ကျွန်မကို ချစ်ရင် ဆေးလိပ်ဖြတ်ပါ….

ကျွန်မကို ချစ်ရင် ဆေးလိပ်ဖြတ်ပါ….

တစ်ခုခုတွေးနေတဲ့အခါ ဆေးလိပ်ကို ခဲပြီး ငေးနေတတ်တဲ့ ရှင့်အကျင့်လေးကို ကျွန်မသိတယ် ။ ဂိမ်းဆော့နေတဲ့ ဆေးလိပ်ပြေးပြေးရှာတတ်တဲ့ အပြုအမူလေးတွေလဲ တွေ့တယ် ။ တကယ်ဆိုရင် ဆေးလိပ်တွေ မသောက်စေချင်တော့ဘူး ။

ကျွန်မ မတွေ့ခင်ကတည်းက ဒီဆေးလိပ်တွေဟာ အဖော်ဖြစ်ခဲ့တယ်ဆိုပေမယ့် ကျွန်မ အနားနားရောက်လာတဲ့အခါ ဒါတွေကို စွန့်လွှတ်လိုက်စေချင်ပြီ ။ ကျွန်မကို ချစ်ရင်ဆိုပြီး ပြောလို့ရခဲ့မယ်ဆိုရင် ဆေးလိပ်တွေ ဖြတ်စေချင်ပြီ ။

တွေးစရာတွေများနေလို့ ဆေးလိပ်ပြေးရှာနေမယ့်အစား ကျွန်မကို ပြောပြလို့ရတဲ့ဆိုတဲ့ စိတ်လေးရှိစေချင်ပြီ ။ အရင်ကလို တစ်ယောက်တည်းလဲ မဟုတ်တော့ဘူးလေ ။ အထီးကျန်နေစရာလဲ မလိုတော့ဘူးလေ ။

မိန်းကလေးတိုင်းရဲ့စိတ်မှာ … ကိုယ့်ချစ်သူနဲ့အတူ အချိန်တွေအကြာကြီး ဖြတ်သန်းချင်တဲ့အတွေးတွေ ရှိကြတယ် ။ ကျန်းမာရေးထိခိုက်စေတာကို ရှောင်စေချင်ကြတယ် ။ ငါ့ကောင်မလေးကတော့ ငါဆေးလိပ်သောက်တာ မတားပါဘူးဆိုတာ သူ သဘောကျလို့မဟုတ်ဘူး ။ တကယ်တမ်းကျတော့ သူ ပြောမထွက်လို့ပါ ။ ချုပ်ချယ်တယ်ဆိုတဲ့အတွေးမျိုး ထိန်းချုပ်နေတယ်ဆိုတဲ့အတွေးမျိုး မ၀င်စေချင်တဲ့အတွက် နားလည်ပြီး ခွင့်ပြုထားကြတာ များတယ် ။ ဘယ်သူမဆို .. ကိုယ်ချစ်တဲ့သူကို အပြစ်အနာအဆာကင်းပြီး အသက်ရှည်ရှည်နေချင်ကြတာချည်းပဲ ။

တချို့ကောင်မလေးတွေကျတော့ ဆေးလိပ်သောက်ထားရင် အနားကို မကပ်နဲ့ဆိုပြီး မာမာထန်ထန်ပြောတတ်ကြတယ် ။ ဒါကို ငြိုငြင်တာလို့မထင်နဲ့ ။ တကယ်တမ်းကျတော ့ သူ့စိတ်ထဲမှာ တစ်ခုခုဖြစ်လာရင်ဆိုတဲ့ စေတနာကို မြင်တတ်စေချင်တယ် အပြောမတတ်တာပဲ ရှိတာပါ ။

ကျွန်မကို ချစ်ရင်ဆိုပြီးသာ ပြောပိုင်ခွင့်လေးရှိရင် … ဆေးလိပ်ဖြတ်စေချင်တယ် ။ ဆေးလိပ်ဆိုတာ ကောင်းတဲ့အရာမဟုတ်ဘူးလေ အခုမသိသာပေမယ့် နောင်တစ်ချိန် ကျွန်မတို့အတူတူရှိတဲ့အခါမှ ရောဂါတွေထဖြစ်ရင် ကျွန်မတို့အနာဂတ်တွေက ပျော်စရာတွေ ကောင်းပါဦးမလား တွေးစေချင်တယ် ။ အမုန်းခံပြီး ပြောခဲ့ဖူးလို့ ကျွန်မတို့ ပြဿနာတွေ အကြိမ်ကြိမ်တက်ရတဲ့ နေ့လေးတွေကို အမှတ်ရပါ ။ ဒီတစ်ခါ ချိုချိုသာသာလေးပြောပြမယ် ။ ကျွန်မကို ချစ်ရင် ဆေးလိပ်ဖြတ်ပေးပါ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မကို ခ်စ္ရင္ ေဆးလိပ္ျဖတ္ပါ….

