တချို့လမ်းတွေကတော့ ရွေးချယ်ပြီးသွားရင် နောက်ပြန်လှည့်ခွင့် မရှိတော့ဘူး

ဘ၀ဆိုတာ ၀င်္ကပါ နဲ့တူတယ် ။ တစ်ခါတစ်ရံမှာ တစ်ဖြောင့်တည်းရှိတဲ့ လမ်းတွေဘာ ရွေးချယ်ခွင့်မှ မရှိပဲ လျှောက်ရတယ် ။

တစ်ခါတစ်ရံမှာ ဒွိဟဖြစ်စေတဲ့လမ်းတွေကို ကြုံတယ် တစ်ဖက်ကိုပဲ ရွေးချယ်ခွင့်ရှိပြီး ကျန်တစ်ဖက်ကို စွန့်လွှတ်ရတာတွေပေါ့ ။

တချို့လမ်းတွေကတော့ ရွေးချယ်ပြီးသွားရင် နောက်ပြန်လှည့်ခွင့် မရှိတော့ဘူး မဆုံးမချင်း ဒါမှမဟုတ် ကံမကုန်မချင်း ဆက်လျှောက်ရတယ်

ဒါကြောင့် . . . . ရွေးချယ်စရာလမ်းတွေ ဘ၀မှာကြုံလာတဲ့အခါ အတတ်နိုင်ဆုံးမမှားအောင် ရွေးချယ်ပါဒွိဟ ဖြစ်စရာတွေ ကြုံလာတဲ့အခါ အတတ်နိုင်ဆုံး ခေါင်းအေးအေးနဲ့ ရွေးချယ်ပါ

တစ်သက်လုံး နောင်တတွေနဲ့ မပျော်မရွင်ဖြစ်နေတာမျိုး မဖြစ်စေချင်ဘူး

မိန်းမသားတို့အတွက်
သျှင်ယွန်း






မိန်းမသားတို့အတွက်
သျှင်ယွန်း