ငွေရှာပါ . . . ငွေမရှိရင်ဆိုတဲ့ စကားလုံးရဲ့နောက်မှာ

ငွေရှာပါ . . . ငွေမရှိရင်ဆိုတဲ့ စကားလုံးရဲ့နောက်မှာပြတ်တောက်သွားမယ့် ဆက်ဆံရေးတွေ ရှိနေတတ်တယ်ငွေဆိုတာ ဒုတိယဘုရားသခင်လိုပဲ နေရာတကာမှာ သူပါမှပြီးတဲ့ နေရာတွေချည်းပဲလေ လူတွေဆိုတာကလဲ သူတို့လိုချင်တာတွေ ရှိနေ ရနေမှ အနားကပ်ချင်ကြတာလေ ။

ငွေရှာပါ . . . ငွေမရှိရင်ဆိုတဲ့ စကားလုံးရဲ့အနောက်မှာ မဲ့သွားတတ်တဲ့ အပြုံးတွေရှိတယ် မျက်နှာကြီးရာ ဟင်းဖက်ပါတတ်တဲ့ ခေတ်ပဲ တစ်ခမ်းတနားကြိုစေချင်ရင် အိတ်ကပ်ဖောင်းနေဖို့တော့လိုမယ် မျက်နှာမွဲတစ်ယောက်အတွက် ဘယ်သူကမှ အချိန်ကုန်ခံချင်ကြတော့တာ မဟုတ်ဘူးလေ ။

ငွေရှာပါ . . . ငွေမရှိတော့ရင်ဆိုတဲ့ စကားလုံးရဲ့အနောက်မှာ မက်ခွင့်မရှိတဲ့ အိပ်မက်တွေ ရှိနေတတ်တယ် တချို့အိပ်မက်တွေက စျေးကြီးလွန်းတယ်လေ ငွေဆိုတာ အရာရာမဟုတ်ပေမယ့်ငွေနဲ့ခင်းပြီးမှ မက်လို့ရတဲ့ တချို့အိပ်မက်တွေလဲ ရှိပါသေးတယ်

ငွေရှာပါ . . . အပေါ်ယံအဆင်တန်ဆာနဲ့ လူတွေကို ပြောဆိုဆက်ဆံတတ်တဲ့ အရပ်မှာ နေရင် သူများနည်းတူး တန်းတူ၀တ်စားနိုင်ဖို့ ငွေရှာပါ . . . .

ငွေရှာပါ . . . သူတစ်ပါးမျက်ရည်စက်တွေမပါတဲ့ ငွေကိုပဲ ရှာပါ မျက်ရည်စက်တွေပါတဲ့ ငွေဟာ အလုပ်လက်ရှိဘ၀မှာလဲ ပူလောင်ရသလို သံသရာအတွက်လဲ မကောင်းဘူး ရိုးရိုးသားသားရှာလို့ရတဲ့ ငွေကိုပဲ မက်ပါ ကြိုးကြိုးစားစားနဲ့ ကိုယ့်ခြေကိုယ့်လက်နဲ့သာ ငွေရှာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေငြရွာပါ . . . ေငြမရွိရင္ဆိုတဲ့ စကားလုံးရဲ႕ေနာက္မွာျပတ္ေတာက္သြားမယ့္ ဆက္ဆံေရးေတြ ရွိေနတတ္တယ္ေငြဆိုတာ ဒုတိယဘုရားသခင္လိုပဲ ေနရာတကာမွာ သူပါမွၿပီးတဲ့ ေနရာေတြခ်ည္းပဲေလ လူေတြဆိုတာကလဲ သူတို႔လိုခ်င္တာေတြ ရွိေန ရေနမွ အနားကပ္ခ်င္ၾကတာေလ ။

ေငြရွာပါ . . . ေငြမရွိရင္ဆိုတဲ့ စကားလုံးရဲ႕အေနာက္မွာ မဲ့သြားတတ္တဲ့ အၿပဳံးေတြရွိတယ္ မ်က္ႏွာႀကီးရာ ဟင္းဖက္ပါတတ္တဲ့ ေခတ္ပဲ တစ္ခမ္းတနားႀကိဳေစခ်င္ရင္ အိတ္ကပ္ေဖာင္းေနဖို႔ေတာ့လိုမယ္ မ်က္ႏွာမြဲတစ္ေယာက္အတြက္ ဘယ္သူကမွ အခ်ိန္ကုန္ခံခ်င္ၾကေတာ့တာ မဟုတ္ဘူးေလ ။

ေငြရွာပါ . . . ေငြမရွိေတာ့ရင္ဆိုတဲ့ စကားလုံးရဲ႕အေနာက္မွာ မက္ခြင့္မရွိတဲ့ အိပ္မက္ေတြ ရွိေနတတ္တယ္ တခ်ိဳ႕အိပ္မက္ေတြက ေစ်းႀကီးလြန္းတယ္ေလ ေငြဆိုတာ အရာရာမဟုတ္ေပမယ့္ေငြနဲ႔ခင္းၿပီးမွ မက္လို႔ရတဲ့ တခ်ိဳ႕အိပ္မက္ေတြလဲ ရွိပါေသးတယ္

ေငြရွာပါ . . . အေပၚယံအဆင္တန္ဆာနဲ႔ လူေတြကို ေျပာဆိုဆက္ဆံတတ္တဲ့ အရပ္မွာ ေနရင္ သူမ်ားနည္းတူး တန္းတူ၀တ္စားႏိုင္ဖို႔ ေငြရွာပါ . . . .

ေငြရွာပါ . . . သူတစ္ပါးမ်က္ရည္စက္ေတြမပါတဲ့ ေငြကိုပဲ ရွာပါ မ်က္ရည္စက္ေတြပါတဲ့ ေငြဟာ အလုပ္လက္ရွိဘ၀မွာလဲ ပူေလာင္ရသလို သံသရာအတြက္လဲ မေကာင္းဘူး ႐ိုး႐ိုးသားသားရွာလို႔ရတဲ့ ေငြကိုပဲ မက္ပါ ႀကိဳးႀကိဳးစားစားနဲ႔ ကိုယ့္ေျခကိုယ့္လက္နဲ႔သာ ေငြရွာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း