ကိုယ်အရှုံးမပေးသေးသရွေ့ ဘယ်တော့မှ မရှုံးသေးဘူး

ဘယ်လိုသန်မာစေချင်လဲဆိုရင် တစ်ယောက်ယောက်က ထိခိုက်နာကျင်စေရုံနဲ့ လဲကျမသွားတတ်တဲ့ ​ကောင်မလေးတစ်ယောက် ဖြစ်စေချင်တယ် ။ လဲကျသွားတဲ့အခါတောင် … ထိုင်ငိုနေမယ့် ကောင်မလေးမဟုတ်ပဲ … ချက်ချင်းပြန်ထတတ်တဲ့ ​ကောင်မလေးမျိုးဖြစ်စေချင်တာပါ ။

သိတဲ့အတိုင်း လောကကြီးမှာက …ဖေးမမယ့်လက်တွေထက် တွန်းချတတ်တဲ့လက်တွေ ထိုးနှက်တတ်တဲ့လက်တွေက ပိုပြီးများတတ်တယ်လေ ။ ကိုယ့်လမ်းကိုယ် လျှောက်နေပေမယ့် မထင်ရင် မထင်သလို ခြေထိုးပြီး ခံတတ်သလို နောက်ကနေ ဘေးကနေ တွန်းချတတ်သေးတယ် ။ ဒါကြောင့် .. အရင်ကလို ထစ်ကနဲရှိ … မျက်ရည်ဝဲပြီး အားငယ်နေတတ်တဲ့ ကောင်မလေးတစ်ယောက် မဖြစ်စေချင်တော့ဘူး သန်မာသင့်သလောက် သန်မာမှ ရမယ်လေ ။ နာကျင်တဲ့ ဒဏ်ကို ခံနိုင်ရည်ရှိရသလို … နာကျင်နေရဲ့နဲ့လဲ မနာကျင်သလို ဟန်ဆောင်တတ်ရသေးတယ် ။

လောကကြီးက တကယ်တော့ မာယာမများပါဘူး။ လောကကြီးမှာ … ရှင်သန်နေထိုင်နေကြတဲ့ လူတွေကသာ မာယာများတာပါ … အဲ့ဒီမာယာတွေကို အထိုက်အသင့်လောက်လေး နားလည်ထားဖို့ လိုတယ်.. ဒါမှ ကိုယ် မညံ့သင့်သလောက် မညံ့ပဲ ကိုယ် မအသင့်သလောက် မအတော့ဘူးလေ ။

ကိုယ့်လမ်းကိုယ်လျှောက်နေတာပါပဲ .. ဒါပေမယ့် နောက်ကျောကို သတိထားတတ်ဖို့လိုတယ် ။ ငါ့လမ်း ငါလျှောက်နေတာပဲ ဘယ်သူ့ဂရုစိုက်စရာလိုလို့လဲဆိုတဲ့ စကား အမြဲမမှန်တတ်ဘူး ။ တစ်ခါတစ်လေကျရင် ကိုယ့်လမ်းမှာ ကိုယ်လျှောက်နေတာမှန်ပေမယ့် အဲ့ဒီလမ်းပေါ်မှာ ခြေထိုးခံတတ်တဲ့ ခြေထောက်တွေ တွန်းချတတ်လက်တွေ … နောက်ကျောကဖက်ပြီး ထိုးတတ်တဲ့ ဓါးတွေ ကန့်လန့်တိုက်တတ်တဲ့ ဂဏန်းလို လူစားမျိုးတွေ အများကြီး ရှိနေတတ်တယ်လေ ။

ဘ၀ဆိုတာ .. တကယ်လျှောက်ကြည့်တဲ့ ကိုယ့်အိပ်မက်ထဲကလို ပန်းလေးတွေကြဲပြီး ဖြောင့်ဖြူးသာယာလိမ့်မယ်လို့ မထင်နဲ့ စိတ်ကူးက စိတ်ကူးပါပဲ ။ လက်တွေ့မှာ ထင်ထားတဲ့အရာတွေထက် ပိုပြီး အကောက်အကွေ့တွေပိုများတတ်တယ် ။ ဒီလိုဘ၀တွေ …မှာ ပျော့ညံ့နေလို့မဖြစ်ဘူးလေ ။ သန်မာသင့်သလောက် သန်မာရမယ်လေ ။

ညီမလေး… ဘ၀မှာ လဲကျသွားတဲ့အခါတိုင်း ရှုံးတာမဟုတ်ပဲ ပြန်ပြီးမထနိုင်တဲ့အခါမှသာ ရှုံးတယ်တဲ့ … ဒီစကားလေးကို မှတ်ထားပါ လဲကျသွားတဲ့အခါတိုင်း ကိုယ်အရှုံးမပေးသေးသရွေ့ ကိုယ်ဘယ်တော့မှ မရှုံးသေးဘူးဆိုတာ သေချာလေးမှတ်ထားပါ ။
မိန်းမသားတို့အတွက်
သျှင်ယွန်း

