ကျွန်မ ဘ၀မှာ အမှားသုံးခုရှိတယ်

ကျွန်မ ဘ၀မှာ အမှားသုံးခုရှိတယ်

၁ – မချစ်သင့်တဲ့သူကို ချစ်မိနေတာက ပထမအမှား

မချစ်သင့်တဲ့သူတဲ့ … ကိုယ့်ကို နဲနဲလေးမှ မကြင်နာပါပဲ ကိုယ့်ကို နာကျင်စေတဲ့သူသက်သက်ဆို အဲ့ဒီလူဟာ ကိုယ့်ကိုပျော်စေမှာ မဟုတ်ဘူးလေ ။ အဲ့လိုလူကလဲ ဘယ်သူကမှ ချစ်သင့်ပါတယ်ဆိုပြီးထောက်ခံမှာ မဟုတ်ဘူး … အဲ့လိုမချစ်သင့်တဲ့သူကိုမှ ကျွန်မက တစ်စိုက်မတ်မတ်ချစ်နေမိတာ ကျွန်မ မှားတာပေါ့ ။

၂ – မချစ်သင့်မှန်းသိရဲ့နဲ့ ဆက်ပြီး ချစ်နေမိခြင်းက ဒုတိယအမှား

မချစ်သင့်တော့ဘူးဆိုတာမှန်းသိရင် ကျွန်မတို့မှာ ရွေးချယ်ကတစ်ခုပဲ ရှိတယ်လေ ရပ်တန့်လိုက်တာပဲဖြစ်ဖြစ် လှည့်ထွက်လိုက်တာပဲဖြစ်ဖြစ် အဝေးဆုံးရောက်မယ့် လမ်းကို ရွေးခဲ့ရမယ်ဆိုတာမှန်း ကျွန်မ သိပါတယ် ။ ဒါပေမယ့်ကျွန်မက ဆက်ပြီးမှားတယ် နာကျင်စေတာသက်သက်မှန်းသိရဲ့နဲ့ အဲ့ဒီလူအနားမှာ ဆက်ပြီးရပ်နေခဲ့တာလေ ။

၃-စွန့်လွှတ်ဖို့မကြိုးစားပဲ ဆက်ပြီးဖက်တွယ်ထားဖို့ အသင့်ပြင်ထားတာက အကြီးမားဆုံးသော တတိယအမှား

မှားနေမှန်းသိသိနဲ့ ကိုယ့်ကို မကြင်နာမှန်းသိသိရဲ့နဲ့မှ ထွက်မသွားရင် ပြီးရောဆိုတဲ့ အတွေးတွေနဲ့ ကျွန်မမှာ ရှိသမျှခွန်အားတွေနဲ့ သူ့အနားမှာဆက်ပြီးရပ်နေဖို့ ဆက်ပြီး ဖက်တွယ်ထားတာဟာ ကျွန်မအမှားပေါ့ ။ ခုချိန်ထိ နောင်တတွေ မရသေးဘူး ကျွန်မ အနားမှာသူရှိနေမယ်ဆိုရင် ရပါပြီဆိုတဲ့ အတွေးဟာ ကျွန်မကို အမှားတွေတစ်ခုပြီးတစ်ခု ဆက်ပြီး ကျူးလွန်နေမိတဲ့ ကျွန်မပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ ဘ၀မွာ အမွားသုံးခုရွိတယ္

၁ – မခ်စ္သင့္တဲ့သူကို ခ်စ္မိေနတာက ပထမအမွား

မခ်စ္သင့္တဲ့သူတဲ့ … ကိုယ့္ကို နဲနဲေလးမွ မၾကင္နာပါပဲ ကိုယ့္ကို နာက်င္ေစတဲ့သူသက္သက္ဆို အဲ့ဒီလူဟာ ကိုယ့္ကိုေပ်ာ္ေစမွာ မဟုတ္ဘူးေလ ။ အဲ့လိုလူကလဲ ဘယ္သူကမွ ခ်စ္သင့္ပါတယ္ဆိုၿပီးေထာက္ခံမွာ မဟုတ္ဘူး … အဲ့လိုမခ်စ္သင့္တဲ့သူကိုမွ ကြၽန္မက တစ္စိုက္မတ္မတ္ခ်စ္ေနမိတာ ကြၽန္မ မွားတာေပါ့ ။

၂ – မခ်စ္သင့္မွန္းသိရဲ႕နဲ႔ ဆက္ၿပီး ခ်စ္ေနမိျခင္းက ဒုတိယအမွား

မခ်စ္သင့္ေတာ့ဘူးဆိုတာမွန္းသိရင္ ကြၽန္မတို႔မွာ ေ႐ြးခ်ယ္ကတစ္ခုပဲ ရွိတယ္ေလ ရပ္တန္႔လိုက္တာပဲျဖစ္ျဖစ္ လွည့္ထြက္လိုက္တာပဲျဖစ္ျဖစ္ အေဝးဆုံးေရာက္မယ့္ လမ္းကို ေ႐ြးခဲ့ရမယ္ဆိုတာမွန္း ကြၽန္မ သိပါတယ္ ။ ဒါေပမယ့္ကြၽန္မက ဆက္ၿပီးမွားတယ္ နာက်င္ေစတာသက္သက္မွန္းသိရဲ႕နဲ႔ အဲ့ဒီလူအနားမွာ ဆက္ၿပီးရပ္ေနခဲ့တာေလ ။

၃-စြန္႔လႊတ္ဖို႔မႀကိဳးစားပဲ ဆက္ၿပီးဖက္တြယ္ထားဖို႔ အသင့္ျပင္ထားတာက အႀကီးမားဆုံးေသာ တတိယအမွား

မွားေနမွန္းသိသိနဲ႔ ကိုယ့္ကို မၾကင္နာမွန္းသိသိရဲ႕နဲ႔မွ ထြက္မသြားရင္ ၿပီးေရာဆိုတဲ့ အေတြးေတြနဲ႔ ကြၽန္မမွာ ရွိသမွ်ခြန္အားေတြနဲ႔ သူ႔အနားမွာဆက္ၿပီးရပ္ေနဖို႔ ဆက္ၿပီး ဖက္တြယ္ထားတာဟာ ကြၽန္မအမွားေပါ့ ။ ခုခ်ိန္ထိ ေနာင္တေတြ မရေသးဘူး ကြၽန္မ အနားမွာသူရွိေနမယ္ဆိုရင္ ရပါၿပီဆိုတဲ့ အေတြးဟာ ကြၽန္မကို အမွားေတြတစ္ခုၿပီးတစ္ခု ဆက္ၿပီး က်ဴးလြန္ေနမိတဲ့ ကြၽန္မေပါ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း