မျက်ရည်ကျတိုင်း ပျော့ညံ့တာမှ မဟုတ်တာ

ကျွန်မ နာကျင်လွန်းတဲ့အခါ မျက်ရည်ကျတတ်ပါတယ် ဒါကို ပျော့ညံ့လိုက်တာဆိုပြီး ခေါင်းစဥ်တွေ မတပ်နဲ့

ကျွန်မ မိန်းမသားဆိုပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ကြိုးစားနေတဲ့ မိန်းမပါ ကိုယ့်အတွက် ဘယ်ပုခုံးမှ မလိုအပ်ဘူးဆိုတာထက် ကိုယ့်ကို အပူပေးမယ့် ဘယ်လက်တစ်စုံကိုမှ မတောင့်တတတ်ခဲ့တာပါ

ကျွန်မဘ၀မှာ ကြုံလာတဲ့ ဒုက္ခတွေအကုန် ကျွန်မ တစ်ယောက်တည်း ခါးစည်းခံခဲ့ရတာပါ တစ်ခါတစ်ရံကျတော့လဲ အရမ်းကို နာကျင်ရသလို အရမ်းလဲ အထီးကျန်ရပါတယ် နဲနဲပဲဖြစ်ဖြစ် ငိုချဖို့ အခွင့်အရေးတော့ ကျွန်မမှာ ရှိတယ်မဟုတ်လား အဲ့တာကို ပျော့ညံ့လိုက်တာဆိုတဲ့ ခေါင်းစဥ်တွေ မတပ်ပါနဲ့ မျက်ရည်ကျတိုင်း ပျော့ညံ့တာမှ မဟုတ်တာ

အရမ်းကို မွန်းကျပ်လာတဲ့အခါ အနည်းအနဲ နဲ့အများတော့မျက်ရည်ကျတတ်ကြတဲ့ လူတွေချည်းပဲလေ ကျွန်မလဲ လူထဲက လူပါပဲ ဘယ်လောက်ပဲ သန်မာပါတယ် ပြောပြော တစ်ကြိမ်တစ်ခါတော့ လက်လျှော့ချင်ကြမှာပဲလေ ဒါပေမယ့် အခုမျက်ရည်ကျတာက အရှုံးပေးဖို့အတွက်မဟုတ်ဘူး

မခံမရပ်နိုင်အောင် နာကျင်လွန်းလို့ ဖြေသိမ့်လို ဖြေသိမ့်ငြား ငိုချမိတာပါ ငိုပြီးသွားတဲ့အခါ ကျွန်မ သာမန်ထက် နှစ်ဆပိုပြီး သန်မာရတာပဲလေ ငိုချလိုက်ရုံပါ သနားစေချင်လို့ ငိုပြနေတာမဟုတ်ဘူး ကျွန်မက သနားခံလူတန်းစားမဟုတ်ဘူးလေ

ကျွန်မအပေါ် သနားဖို့လဲ မလိုဘူး စာနာပြဖို့လဲ မလိုဘူး အဓိကက ကိုယ့်လမ်းကိုယ်လျှောက်နေတာကို ခြေထိုးမခံရင်ပဲ ကူညီရာ ရောက်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ နာက်င္လြန္းတဲ့အခါ မ်က္ရည္က်တတ္ပါတယ္ ဒါကို ေပ်ာ့ညံ့လိုက္တာဆိုၿပီး ေခါင္းစဥ္ေတြ မတပ္နဲ႔

ကြၽန္မ မိန္းမသားဆိုေပမယ့္ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္ဖို႔ ႀကိဳးစားေနတဲ့ မိန္းမပါ ကိုယ့္အတြက္ ဘယ္ပုခုံးမွ မလိုအပ္ဘူးဆိုတာထက္ ကိုယ့္ကို အပူေပးမယ့္ ဘယ္လက္တစ္စုံကိုမွ မေတာင့္တတတ္ခဲ့တာပါ

ကြၽန္မဘ၀မွာ ႀကဳံလာတဲ့ ဒုကၡေတြအကုန္ ကြၽန္မ တစ္ေယာက္တည္း ခါးစည္းခံခဲ့ရတာပါ တစ္ခါတစ္ရံက်ေတာ့လဲ အရမ္းကို နာက်င္ရသလို အရမ္းလဲ အထီးက်န္ရပါတယ္ နဲနဲပဲျဖစ္ျဖစ္ ငိုခ်ဖို႔ အခြင့္အေရးေတာ့ ကြၽန္မမွာ ရွိတယ္မဟုတ္လား အဲ့တာကို ေပ်ာ့ညံ့လိုက္တာဆိုတဲ့ ေခါင္းစဥ္ေတြ မတပ္ပါနဲ႔ မ်က္ရည္က်တိုင္း ေပ်ာ့ညံ့တာမွ မဟုတ္တာ

အရမ္းကို မြန္းက်ပ္လာတဲ့အခါ အနည္းအနဲ နဲ႔အမ်ားေတာ့မ်က္ရည္က်တတ္ၾကတဲ့ လူေတြခ်ည္းပဲေလ ကြၽန္မလဲ လူထဲက လူပါပဲ ဘယ္ေလာက္ပဲ သန္မာပါတယ္ ေျပာေျပာ တစ္ႀကိမ္တစ္ခါေတာ့ လက္ေလွ်ာ့ခ်င္ၾကမွာပဲေလ ဒါေပမယ့္ အခုမ်က္ရည္က်တာက အရႈံးေပးဖို႔အတြက္မဟုတ္ဘူး

မခံမရပ္ႏိုင္ေအာင္ နာက်င္လြန္းလို႔ ေျဖသိမ့္လို ေျဖသိမ့္ျငား ငိုခ်မိတာပါ ငိုၿပီးသြားတဲ့အခါ ကြၽန္မ သာမန္ထက္ ႏွစ္ဆပိုၿပီး သန္မာရတာပဲေလ ငိုခ်လိုက္႐ုံပါ သနားေစခ်င္လို႔ ငိုျပေနတာမဟုတ္ဘူး ကြၽန္မက သနားခံလူတန္းစားမဟုတ္ဘူးေလ

ကြၽန္မအေပၚ သနားဖို႔လဲ မလိုဘူး စာနာျပဖို႔လဲ မလိုဘူး အဓိကက ကိုယ့္လမ္းကိုယ္ေလွ်ာက္ေနတာကို ေျခထိုးမခံရင္ပဲ ကူညီရာ ေရာက္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း