တစ္ခုခုေတြးေနတဲ့အခါ ေဆးလိပ္ကို ခဲၿပီး ေငးေနတတ္တဲ့ ရွင့္အက်င့္ေလးကို ကြၽန္မသိတယ္ ။ ဂိမ္းေဆာ့ေနတဲ့ ေဆးလိပ္ေျပးေျပးရွာတတ္တဲ့ အျပဳအမူေလးေတြလဲ ေတြ႕တယ္ ။ တကယ္ဆိုရင္ ေဆးလိပ္ေတြ မေသာက္ေစခ်င္ေတာ့ဘူး ။

ကြၽန္မ မေတြ႕ခင္ကတည္းက ဒီေဆးလိပ္ေတြဟာ အေဖာ္ျဖစ္ခဲ့တယ္ဆိုေပမယ့္ ကြၽန္မ အနားနားေရာက္လာတဲ့အခါ ဒါေတြကို စြန္႔လႊတ္လိုက္ေစခ်င္ၿပီ ။ ကြၽန္မကို ခ်စ္ရင္ဆိုၿပီး ေျပာလို႔ရခဲ့မယ္ဆိုရင္ ေဆးလိပ္ေတြ ျဖတ္ေစခ်င္ၿပီ ။

ေတြးစရာေတြမ်ားေနလို႔ ေဆးလိပ္ေျပးရွာေနမယ့္အစား ကြၽန္မကို ေျပာျပလို႔ရတဲ့ဆိုတဲ့ စိတ္ေလးရွိေစခ်င္ၿပီ ။ အရင္ကလို တစ္ေယာက္တည္းလဲ မဟုတ္ေတာ့ဘူးေလ ။ အထီးက်န္ေနစရာလဲ မလိုေတာ့ဘူးေလ ။

မိန္းကေလးတိုင္းရဲ႕စိတ္မွာ … ကိုယ့္ခ်စ္သူနဲ႔အတူ အခ်ိန္ေတြအၾကာႀကီး ျဖတ္သန္းခ်င္တဲ့အေတြးေတြ ရွိၾကတယ္ ။ က်န္းမာေရးထိခိုက္ေစတာကို ေရွာင္ေစခ်င္ၾကတယ္ ။ ငါ့ေကာင္မေလးကေတာ့ ငါေဆးလိပ္ေသာက္တာ မတားပါဘူးဆိုတာ သူ သေဘာက်လို႔မဟုတ္ဘူး ။ တကယ္တမ္းက်ေတာ့ သူ ေျပာမထြက္လို႔ပါ ။ ခ်ဳပ္ခ်ယ္တယ္ဆိုတဲ့အေတြးမ်ိဳး ထိန္းခ်ဳပ္ေနတယ္ဆိုတဲ့အေတြးမ်ိဳး မ၀င္ေစခ်င္တဲ့အတြက္ နားလည္ၿပီး ခြင့္ျပဳထားၾကတာ မ်ားတယ္ ။ ဘယ္သူမဆို .. ကိုယ္ခ်စ္တဲ့သူကို အျပစ္အနာအဆာကင္းၿပီး အသက္ရွည္ရွည္ေနခ်င္ၾကတာခ်ည္းပဲ ။

တခ်ိဳ႕ေကာင္မေလးေတြက်ေတာ့ ေဆးလိပ္ေသာက္ထားရင္ အနားကို မကပ္နဲ႔ဆိုၿပီး မာမာထန္ထန္ေျပာတတ္ၾကတယ္ ။ ဒါကို ၿငိဳျငင္တာလို႔မထင္နဲ႔ ။ တကယ္တမ္းက်ေတာ ့ သူ႔စိတ္ထဲမွာ တစ္ခုခုျဖစ္လာရင္ဆိုတဲ့ ေစတနာကို ျမင္တတ္ေစခ်င္တယ္ အေျပာမတတ္တာပဲ ရွိတာပါ ။

ကြၽန္မကို ခ်စ္ရင္ဆိုၿပီးသာ ေျပာပိုင္ခြင့္ေလးရွိရင္ … ေဆးလိပ္ျဖတ္ေစခ်င္တယ္ ။ ေဆးလိပ္ဆိုတာ ေကာင္းတဲ့အရာမဟုတ္ဘူးေလ အခုမသိသာေပမယ့္ ေနာင္တစ္ခ်ိန္ ကြၽန္မတို႔အတူတူရွိတဲ့အခါမွ ေရာဂါေတြထျဖစ္ရင္ ကြၽန္မတို႔အနာဂတ္ေတြက ေပ်ာ္စရာေတြ ေကာင္းပါဦးမလား ေတြးေစခ်င္တယ္ ။ အမုန္းခံၿပီး ေျပာခဲ့ဖူးလို႔ ကြၽန္မတို႔ ျပႆနာေတြ အႀကိမ္ႀကိမ္တက္ရတဲ့ ေန႔ေလးေတြကို အမွတ္ရပါ ။ ဒီတစ္ခါ ခ်ိဳခ်ိဳသာသာေလးေျပာျပမယ္ ။ ကြၽန္မကို ခ်စ္ရင္ ေဆးလိပ္ျဖတ္ေပးပါ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း