နင့်ဘေးမှာ နင်တစ်ယောက်လုံးရှိသေးတာပဲလေ ဘာလို့အားငယ်နေမှာလဲ

ကျွန်မ အားငယ်လာတဲ့အခါတိုင်း လုပ်လေ့လုပ်ထရှိတဲ့ အကျင့်လေးတစ်ခုရှိတယ် ။ ဘယ်ဘက်လက်လေးပေါ် ညာဘက်လက်လေးတင်ပြီး … နင့်ဘေးမှာ နင်တစ်ယောက်လုံးရှိနေသေးတာပဲလေ ဘာလို့အားငယ်နေမှာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့ နည်းပေါ့ ။

ရင်ဖွင့်ဖော်ဆိုလို့လဲ မဲ့ပါတယ် ။ ကိုယ် နာနာကျင်ကျင် ခံစားနေရတဲ့အခါ ငါ ရှိနေသေးတာပဲရှိတဲ့အတွေးနဲ့ ကိုယ့်ကိုယ်ကို မှန်ကြည့်ပြီး တစ်ယောက်တည်း စကားတွေပြောရင်း ကုန်ဆုံးသွားတဲ့ ရက်တွေပဲ များပါတယ် ။ ကျွန်မ အတွက်တော့ ကျွန်မက အဖော်ပေါ့ ။ မျက်ရည်တွေဟာလဲ ကျွန်မနဲ့အတူ အဖော်ပြုပေးရှာတယ် ။

ပျော်စရာပဲဖြစ်ဖြစ် ၀မ်းနည်းစရာပဲဖြစ်ဖြစ် ကိုယ့်အတွက် ခံစားပေးဖြစ်ခဲ့တာက ကိုယ်ကိုယ်တိုင်ပါပဲ ။ တစ်ခုခုထိခိုက်နာကျင်ခံစားရတဲ့အခါ … နင့်ဘေးမှာ နင်ရှိတယ် မပူနဲ့ဆိုပြီးပဲ ကိုယ့်အားကိုယ် ကိုးတတ်ခဲ့တယ် ။ လဲကျသွားတဲ့အခါ ကိုယ်ထူပြီး ကိုယ်ကိုယ်တိုင်ပဲ ထခဲ့ရတယ် ။ ဘယ်သူမှ မလိုခဲ့တာမဟုတ်ပါဘူး ရင်နာနာနဲ့ ၀န်ခံရရင် ဘယ်သူမှ ရှိမနေခဲ့တာပါ။

ဒီလိုနဲ့ … ပြိုလဲချင်တဲ့အခါတိုင်း ကိုယ့်လက်ကလေးကို ကိုယ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်ရင်း မနက်ဖြန်တွေကို ကြိုဖို့ အားတွေ တင်းရတယ် ။ နင့်ဘေးမှာ နင်တစ်ယောက်လုံးရှိသေးတာပဲလေ ဘာလို့အားငယ်နေမှာလဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ အားငယ္လာတဲ့အခါတိုင္း လုပ္ေလ့လုပ္ထရွိတဲ့ အက်င့္ေလးတစ္ခုရွိတယ္ ။ ဘယ္ဘက္လက္ေလးေပၚ ညာဘက္လက္ေလးတင္ၿပီး … နင့္ေဘးမွာ နင္တစ္ေယာက္လုံးရွိေနေသးတာပဲေလ ဘာလို႔အားငယ္ေနမွာလဲဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ အားေပးတဲ့ နည္းေပါ့ ။

ရင္ဖြင့္ေဖာ္ဆိုလို႔လဲ မဲ့ပါတယ္ ။ ကိုယ္ နာနာက်င္က်င္ ခံစားေနရတဲ့အခါ ငါ ရွိေနေသးတာပဲရွိတဲ့အေတြးနဲ႔ ကိုယ့္ကိုယ္ကို မွန္ၾကည့္ၿပီး တစ္ေယာက္တည္း စကားေတြေျပာရင္း ကုန္ဆုံးသြားတဲ့ ရက္ေတြပဲ မ်ားပါတယ္ ။ ကြၽန္မ အတြက္ေတာ့ ကြၽန္မက အေဖာ္ေပါ့ ။ မ်က္ရည္ေတြဟာလဲ ကြၽန္မနဲ႔အတူ အေဖာ္ျပဳေပးရွာတယ္ ။

ေပ်ာ္စရာပဲျဖစ္ျဖစ္ ၀မ္းနည္းစရာပဲျဖစ္ျဖစ္ ကိုယ့္အတြက္ ခံစားေပးျဖစ္ခဲ့တာက ကိုယ္ကိုယ္တိုင္ပါပဲ ။ တစ္ခုခုထိခိုက္နာက်င္ခံစားရတဲ့အခါ … နင့္ေဘးမွာ နင္ရွိတယ္ မပူနဲ႔ဆိုၿပီးပဲ ကိုယ့္အားကိုယ္ ကိုးတတ္ခဲ့တယ္ ။ လဲက်သြားတဲ့အခါ ကိုယ္ထူၿပီး ကိုယ္ကိုယ္တိုင္ပဲ ထခဲ့ရတယ္ ။ ဘယ္သူမွ မလိုခဲ့တာမဟုတ္ပါဘူး ရင္နာနာနဲ႔ ၀န္ခံရရင္ ဘယ္သူမွ ရွိမေနခဲ့တာပါ။

ဒီလိုနဲ႔ … ၿပိဳလဲခ်င္တဲ့အခါတိုင္း ကိုယ့္လက္ကေလးကို ကိုယ္ကိုင္ၿပီး ကိုယ့္ကိုယ္ကိုယ္ အားေပးႏွစ္သိမ့္ရင္း မနက္ျဖန္ေတြကို ႀကိဳဖို႔ အားေတြ တင္းရတယ္ ။ နင့္ေဘးမွာ နင္တစ္ေယာက္လုံးရွိေသးတာပဲေလ ဘာလို႔အားငယ္ေနမွာလဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း