ကျွန်မကို ကျွန်မအဖြစ်နဲ့ပဲ မြင်အောင်ကြည့်ပေးပါ

ကျွန်မကို ကျွန်မအဖြစ်နဲ့ပဲ မြင်အောင်ကြည့်ပေးပါ ။

ဘယ်သူနဲ့တူလိုက်တာ ဆိုတဲ့စကားမျိုးတွေကို ကျွန်မ ဘယ်တုန်းကမှ မနှစ်သက်ခဲ့ဖူးဘူး ။ ကျွန်မက ကျွန်မနဲ့ပဲ တူချင်ပါတယ် ။ ဒါတွေကြောင့် ကျွန်မကို တခြားတစ်ယောက်ရဲ့ဘဝတွေနဲ့ ခိုင်းနှိုင်းပြီးတော့ မပြောပါနဲ့ မဆိုပါနဲ့ ။ ကျွန်မကို ဘယ်သူနဲ့မနှိုင်းပဲ ကျွန်မရဲ့ ဖြစ်တည်မှုလေးကို တစ်ကြိမ်တစ်ခါပဲ ဖြစ်ဖြစ် မေးကြည့်ပေးပါ ။

ကိုယ့်ထက် အမြင့်ကိုရောက်နေလို့လဲ မနာလိုခြင်း အလျင်းမရှိဘူး . . . သူ့ဘဝလေးမြင့်နေပါလားဆိုတဲ့စိတ်နဲ့ မုဒိတာလေးပွားတယ် ။ ကိုယ့်ထပ် နိမ့်ကျနေလို့လဲ အနိုင်ယူလိုခြင်း မရှိဘူး ။ သူ့့ဘ၀က ကိုယ့်ထက် နိမ့်ကျနေပါလားဆိုတဲ့စိတ်နဲ့ စာနာသနားတယ် ကူညီနိုင်တဲ့အရာဆို ကူညီပေးလိုက်တယ် ။ ဖိနင်းလိုစိတ် အလျင်း မရှိပါဘူး ။

ကိုယ့်ဘ၀နဲ့ကိုယ် ပျော်တတ်အောင်နေပါတယ် ။ လူချင်းပဲ တူကြတာလေ စိတ်ဓာတ်ချင်း ရည်မှန်းချက်ချင်း အိပ်မက်တွေချင်း မတူညီကြဘူး ။ ဒီ့အတွက် ကျွန်မကို သူ့လိုဖြစ်ရမယ်ဆိုပြီး တစ်ယူသန်ကြီး မဆုံးဖြတ်ပါနဲ့ သူက သူလေ ။ ရည်မှန်းချက်ချင်းမတူတဲ့လူနှစ်ယောက်က ခရီးလမ်းအကွာအဝေးလဲ မတူညီတတ်ကြဘူးလေ ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ပန်းတိုင်ရောက်တာချင်းလဲ မတူညီတတ်ကြဘူး ။

သူကတော့ ဒီလိုဖြစ်နေပြီ နင်ကကော ဘာလုပ်နေသေးတာလဲ သူ့လိုက်လုပ်ပါလားဆိုတဲ့စကားတွေက အားပေးစကားမဟုတ်တော့ဘူး ကိုယ့်ကို မယုံကြည်ရာ နားမလည်ရာရောက်တဲ့ စကားတွေပါ ။ သူလဲ သူ့လမ်းသူလျှောက်နေတာပဲ ကိုယ်လဲ ကိုယ်လျှောက်နေတာပါ ။ ဒီလို မတူညီတဲ့လမ်းတွေပေါ်က လူနှစ်ယောက်ကို ယှဉ်ပြီး မြင်လိုက်တာတော့ တော်တော်ကို ဆိုးတယ် ။

ဥပမာ – အဆိုတော်ဖြစ်ချင်တဲ့ကောင်မလေးက မိုက်ကိုင်ပြီးဆော့တယ် ။ ဆရာ၀န်ဖြစ်ချင်တဲ့ကောင်မလေးက ဆေးထိုးအိပ်ကိုင်ပြီး ဆော့တယ် ကလေးချင်းပဲတူတာပါ အတွေးချင်းကျမတူကြတော့ဘူး ။ အဲ့လိုပဲ မိုက်ကိုင်နေတဲ့ ကလေးမလေး လက်ထဲကို ဆေးထိုးအပ်ထည့်ပေးလိုက် အဲ့ကလေးမလေး ဘယ်လိုလုပ်ပျော်ပါတော့မလဲ ။

ကျွန်မတို့တွေက . . .လူချင်းပဲ တူကြတာပါ ။ တစ်ယောက်နဲ့ တစ်ယောက်ရှင်သန်ချင်ကြပုံချင်း မတူကြဘူး ။ ကိုယ့်လမ်းနဲ့ ကိုယ်လျှောက်ပါတယ် ။ ကူညီဖေးမပေးချင်ပါတယ်ဆိုရင် ကျွန်မကို ကျွန်မအဖြစ်နဲ့ပဲ မြင်ကြည့်ပေးပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မကို ကြၽန္မအျဖစ္နဲ႔ပဲ ျမင္ေအာင္ၾကည့္ေပးပါ ။

