ၾကတာေတြပဲ မ်ားတယ္ေလ ဒီလိုနဲ႔ ကြၽန္မ အရင္ကထက္ပိုၿပီး ဆင္ျခင္တတ္လာတာပါ အမ်ားႀကီး ေမွ်ာ္လင့္ထားၿပီးမွ ျဖစ္မလာတာေတြက ပိုၿပီး ရင္နာဖို႔ေကာင္းမွန္း တေျဖးေျဖးနားလည္သေဘာေပါက္လာခဲ့ပါတယ္ ဘာကိုမွ မေမွ်ာ္လင့္မိေအာင္ေနတယ္ ေမွ်ာ္လင့္ခ်က္နည္းသထက္ နည္းေအာင္လဲ ေနပါတယ္

ကြၽန္မ ေဘးမွာ ကြၽန္မ တစ္ေယာက္လုံးရွိေနေသးတာပဲ ကိုယ့္ေျခ ကိုယ့္လက္ေတြလဲ အေကာင္းအတိုင္းရွိေနေသးတာပဲ ကြၽန္မ တစ္ေယာက္တည္းလည္း အဆင္ေျပေအာင္ေနတတ္ပါတယ္ မၾကင္နာခ်င္ေနပါေတာ့ မနာက်င္ေစ႐ုံသက္သက္နဲ႔တင္ ေက်းဇူးတင္ေနမွာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း