တချို့လူတွေက ကိုယ် ယုံကြည်ရလောက်တဲ့အထိ မထိုက်တန်ကြဘူး

တစ်ယောက်ယောက် နောက်ကျောကို ဓားနဲ့ထိုးတဲ့အခါ နာကျင်ရတာထက် အဲ့ထိုးတဲ့လက်က ကိုယ် အယုံကြည်ဆုံးလူတစ်ယောက် ဖြစ်နေမှာကို ပိုပြီးကြောက်တာပါ ။ ဖက်ပြီးထိုးတဲ့ဓားတွေက အပြင်ကလှမ်းပြီးထိုးတဲ့ ဓားတွေထက် ပိုပြီးနက်တတ်တဲ့ သဘောမှာရှိတယ် ။

ယုံကြည်မှုတဲ့ စကားလုံးလေးတစ်လုံးတည်းပါပဲ ။ ဒါပေမယ့် တည်ဆောက်ယူဖို့ကျတော့ အချိန်တွေ နှစ်နှစ်လလ ကြာတတ်တယ် ပြိုပျက်သွားဖို့ကျတော့ စကားလေးတစ်ခွန်းကြောင့်ပဲ ဖြစ်ဖြစ် လုပ်ရပ်လေးတစ်ခုကြောင့်ပဲဖြစ်ဖြစ် အချိန်ခဏလေးအတွင်းမှာ ပျက်စီးသွားတတ်တယ်လေ ။ ခက်တာက အဲ့ဒီယုံကြည်မှုကို အလွဲသုံးစား လုပ်သွားကြတာပဲ ခက်တာပါ ။

ကိုယ် လူတစ်ယောက်ကို ယုံကြည်ဖို့ခက်တယ် ။ ယုံမိပြန်ရင်လဲ အရာရာကို ယုံကြည်မိသွားတဲ့အထိ ဖြစ်တတ်တဲ့စိတ်ကလဲ ခက်တာပါ ။ ကိုယ်ကပဲ ကံမကောင်းဘူးလို့ထင်ပါတယ် အဲ့လိုယုံကြည်မိတာနဲ့ တစ်ဆက်တည်း အနောက်မှာ သစ္စာဖောက်ခံရတာပါပဲ ။

ရန်သူတွေကိုလဲ မကြောက်ဘူး ကိုယ့်ကို မုန်းတဲ့သူတွေကိုလဲ မကြောက်ဘူး သေချာပြန်တွေးကြည့်တဲ့အခါ ကိုယ်ရခဲ့တဲ့ ဒဏ်ရာတွေမှာ ဘယ်အနာကမှ ကိုယ့်ရန်သူ တွေ ကိုယ့်ကို မုန်းတဲ့သူတွေ ပေးခဲ့တာတွေ မပါဘူးလေ ။ ကိုယ့်ကို ချစ်လှပါချည်ရဲ့လို့ပြောတဲ့လူတွေကြောင့် ကိုယ့်မှာ မကြာခဏနာကျင်ခဲ့ရဖူးပါတယ် ။

မင်းကို မကျေနပ်ဘူး ဆိုပြီး ရှေ့တည့်တည့် ခုတ်တဲ့ဓားတွေက ရှောင်ချိန်ရသေးတယ် ကိုယ်ညံ့မှ ကိုယ်ခံရမှာလေ ။ ငါမင်းကို ခင်လို့ပါ ဆိုပြီး ကိုယ့်အနားမှာ ရပ်နေလူတွေ ထိုးတဲ့ဓားက ရှောင်ချိန်ရဖို့မပြောနဲ့ နောက်ဆုံး ဓားလာစိုက်မှာ ကိုယ့်မှာ နင့်ကနဲ့ နာရတာလေ ဒါတောင် ကိုယ့်မှာ နောက်မလှည့်ကြည့်ရဲဘူး အဲ့ဒီ ဓားကို ကိုင်ထားတဲ့လက်တစ်စုံက ကိုယ် အယုံကြည်ရဆုံးသူ ဖြစ်နေမှာ စိုးတယ်လေ ။

တကယ်ပါ . . .တချို့တွေက ကိုယ်ယုံကြည်ရလောက်တဲ့ထိ မထိုက်တန်ကြဘူး ။ တကယ်ပါ . . .တချို့တွေက သိပ်ကို ဟန်ဆောင်ကောင်းကြတာ တစ်ဖက်မှာ မုန်းလို့မုန်းနေမှန်းမသိအောင်ကို ဟန်ဆောင်ကောင်းကြတာ ။ ကိုယ်ညံ့လို့ကိုယ်ခံရတယ်လို့ပြောရအောင်လဲ သူ့ကို ကိုယ်လိုပဲ ထင်ခဲ့မိတာကိုပဲ ကိုယ့်ကိုယ်ကို အပြစ်တင်ပါတယ် ။

တကယ်ပါ …. တချို့လူတွေက ကိုယ် ယုံကြည်ရလောက်တဲ့အထိ မထိုက်တန်ကြဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တစ္ေယာက္ေယာက္ ေနာက္ေက်ာကို ဓားနဲ႔ထိုးတဲ့အခါ နာက်င္ရတာထက္ အဲ့ထိုးတဲ့လက္က ကိုယ္ အယုံၾကည္ဆုံးလူတစ္ေယာက္ ျဖစ္ေနမွာကို ပိုၿပီးေၾကာက္တာပါ ။ ဖက္ၿပီးထိုးတဲ့ဓားေတြက အျပင္ကလွမ္းၿပီးထိုးတဲ့ ဓားေတြထက္ ပိုၿပီးနက္တတ္တဲ့ သေဘာမွာရွိတယ္ ။

ယုံၾကည္မႈတဲ့ စကားလုံးေလးတစ္လုံးတည္းပါပဲ ။ ဒါေပမယ့္ တည္ေဆာက္ယူဖို႔က်ေတာ့ အခ်ိန္ေတြ ႏွစ္ႏွစ္လလ ၾကာတတ္တယ္ ၿပိဳပ်က္သြားဖို႔က်ေတာ့ စကားေလးတစ္ခြန္းေၾကာင့္ပဲ ျဖစ္ျဖစ္ လုပ္ရပ္ေလးတစ္ခုေၾကာင့္ပဲျဖစ္ျဖစ္ အခ်ိန္ခဏေလးအတြင္းမွာ ပ်က္စီးသြားတတ္တယ္ေလ ။ ခက္တာက အဲ့ဒီယုံၾကည္မႈကို အလြဲသုံးစား လုပ္သြားၾကတာပဲ ခက္တာပါ ။

ကိုယ္ လူတစ္ေယာက္ကို ယုံၾကည္ဖို႔ခက္တယ္ ။ ယုံမိျပန္ရင္လဲ အရာရာကို ယုံၾကည္မိသြားတဲ့အထိ ျဖစ္တတ္တဲ့စိတ္ကလဲ ခက္တာပါ ။ ကိုယ္ကပဲ ကံမေကာင္းဘူးလို႔ထင္ပါတယ္ အဲ့လိုယုံၾကည္မိတာနဲ႔ တစ္ဆက္တည္း အေနာက္မွာ သစၥာေဖာက္ခံရတာပါပဲ ။

ရန္သူေတြကိုလဲ မေၾကာက္ဘူး ကိုယ့္ကို မုန္းတဲ့သူေတြကိုလဲ မေၾကာက္ဘူး ေသခ်ာျပန္ေတြးၾကည့္တဲ့အခါ ကိုယ္ရခဲ့တဲ့ ဒဏ္ရာေတြမွာ ဘယ္အနာကမွ ကိုယ့္ရန္သူ ေတြ ကိုယ့္ကို မုန္းတဲ့သူေတြ ေပးခဲ့တာေတြ မပါဘူးေလ ။ ကိုယ့္ကို ခ်စ္လွပါခ်ည္ရဲ႕လို႔ေျပာတဲ့လူေတြေၾကာင့္ ကိုယ့္မွာ မၾကာခဏနာက်င္ခဲ့ရဖူးပါတယ္ ။

မင္းကို မေက်နပ္ဘူး ဆိုၿပီး ေရွ႕တည့္တည့္ ခုတ္တဲ့ဓားေတြက ေရွာင္ခ်ိန္ရေသးတယ္ ကိုယ္ညံ့မွ ကိုယ္ခံရမွာေလ ။ ငါမင္းကို ခင္လို႔ပါ ဆိုၿပီး ကိုယ့္အနားမွာ ရပ္ေနလူေတြ ထိုးတဲ့ဓားက ေရွာင္ခ်ိန္ရဖို႔မေျပာနဲ႔ ေနာက္ဆုံး ဓားလာစိုက္မွာ ကိုယ့္မွာ နင့္ကနဲ႔ နာရတာေလ ဒါေတာင္ ကိုယ့္မွာ ေနာက္မလွည့္ၾကည့္ရဲဘူး အဲ့ဒီ ဓားကို ကိုင္ထားတဲ့လက္တစ္စုံက ကိုယ္ အယုံၾကည္ရဆုံးသူ ျဖစ္ေနမွာ စိုးတယ္ေလ ။

တကယ္ပါ . . .တခ်ိဳ႕ေတြက ကိုယ္ယုံၾကည္ရေလာက္တဲ့ထိ မထိုက္တန္ၾကဘူး ။ တကယ္ပါ . . .တခ်ိဳ႕ေတြက သိပ္ကို ဟန္ေဆာင္ေကာင္းၾကတာ တစ္ဖက္မွာ မုန္းလို႔မုန္းေနမွန္းမသိေအာင္ကို ