သူသာတကယ်ချစ်ရင် . . .

သူသာတကယ်ချစ်ရင် . . .

သူသာတကယ်ချစ်ရင်လို့တွေးလိုက်မိရင် ကျွန်မ ရင်တွေနာရပါတယ် ။ သူတကယ်မချစ်ခဲ့ပါလားဆိုတာကို လက်သင့်ခံနိုင်လောက်တဲ့အထိ နှလုံးသားမမာခဲ့တာပေါ့ တကယ်လို့ သူသာ တကယ်ချစ်ရင် ကျွန်မ မျက်ရည်တွေ ကျလာစရာတောင် မလိုဘူးလေ ။ ဖြစ်နိုင်ရင် . . .ကိုယ့်ကို မချစ်လို့နာကျင်စေခဲ့တဲ့သူကို ကိုယ့်ဘက်ကလဲ မာနတွေထားပြီး မေ့ပစ်ချင်တယ် ။

သူသာ တကယ်ချစ်ရင် . . .ကိုယ့်ကို ပျော်အောင်မထားနိုင်ခဲ့ရင်တောင် မျက်ရည်တွေ ကျစေမှာမဟုတ်ဘူးလေ ။ အဆင်မပြေဘူးဆိုရင် အဆင်မပြေတဲ့အကြောင်းတွေ ပြောပြီး အဆင်ပြေအောင် တိုင်ပင်ဆွေးနေလာမှာပေါ့

သူသာ တကယ်ချစ်ရင် . . .ဘယ်လောက်အလုပ်များများ ကိုယ့်ကို တစ်ချက်မဟုတ် တစ်ချက်တော့ သတိတရရှိမှာပါ ။ အလုပ်မအားလို့ဆိုတဲ့အကြောင်းပြချက်ကတော့ တကယ်တော့ မပြည့်စုံပါဘူး ဘာလုပ်နေလို့မအားတာပါဆိုတဲ့ အကြောင်းတစ်စုံတစ်ရာတော့ သူ သတိတရနဲ့ပြောဖို့အားကောင်းပါတယ် ။ သူသာတကယ်ချစ်ရင် . . ကျွန်မက မျှော်နေတယ်ဆိုတာမှန်း ကောင်းကောင်းသဘောပေါက်မှာပါ ။

သူသာ . . .တကယ်ချစ်ရင် ဆိုတဲ့ အတွေးတွေကို ကျွန်မ ဆက်ပြီး မတွေးချင်တော့ဘူး ။ပိုပြီးတွေးလေလေ . . .သူက ကျွန်မကို မချစ်မှန်း ပိုပြီးသိလာလာလေလေမို့ကျွန်မ ဆက်ပြီး မတွေးချင်တော့ဘူး ။ ကျွန်မက ပွင့်လင်းတတ်တဲ့ကောင်မလေးတစ်ယောက်ပါ မလျှို့ဝှက်တတ်ဘူး မလိမ်ညာတတ်ဘူး ဒါတွေကြောင့် ကျွန်မက နားလည်ရခက်တဲ့ လူတစ်ယောက်တော့ မဟုတ်ဘူးလေ ။

ညဘယ်လောက်နက်နက် သူမဆက်ရင် မျှော်နေတတ်မယ်ဆိုတာ သူသိဖို့ကောင်းတယ် ။ ဘယ်လို အကြောင်းအရာပဲဖြစ်ဖြစ် သူနဲ့ပတ်သက်ရင် ကျွန်မ . . . သိချင်တယ်ဆိုတာ သိဖို့ကောင်းတယ် ။ ကျွန်မက ချစ်ပဲ ချစ်တတ်တာပါ . . မရစ်တတ်ဘူး ပြီးရင် မာယာတွေ မသုံးတတ်ဘူး ဒါပေမယ့် ကျွန်မမှာ ဆုံးရှုံးရမှာကိုတော့ ကြောက်တဲ့ စိတ်လေးရှိတယ် ။ ဒါတွေက မိန်းကလေးတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေပဲ မဟုတ်ဘူးလား ကျွန်မမှ ထူးခြားပြီး အရာရာကို လိုက်ပြီး သိချင်နေတာမျိုးမဟုတ်ပါဘူး ။

သူသာ . . . တကယ်ချစ်ရင် ဒါတွေ နားလည်နိုင်မှာပါ …..သူသာ ကျွန်မကို တကယ်ချစ်ရင်ပေါ့ ။

သျှင်ယွန်း

သူသာတကယ္ခ်စ္ရင္ . . .

