တချို့လူတွေ ကိုယ့်အနားရှိနေတယ်ဆိုတာ သူတို့လိုတာရှိတုန်းခဏပါပဲ

တချို့လူတွေ ကိုယ့်အနားရှိနေတယ်ဆိုတာ သူတို့လိုတာရှိတုန်းခဏပါပဲ ။

ကိုယ့်ဘေးနားလာရပ်ရုံနဲ့ ဒီလူတော့ ကိုယ့်ဘေးနားက တစ်သက်လုံးထွက်မသွားတော့ဘူးလို့ ထင်နေတတ်တဲ့ ကလေးအတွေးတွေကို ဖျောက်လိုက်တော့ တချို့လူတွေ ကိုယ့်အနားရှိနေတယ်ဆိုတာ သူတို့လိုချင်တဲ့အရာတွေ ကိုယ်မှာ ရှိနေသေးလို့ပါ ။

လိုချင်တာတွေရသွားပြီးတဲ့အခါ … လှည့်ထွက်သွားကြလိမ့်မယ် နှုတ်တောင် မဆက်ပဲနဲ့ပေါ့ ။ ဒါမှမဟုတ် သူတို့လိုချင်တဲ့အရာ မရနိုင်မှန်းသိသွားတဲ့အခါ ရန်သူတွေသဖွယ် ဆက်ဆံကြလိမ့်မယ် ဒါဟာ … ပြောင်းလဲခြင်းတစ်မျိုးပါပဲ ကိုယ်ဘက်က အများကြီး မတွယ်တာပဲ ခံနိုင်ရည် ရှိစေချင်တယ် ။

ကိုယ့်အတွေးနဲ့ ကိုယ်ဆိုရင်တော့ သူက ငါ့ကိုလိုအပ်နေတာပဲဆိုတာမျိုး တွေးပြီး ရှိဖို့ပဲ ရွေးဖြစ်မယ်လို့ပဲထင်ပါတယ် ။ တကယ်တော့ လိုအပ်နေခဲ့တာမဟုတ််ပဲ ကိုယ့်ကို လိုချင်နေရုံဆိုရင်တော့ အတတ်နိုင််ဆုံး မတွယ်တာအောင် နေလိုက်တာဟာ ဒဏ်ရာအကင်းဆုံးပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တခ်ိဳ႕လူေတြ ကိုယ့္အနားရွိေနတယ္ဆိုတာ သူတို႔လိုတာရွိတုန္းခဏပါပဲ ။

ကိုယ့္ေဘးနားလာရပ္႐ုံနဲ႔ ဒီလူေတာ့ ကိုယ့္ေဘးနားက တစ္သက္လုံးထြက္မသြားေတာ့ဘူးလို႔ ထင္ေနတတ္တဲ့ ကေလးအေတြးေတြကို ေဖ်ာက္လိုက္ေတာ့ တခ်ိဳ႕လူေတြ ကိုယ့္အနားရွိေနတယ္ဆိုတာ သူတို႔လိုခ်င္တဲ့အရာေတြ ကိုယ္မွာ ရွိေနေသးလို႔ပါ ။

လိုခ်င္တာေတြရသြားၿပီးတဲ့အခါ … လွည့္ထြက္သြားၾကလိမ့္မယ္ ႏႈတ္ေတာင္ မဆက္ပဲနဲ႔ေပါ့ ။ ဒါမွမဟုတ္ သူတို႔လိုခ်င္တဲ့အရာ မရႏိုင္မွန္းသိသြားတဲ့အခါ ရန္သူေတြသဖြယ္ ဆက္ဆံၾကလိမ့္မယ္ ဒါဟာ … ေျပာင္းလဲျခင္းတစ္မ်ိဳးပါပဲ ကိုယ္ဘက္က အမ်ားႀကီး မတြယ္တာပဲ ခံႏိုင္ရည္ ရွိေစခ်င္တယ္ ။

ကိုယ့္အေတြးနဲ႔ ကိုယ္ဆိုရင္ေတာ့ သူက ငါ့ကိုလိုအပ္ေနတာပဲဆိုတာမ်ိဳး ေတြးၿပီး ရွိဖို႔ပဲ ေ႐ြးျဖစ္မယ္လို႔ပဲထင္ပါတယ္ ။ တကယ္ေတာ့ လိုအပ္ေနခဲ့တာမဟုတ္္ပဲ ကိုယ့္ကို လိုခ်င္ေန႐ုံဆိုရင္ေတာ့ အတတ္ႏိုင္္ဆုံး မတြယ္တာေအာင္ ေနလိုက္တာဟာ ဒဏ္ရာအကင္းဆုံးပဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း