အမပီသတဲ့လူကို စော်ကားရင် အမိကို စော်ကားသလိုပဲဆိုတာ မမေ့ပါနဲ့

အမကြီးဆိုတာ အမေပြီးတဲ့နောက် ပထမဆုံးခို၀င်ရတဲ့ ရင်ခွင်တစ်ခုဆိုလဲ မမှားပါဘူး ဒုတိယမြောက် မိခင်လို့ ခေါင်းစဥ်တပ်လို့တောင် ရပါတယ်

အကြိမ်ကြိမ် ချော့သိပ်ခဲ့ဖူးတဲ့ လက်တစ်စုံကို သူပိုင်တယ် ။အနစ်နာခံတတ်တဲ့ နူးညံ့တဲ့ နှလုံးသားတစ်စုံ သူပိုင်တယ် ။အငယ်တွေအတွက်ဆိုပြီး ဦးစားပေးတတ်တဲ့ ကြင်နာမှုလေး သူပိုင်တယ် ။

အငယ်တွေအကြောင်းကို မိဘတွေပြီးရင် နားအလည်နိုင်ဆုံးသူဟာ အမကြီးပါအငယ်တွေ ဆိုးသမျှကို ခေါင်းခံရတဲ့သူဟာ အမကြီးပါ အမကြီးဆိုတာ သူရဲ့ဖြစ်တည်မှုထပ် အငယ်တွေရဲ့ရပ်တည်မှုကို အရင် ဦးစားပေးတွေးရတဲ့သူပါ

လိုအပ်လာတဲ့အခါ မိဘတွေ တန်းတူ မိဘတွေနဲ့အတူ ရုန်းကန်နေကြတဲ့သူတွေဟာလဲ အမကြီးတွေပါ ။အမကြီးက အမကြီး ပီသရင် ပီသသလို အမိ ဖြစ်လာပါတယ် အငယ်တွေအတွက် တိုင်ပင်ဖော် တိုင်ပင်ဖက် နွေးထွေးလုံခြုံတဲ့ ခိုလှုံရာ ဖြစ်လာတတ်တယ်

တချို့ဆို အငယ်တွေအတွက် ငဲ့ရင်း ငဲ့ရင်း အပျိုကြီး ဖြစ်နေတတ်တာကိုတောင် တွေ့ရတတ်ပါတယ် အမကြီး ပီသလာတဲ့အခါ ဒုတိယ မိခင် ဖြစ်လာတတ်တယ် ဒါကြောင့် မစော်ကားပါနဲ့

အမပီသတဲ့လူကို စော်ကားရင် အမိကို စော်ကားသလိုပဲဆိုတာ မမေ့ပါနဲ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အမႀကီးဆိုတာ အေမၿပီးတဲ့ေနာက္ ပထမဆုံးခို၀င္ရတဲ့ ရင္ခြင္တစ္ခုဆိုလဲ မမွားပါဘူး ဒုတိယေျမာက္ မိခင္လို႔ ေခါင္းစဥ္တပ္လို႔ေတာင္ ရပါတယ္

အႀကိမ္ႀကိမ္ ေခ်ာ့သိပ္ခဲ့ဖူးတဲ့ လက္တစ္စုံကို သူပိုင္တယ္ ။အနစ္နာခံတတ္တဲ့ ႏူးညံ့တဲ့ ႏွလုံးသားတစ္စုံ သူပိုင္တယ္ ။အငယ္ေတြအတြက္ဆိုၿပီး ဦးစားေပးတတ္တဲ့ ၾကင္နာမႈေလး သူပိုင္တယ္ ။

အငယ္ေတြအေၾကာင္းကို မိဘေတြၿပီးရင္ နားအလည္ႏိုင္ဆုံးသူဟာ အမႀကီးပါအငယ္ေတြ ဆိုးသမွ်ကို ေခါင္းခံရတဲ့သူဟာ အမႀကီးပါ အမႀကီးဆိုတာ သူရဲ႕ျဖစ္တည္မႈထပ္ အငယ္ေတြရဲ႕ရပ္တည္မႈကို အရင္ ဦးစားေပးေတြးရတဲ့သူပါ

လိုအပ္လာတဲ့အခါ မိဘေတြ တန္းတူ မိဘေတြနဲ႔အတူ ႐ုန္းကန္ေနၾကတဲ့သူေတြဟာလဲ အမႀကီးေတြပါ ။အမႀကီးက အမႀကီး ပီသရင္ ပီသသလို အမိ ျဖစ္လာပါတယ္ အငယ္ေတြအတြက္ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္ ေႏြးေထြးလုံၿခဳံတဲ့ ခိုလႈံရာ ျဖစ္လာတတ္တယ္

တခ်ိဳ႕ဆို အငယ္ေတြအတြက္ ငဲ့ရင္း ငဲ့ရင္း အပ်ိဳႀကီး ျဖစ္ေနတတ္တာကိုေတာင္ ေတြ႕ရတတ္ပါတယ္ အမႀကီး ပီသလာတဲ့အခါ ဒုတိယ မိခင္ ျဖစ္လာတတ္တယ္ ဒါေၾကာင့္ မေစာ္ကားပါနဲ႔

အမပီသတဲ့လူကို ေစာ္ကားရင္ အမိကို ေစာ္ကားသလိုပဲဆိုတာ မေမ့ပါနဲ႔ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း