ဘယ္လိုသန္မာေစခ်င္လဲဆိုရင္ တစ္ေယာက္ေယာက္က ထိခိုက္နာက်င္ေစ႐ုံနဲ႔ လဲက်မသြားတတ္တဲ့ ​ေကာင္မေလးတစ္ေယာက္ ျဖစ္ေစခ်င္တယ္ ။ လဲက်သြားတဲ့အခါေတာင္ … ထိုင္ငိုေနမယ့္ ေကာင္မေလးမဟုတ္ပဲ … ခ်က္ခ်င္းျပန္ထတတ္တဲ့ ​ေကာင္မေလးမ်ိဳးျဖစ္ေစခ်င္တာပါ ။

သိတဲ့အတိုင္း ေလာကႀကီးမွာက …ေဖးမမယ့္လက္ေတြထက္ တြန္းခ်တတ္တဲ့လက္ေတြ ထိုးႏွက္တတ္တဲ့လက္ေတြက ပိုၿပီးမ်ားတတ္တယ္ေလ ။ ကိုယ့္လမ္းကိုယ္ ေလွ်ာက္ေနေပမယ့္ မထင္ရင္ မထင္သလို ေျခထိုးၿပီး ခံတတ္သလို ေနာက္ကေန ေဘးကေန တြန္းခ်တတ္ေသးတယ္ ။ ဒါေၾကာင့္ .. အရင္ကလို ထစ္ကနဲရွိ … မ်က္ရည္ဝဲၿပီး အားငယ္ေနတတ္တဲ့ ေကာင္မေလးတစ္ေယာက္ မျဖစ္ေစခ်င္ေတာ့ဘူး သန္မာသင့္သေလာက္ သန္မာမွ ရမယ္ေလ ။ နာက်င္တဲ့ ဒဏ္ကို ခံႏိုင္ရည္ရွိရသလို … နာက်င္ေနရဲ႕နဲ႔လဲ မနာက်င္သလို ဟန္ေဆာင္တတ္ရေသးတယ္ ။

ေလာကႀကီးက တကယ္ေတာ့ မာယာမမ်ားပါဘူး။ ေလာကႀကီးမွာ … ရွင္သန္ေနထိုင္ေနၾကတဲ့ လူေတြကသာ မာယာမ်ားတာပါ … အဲ့ဒီမာယာေတြကို အထိုက္အသင့္ေလာက္ေလး နားလည္ထားဖို႔ လိုတယ္.. ဒါမွ ကိုယ္ မညံ့သင့္သေလာက္ မညံ့ပဲ ကိုယ္ မအသင့္သေလာက္ မအေတာ့ဘူးေလ ။

ကိုယ့္လမ္းကိုယ္ေလွ်ာက္ေနတာပါပဲ .. ဒါေပမယ့္ ေနာက္ေက်ာကို သတိထားတတ္ဖို႔လိုတယ္ ။ ငါ့လမ္း ငါေလွ်ာက္ေနတာပဲ ဘယ္သူ႔ဂ႐ုစိုက္စရာလိုလို႔လဲဆိုတဲ့ စကား အၿမဲမမွန္တတ္ဘူး ။ တစ္ခါတစ္ေလက်ရင္ ကိုယ့္လမ္းမွာ ကိုယ္ေလွ်ာက္ေနတာမွန္ေပမယ့္ အဲ့ဒီလမ္းေပၚမွာ ေျခထိုးခံတတ္တဲ့ ေျခေထာက္ေတြ တြန္းခ်တတ္လက္ေတြ … ေနာက္ေက်ာကဖက္ၿပီး ထိုးတတ္တဲ့ ဓါးေတြ ကန္႔လန္႔တိုက္တတ္တဲ့ ဂဏန္းလို လူစားမ်ိဳးေတြ အမ်ားႀကီး ရွိေနတတ္တယ္ေလ ။

ဘ၀ဆိုတာ .. တကယ္ေလွ်ာက္ၾကည့္တဲ့ ကိုယ့္အိပ္မက္ထဲကလို ပန္းေလးေတြႀကဲၿပီး ေျဖာင့္ျဖဴးသာယာလိမ့္မယ္လို႔ မထင္နဲ႔ စိတ္ကူးက စိတ္ကူးပါပဲ ။ လက္ေတြ႕မွာ ထင္ထားတဲ့အရာေတြထက္ ပိုၿပီး အေကာက္အေကြ႕ေတြပိုမ်ားတတ္တယ္ ။ ဒီလိုဘ၀ေတြ …မွာ ေပ်ာ့ညံ့ေနလို႔မျဖစ္ဘူးေလ ။ သန္မာသင့္သေလာက္ သန္မာရမယ္ေလ ။

ညီမေလး… ဘ၀မွာ လဲက်သြားတဲ့အခါတိုင္း ရႈံးတာမဟုတ္ပဲ ျပန္ၿပီးမထႏိုင္တဲ့အခါမွသာ ရႈံးတယ္တဲ့ … ဒီစကားေလးကို မွတ္ထားပါ လဲက်သြားတဲ့အခါတိုင္း ကိုယ္အရႈံးမေပးေသးသေ႐ြ႕ ကိုယ္ဘယ္ေတာ့မွ မရႈံးေသးဘူးဆိုတာ ေသခ်ာေလးမွတ္ထားပါ ။
မိန္းမသားတို႔အတြက္
သွ်င္ယြန္း