မိန်းကလေးတစ်ယောက်ရဲ့ တတိယမျက်လုံးဆိုတာ

မိန်းကလေးတစ်ယောက်ရဲ့ တတိယမျက်လုံးဆိုတာ တကယ်ရှိပါတယ် ယုံချင်မှ ယုံပေါ့ . . . . .

စာတစ်ကြောင်းပို့လာတဲ့အခါ အဲ့ဒီစာကိုဖတ်ရင်း သူ့မျက်နှာကို ပုံဖော်နိုင်ကြတယ် စကားလုံးတစ်လုံးကို နားထောင်လိုက်ရုံနဲ့ နောက်ကွယ်မှာ လိမ်ညာထားတာရှိလား မရှိလားတကယ်သိတယ် တချို့မိန်းကလေးတွေဆို ပိုလို့တောင် ထူးဆန်းသေးတယ် အိပ်မက်ထဲမှာ ဘယ်သူနဲ့ ဘယ်ဝါနဲ့ အတူတူရှိနေတယ်ဆိုပြီး အိပ်မက်တွေ မက်လေ့မက်ထရှိကြတယ်

လက်တွေ့နဲ့ အိပ်မက် တစ်ထပ်တည်းကျနေပြန်ရော ခြေလှမ်းပျက်လာတာကအစ စာတစ်လုံးပို့တာအဆုံး အများကြီး စဥ်းစားတွေးခေါ်စရာမလိုပဲ အလိုလို ရိပ်မိနေတတ်တာမျိုးပေါ့မိန်းကလေးတွေရဲ့ တတိယမျက်လုံးဆိုတာ သာမန်အားဖြင့်ကြည့်ရင် အလကားနေရင်းစိုးရိမ်ပူပန်နေတာပါလို့ ထင်ကောင်းထင်နိုင်ပါတယ်

ဒါပေမယ့် . . . အဲ့ဒီစိုးရိမ်ပူပန်နေမှုအတိုင်း တစ်သွေမတိမ်းဖြစ်လာတတ်ကြတာ များတယ်လေ ဥပမာ – အပြင်သွားတာကို မကြိုက်ဘူးနော်လို့ သတိပေးစကားဆိုတတ်တဲ့ကောင်မလေးတစ်ယောက်က သူမသိအောင် မင်းအပြင်သွားတဲ့အခါ ဖုန်းခဏခဏဆက်နေလိမ့်မယ် အပြင်ရောက်နေတာမသိပဲ သာမန်သတိရစိတ်လေးနဲ့ပဲ ဆက်တာပါ ဒါပေမယ့် တိုက်ဆိုင်စွာနဲ့ပေါ့

ညသန်းခေါင်ကြီး အိပ်မက်ဆိုးတွေမက်နေလို့ဆိုပြီး ဖုန်းဆက်တတ်တဲ့ကောင်မလေးတစ်ယောက်ပေါ့ သူ့အိပ်မက်ထဲမှာ တခြားတစ်ယောက်နဲ့ ရှိနေတဲ့အကြောင်းပြောပြတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် တကယ်ဖြစ်နေတာမျိုးပေါ့

မိန်းကလေးဆိုတာမျိုးက လိမ်နေမှန်းသာမန်ထက်ပိုပြီးသိတတ်ပါတယ် သိပ်ချစ်လွန်းလို့သာ အချင်ယောင်ဆောင်နေကြတာ အရာရာကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်အတွက်တော့

တတိယမျက်လုံးဆိုတာ အလိုလိုနေရင်း ရလာတတ်တာမျိုးပါ ကိုယ်ကိုယ်တိုင်လဲ သေချာဆန်းစစ်ကြည့်ပါ ကိုယ့်မှာ တတိယမျက်လုံးရှိမရှိပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မိန္းကေလးတစ္ေယာက္ရဲ႕ တတိယမ်က္လုံးဆိုတာ တကယ္ရွိပါတယ္ ယုံခ်င္မွ ယုံေပါ့ . . . . .

စာတစ္ေၾကာင္းပို႔လာတဲ့အခါ အဲ့ဒီစာကိုဖတ္ရင္း သူ႔မ်က္ႏွာကို ပုံေဖာ္ႏိုင္ၾကတယ္ စကားလုံးတစ္လုံးကို နားေထာင္လိုက္႐ုံနဲ႔ ေနာက္ကြယ္မွာ လိမ္ညာထားတာရွိလား မရွိလားတကယ္သိတယ္ တခ်ိဳ႕မိန္းကေလးေတြဆို ပိုလို႔ေတာင္ ထူးဆန္းေသးတယ္ အိပ္မက္ထဲမွာ ဘယ္သူနဲ႔ ဘယ္ဝါနဲ႔ အတူတူရွိေနတယ္ဆိုၿပီး အိပ္မက္ေတြ မက္ေလ့မက္ထရွိၾကတယ္

လက္ေတြ႕နဲ႔ အိပ္မက္ တစ္ထပ္တည္းက်ေနျပန္ေရာ ေျခလွမ္းပ်က္လာတာကအစ စာတစ္လုံးပို႔တာအဆုံး အမ်ားႀကီး စဥ္းစားေတြးေခၚစရာမလိုပဲ အလိုလို ရိပ္မိေနတတ္တာမ်ိဳးေပါ့မိန္းကေလးေတြရဲ႕ တတိယမ်က္လုံးဆိုတာ သာမန္အားျဖင့္ၾကည့္ရင္ အလကားေနရင္းစိုးရိမ္ပူပန္ေနတာပါလို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္

ဒါေပမယ့္ . . . အဲ့ဒီစိုးရိမ္ပူပန္ေနမႈအတိုင္း တစ္ေသြမတိမ္းျဖစ္လာတတ္ၾကတာ မ်ားတယ္ေလ ဥပမာ – အျပင္သြားတာကို မႀကိဳက္ဘူးေနာ္လို႔ သတိေပးစကားဆိုတတ္တဲ့ေကာင္မေလးတစ္ေယာက္က သူမသိေအာင္ မင္းအျပင္သြားတဲ့အခါ ဖုန္းခဏခဏဆက္ေနလိမ့္မယ္ အျပင္ေရာက္ေနတာမသိပဲ သာမန္သတိရစိတ္ေလးနဲ႔ပဲ ဆက္တာပါ ဒါေပမယ့္ တိုက္ဆိုင္စြာနဲ႔ေပါ့

ညသန္းေခါင္ႀကီး အိပ္မက္ဆိုးေတြမက္ေနလို႔ဆိုၿပီး ဖုန္းဆက္တတ္တဲ့ေကာင္မေလးတစ္ေယာက္ေပါ့ သူ႔အိပ္မက္ထဲမွာ တျခားတစ္ေယာက္နဲ႔ ရွိေနတဲ့အေၾကာင္းေျပာျပတဲ့အခါ တိုက္တိုက္ဆိုင္ဆိုင္ တကယ္ျဖစ္ေနတာမ်ိဳးေပါ့

မိန္းကေလးဆိုတာမ်ိဳးက လိမ္ေနမွန္းသာမန္ထက္ပိုၿပီးသိတတ္ပါတယ္ သိပ္ခ်စ္လြန္းလို႔သာ အခ်င္ေယာင္ေဆာင္ေနၾကတာ အရာရာကို အရိပ္တၾကည့္ၾကည့္နဲ႔ ခ်စ္တတ္တဲ့ မိန္းကေလးတစ္ေယာက္အတြက္ေတာ့

တတိယမ်က္လုံးဆိုတာ အလိုလိုေနရင္း ရလာတတ္တာမ်ိဳးပါ ကိုယ္ကိုယ္တိုင္လဲ ေသခ်ာဆန္းစစ္ၾကည့္ပါ ကိုယ့္မွာ တတိယမ်က္လုံးရွိမရွိေပါ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း