သိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက် ပြတ်သားသွားတဲ့အခါ

သိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက် ပြတ်သားသွားတဲ့အခါ သာမန်ထက်ပိုပြီးသာတတ်ပါတယ်

ချစ်နေတဲ့အခါမှာ ဘာကြီးပဲဖြစ်နေဖြစ်နေ မျက်လုံးစုံမှိတ်ပြီး ချစ်ပစ်လိုက်ဖို့၀န်မလေးဘူးဘယ်လိုအမှားပဲဖြစ်နေပါစေ ခွင့်လွှတ်ဖို့လဲ ၀န်မလေးတတ်ကြဘူး အနာကျင်ခံပြီး ဆက်ပြီး ဆွဲထားချင်ကြသေးတာလေ မနေချင်မှန်းသိသိရဲ့နဲ့ပေါ့ မာနတွေ မရှိတော့သလောက် ခွဲမသွားဖို့ ထားမသွားဖို့ အတွင်တွင် တောင်းပန်တတ်ကြတယ်

ဒီလို မိန်းကလေးတစ်ယောက်ကို တစ်ချက်လေးပဲ ဖြစ်ဖြစ် ပြန်ပြီးငဲ့ကြည့်ပေးပါ ဒါမှမဟုတ် ပြန်ပြီးစာနာပေးပါ အချိန်လွန်သွားတဲ့အခါမှ နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ ပြန်ပြီး တမ်းတနေရတာမျိုး မဖြစ်စေချင်ဘူး သာမန်ထက်ပိုပြီး ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်မှာလဲ သည်းခံနိုင်မှုဆိုတာ အတိုင်းအတာတစ်ခုအထိပဲ ရှိပါတယ်

ခဏခဏ လျစ်လျူရှုခံရတဲ့အခါ ဘယ်သူကများ ခံနိုင်ရည်ရှိပါ့မလဲ နေသားကျလာပြီလို့ ဘယ်လောက်ပဲ ပြောပြောပါ ဒဏ်ရာပေါ် ဒဏ်ရာဆင့်တဲ့အခါ ပိုပြီး နာကျင်လာရတတ်ပါတယ် တဖြေးဖြေးနဲ့ စိတ်ဒဏ်ရာအဖြစ် ကနေ စိတ်နာတာတွေအထိ ပြောင်းသွားတတ်ကြတယ်

ဒီလို သိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက် စိတ်နာသွားတဲ့အခါ ဘာနဲ့မှ မတူအောင် ပြောင်းလဲသွားတတ်ကြတယ် အရင်က ခွင့်လွှတ်ဖို့ ၀န်မလေးတဲ့ လူက အခုဆို မျက်နှာမမြင်ချင်တော့လောက်အောင် ဖြစ်သွားတတ်တယ် မာနတွေ မရှိတော့တဲ့အထိ ဆွဲထားတတ်တဲ့လက်တွေက သိသိသာသာလွှတ်ချတတ်လာတယ်

စိတ်ပူလို့ပါဆိုပြီး ဖုန်းတဂွမ်ဂွမ်မဆက်တော့ဘူး မဆက်လို့လဲ ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ပုံစံမျိုးထိ ဖြစ်လာတတ်တယ် အေးစက်သွားတယ်ဆိုတာပိုပြီး မာကျောသွားတယ်လို့ပြောရင် ပိုပြီး မှန်လိမ့်မယ်ထင်တယ် မာနတွေဘယ်လိုပဲချချ မျက်ရည်တွေဘယ်လောက်ပဲကျကျ ပြန်ပြီးလှည့်မကြည့်တတ်တော့အထိ ရက်စက်တတ်သွားကြတယ်

ဒါ ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး သိပ်ချစ်တတ်တဲ့လူတစ်ယောက်ကို ဂရုမစိုက် လျစ်လျူရှုတတ်ခြင်းရဲ့ အကျိုးရလာဒ်သက်သက်ပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သိပ္ခ်စ္တတ္တဲ့ မိန္းကေလးတစ္ေယာက္ ျပတ္သားသြားတဲ့အခါ သာမန္ထက္ပိုၿပီးသာတတ္ပါတယ္

ခ်စ္ေနတဲ့အခါမွာ ဘာႀကီးပဲျဖစ္ေနျဖစ္ေန မ်က္လုံးစုံမွိတ္ၿပီး ခ်စ္ပစ္လိုက္ဖို႔၀န္မေလးဘူးဘယ္လိုအမွားပဲျဖစ္ေနပါေစ ခြင့္လႊတ္ဖို႔လဲ ၀န္မေလးတတ္ၾကဘူး အနာက်င္ခံၿပီး ဆက္ၿပီး ဆြဲထားခ်င္ၾကေသးတာေလ မေနခ်င္မွန္းသိသိရဲ႕နဲ႔ေပါ့ မာနေတြ မရွိေတာ့သေလာက္ ခြဲမသြားဖို႔ ထားမသြားဖို႔ အတြင္တြင္ ေတာင္းပန္တတ္ၾကတယ္

ဒီလို မိန္းကေလးတစ္ေယာက္ကို တစ္ခ်က္ေလးပဲ ျဖစ္ျဖစ္ ျပန္ၿပီးငဲ့ၾကည့္ေပးပါ ဒါမွမဟုတ္ ျပန္ၿပီးစာနာေပးပါ အခ်ိန္လြန္သြားတဲ့အခါမွ ေနာင္တေတြ တစ္ေပြ႕တစ္ပိုက္နဲ႔ ျပန္ၿပီး တမ္းတေနရတာမ်ိဳး မျဖစ္ေစခ်င္ဘူး သာမန္ထက္ပိုၿပီး ခ်စ္တတ္တဲ့ မိန္းကေလးတစ္ေယာက္မွာလဲ သည္းခံႏိုင္မႈဆိုတာ အတိုင္းအတာတစ္ခုအထိပဲ ရွိပါတယ္

ခဏခဏ လ်စ္လ်ဴရႈခံရတဲ့အခါ ဘယ္သူကမ်ား ခံႏိုင္ရည္ရွိပါ့မလဲ ေနသားက်လာၿပီလို႔ ဘယ္ေလာက္ပဲ ေျပာေျပာပါ ဒဏ္ရာေပၚ ဒဏ္ရာဆင့္တဲ့အခါ ပိုၿပီး နာက်င္လာရတတ္ပါတယ္ တေျဖးေျဖးနဲ႔ စိတ္ဒဏ္ရာအျဖစ္ ကေန စိတ္နာတာေတြအထိ ေျပာင္းသြားတတ္ၾကတယ္

ဒီလို သိပ္ခ်စ္တတ္တဲ့ မိန္းကေလးတစ္ေယာက္ စိတ္နာသြားတဲ့အခါ ဘာနဲ႔မွ မတူေအာင္ ေျပာင္းလဲသြားတတ္ၾကတယ္ အရင္က ခြင့္လႊတ္ဖို႔ ၀န္မေလးတဲ့ လူက အခုဆို မ်က္ႏွာမျမင္ခ်င္ေတာ့ေလာက္ေအာင္ ျဖစ္သြားတတ္တယ္ မာနေတြ မရွိေတာ့တဲ့အထိ ဆြဲထားတတ္တဲ့လက္ေတြက သိသိသာသာလႊတ္ခ်တတ္လာတယ္

စိတ္ပူလို႔ပါဆိုၿပီး ဖုန္းတဂြမ္ဂြမ္မဆက္ေတာ့ဘူး မဆက္လို႔လဲ ဘာမွ မျဖစ္ေတာ့ဘူးဆိုတဲ့ပုံစံမ်ိဳးထိ ျဖစ္လာတတ္တယ္ ေအးစက္သြားတယ္ဆိုတာပိုၿပီး မာေက်ာသြားတယ္လို႔ေျပာရင္ ပိုၿပီး မွန္လိမ့္မယ္ထင္တယ္ မာနေတြဘယ္လိုပဲခ်ခ် မ်က္ရည္ေတြဘယ္ေလာက္ပဲက်က် ျပန္ၿပီးလွည့္မၾကည့္တတ္ေတာ့အထိ ရက္စက္တတ္သြားၾကတယ္

ဒါ ဘယ္သူ႔အျပစ္မွ မဟုတ္ပါဘူး သိပ္ခ်စ္တတ္တဲ့လူတစ္ေယာက္ကို ဂ႐ုမစိုက္ လ်စ္လ်ဴရႈတတ္ျခင္းရဲ႕ အက်ိဳးရလာဒ္သက္သက္ပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း