သူသာတကယ္ခ်စ္ရင္လို႔ေတြးလိုက္မိရင္ ကြၽန္မ ရင္ေတြနာရပါတယ္ ။ သူတကယ္မခ်စ္ခဲ့ပါလားဆိုတာကို လက္သင့္ခံႏိုင္ေလာက္တဲ့အထိ ႏွလုံးသားမမာခဲ့တာေပါ့ တကယ္လို႔ သူသာ တကယ္ခ်စ္ရင္ ကြၽန္မ မ်က္ရည္ေတြ က်လာစရာေတာင္ မလိုဘူးေလ ။ ျဖစ္ႏိုင္ရင္ . . .ကိုယ့္ကို မခ်စ္လို႔နာက်င္ေစခဲ့တဲ့သူကို ကိုယ့္ဘက္ကလဲ မာနေတြထားၿပီး ေမ့ပစ္ခ်င္တယ္ ။

သူသာ တကယ္ခ်စ္ရင္ . . .ကိုယ့္ကို ေပ်ာ္ေအာင္မထားႏိုင္ခဲ့ရင္ေတာင္ မ်က္ရည္ေတြ က်ေစမွာမဟုတ္ဘူးေလ ။ အဆင္မေျပဘူးဆိုရင္ အဆင္မေျပတဲ့အေၾကာင္းေတြ ေျပာၿပီး အဆင္ေျပေအာင္ တိုင္ပင္ေဆြးေနလာမွာေပါ့

သူသာ တကယ္ခ်စ္ရင္ . . .ဘယ္ေလာက္အလုပ္မ်ားမ်ား ကိုယ့္ကို တစ္ခ်က္မဟုတ္ တစ္ခ်က္ေတာ့ သတိတရရွိမွာပါ ။ အလုပ္မအားလို႔ဆိုတဲ့အေၾကာင္းျပခ်က္ကေတာ့ တကယ္ေတာ့ မျပည့္စုံပါဘူး ဘာလုပ္ေနလို႔မအားတာပါဆိုတဲ့ အေၾကာင္းတစ္စုံတစ္ရာေတာ့ သူ သတိတရနဲ႔ေျပာဖို႔အားေကာင္းပါတယ္ ။ သူသာတကယ္ခ်စ္ရင္ . . ကြၽန္မက ေမွ်ာ္ေနတယ္ဆိုတာမွန္း ေကာင္းေကာင္းသေဘာေပါက္မွာပါ ။

သူသာ . . .တကယ္ခ်စ္ရင္ ဆိုတဲ့ အေတြးေတြကို ကြၽန္မ ဆက္ၿပီး မေတြးခ်င္ေတာ့ဘူး ။ပိုၿပီးေတြးေလေလ . . .သူက ကြၽန္မကို မခ်စ္မွန္း ပိုၿပီးသိလာလာေလေလမို႔ကြၽန္မ ဆက္ၿပီး မေတြးခ်င္ေတာ့ဘူး ။ ကြၽန္မက ပြင့္လင္းတတ္တဲ့ေကာင္မေလးတစ္ေယာက္ပါ မလွ်ိဳ႕ဝွက္တတ္ဘူး မလိမ္ညာတတ္ဘူး ဒါေတြေၾကာင့္ ကြၽန္မက နားလည္ရခက္တဲ့ လူတစ္ေယာက္ေတာ့ မဟုတ္ဘူးေလ ။

ညဘယ္ေလာက္နက္နက္ သူမဆက္ရင္ ေမွ်ာ္ေနတတ္မယ္ဆိုတာ သူသိဖို႔ေကာင္းတယ္ ။ ဘယ္လို အေၾကာင္းအရာပဲျဖစ္ျဖစ္ သူနဲ႔ပတ္သက္ရင္ ကြၽန္မ . . . သိခ်င္တယ္ဆိုတာ သိဖို႔ေကာင္းတယ္ ။ ကြၽန္မက ခ်စ္ပဲ ခ်စ္တတ္တာပါ . . မရစ္တတ္ဘူး ၿပီးရင္ မာယာေတြ မသုံးတတ္ဘူး ဒါေပမယ့္ ကြၽန္မမွာ ဆုံးရႈံးရမွာကိုေတာ့ ေၾကာက္တဲ့ စိတ္ေလးရွိတယ္ ။ ဒါေတြက မိန္းကေလးတိုင္း ျဖစ္ေလ့ျဖစ္ထရွိတဲ့ အရာေတြပဲ မဟုတ္ဘူးလား ကြၽန္မမွ ထူးျခားၿပီး အရာရာကို လိုက္ၿပီး သိခ်င္ေနတာမ်ိဳးမဟုတ္ပါဘူး ။

သူသာ . . . တကယ္ခ်စ္ရင္ ဒါေတြ နားလည္ႏိုင္မွာပါ …..သူသာ ကြၽန္မကို တကယ္ခ်စ္ရင္ေပါ့ ။

သွ်င္ယြန္း