ဘယ္သူနဲ႔တူလိုက္တာ ဆိုတဲ့စကားမ်ိဳးေတြကို ကြၽန္မ ဘယ္တုန္းကမွ မႏွစ္သက္ခဲ့ဖူးဘူး ။ ကြၽန္မက ကြၽန္မနဲ႔ပဲ တူခ်င္ပါတယ္ ။ ဒါေတြေၾကာင့္ ကြၽန္မကို တျခားတစ္ေယာက္ရဲ႕ဘဝေတြနဲ႔ ခိုင္းႏႈိင္းၿပီးေတာ့ မေျပာပါနဲ႔ မဆိုပါနဲ႔ ။ ကြၽန္မကို ဘယ္သူနဲ႔မႏႈိင္းပဲ ကြၽန္မရဲ႕ ျဖစ္တည္မႈေလးကို တစ္ႀကိမ္တစ္ခါပဲ ျဖစ္ျဖစ္ ေမးၾကည့္ေပးပါ ။

ကိုယ့္ထက္ အျမင့္ကိုေရာက္ေနလို႔လဲ မနာလိုျခင္း အလ်င္းမရွိဘူး . . . သူ႔ဘဝေလးျမင့္ေနပါလားဆိုတဲ့စိတ္နဲ႔ မုဒိတာေလးပြားတယ္ ။ ကိုယ့္ထပ္ နိမ့္က်ေနလို႔လဲ အႏိုင္ယူလိုျခင္း မရွိဘူး ။ သူ႔့ဘ၀က ကိုယ့္ထက္ နိမ့္က်ေနပါလားဆိုတဲ့စိတ္နဲ႔ စာနာသနားတယ္ ကူညီႏိုင္တဲ့အရာဆို ကူညီေပးလိုက္တယ္ ။ ဖိနင္းလိုစိတ္ အလ်င္း မရွိပါဘူး ။

ကိုယ့္ဘ၀နဲ႔ကိုယ္ ေပ်ာ္တတ္ေအာင္ေနပါတယ္ ။ လူခ်င္းပဲ တူၾကတာေလ စိတ္ဓာတ္ခ်င္း ရည္မွန္းခ်က္ခ်င္း အိပ္မက္ေတြခ်င္း မတူညီၾကဘူး ။ ဒီ့အတြက္ ကြၽန္မကို သူ႔လိုျဖစ္ရမယ္ဆိုၿပီး တစ္ယူသန္ႀကီး မဆုံးျဖတ္ပါနဲ႔ သူက သူေလ ။ ရည္မွန္းခ်က္ခ်င္းမတူတဲ့လူႏွစ္ေယာက္က ခရီးလမ္းအကြာအေဝးလဲ မတူညီတတ္ၾကဘူးေလ ။ ဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ပန္းတိုင္ေရာက္တာခ်င္းလဲ မတူညီတတ္ၾကဘူး ။

သူကေတာ့ ဒီလိုျဖစ္ေနၿပီ နင္ကေကာ ဘာလုပ္ေနေသးတာလဲ သူ႔လိုက္လုပ္ပါလားဆိုတဲ့စကားေတြက အားေပးစကားမဟုတ္ေတာ့ဘူး ကိုယ့္ကို မယုံၾကည္ရာ နားမလည္ရာေရာက္တဲ့ စကားေတြပါ ။ သူလဲ သူ႔လမ္းသူေလွ်ာက္ေနတာပဲ ကိုယ္လဲ ကိုယ္ေလွ်ာက္ေနတာပါ ။ ဒီလို မတူညီတဲ့လမ္းေတြေပၚက လူႏွစ္ေယာက္ကို ယွဥ္ၿပီး ျမင္လိုက္တာေတာ့ ေတာ္ေတာ္ကို ဆိုးတယ္ ။

ဥပမာ – အဆိုေတာ္ျဖစ္ခ်င္တဲ့ေကာင္မေလးက မိုက္ကိုင္ၿပီးေဆာ့တယ္ ။ ဆရာ၀န္ျဖစ္ခ်င္တဲ့ေကာင္မေလးက ေဆးထိုးအိပ္ကိုင္ၿပီး ေဆာ့တယ္ ကေလးခ်င္းပဲတူတာပါ အေတြးခ်င္းက်မတူၾကေတာ့ဘူး ။ အဲ့လိုပဲ မိုက္ကိုင္ေနတဲ့ ကေလးမေလး လက္ထဲကို ေဆးထိုးအပ္ထည့္ေပးလိုက္ အဲ့ကေလးမေလး ဘယ္လိုလုပ္ေပ်ာ္ပါေတာ့မလဲ ။

ကြၽန္မတို႔ေတြက . . .လူခ်င္းပဲ တူၾကတာပါ ။ တစ္ေယာက္နဲ႔ တစ္ေယာက္ရွင္သန္ခ်င္ၾကပုံခ်င္း မတူၾကဘူး ။ ကိုယ့္လမ္းနဲ႔ ကိုယ္ေလွ်ာက္ပါတယ္ ။ ကူညီေဖးမေပးခ်င္ပါတယ္ဆိုရင္ ကြၽန္မကို ကြၽန္မအျဖစ္နဲ႔ပဲ ျမင္ၾကည့္ေပးပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း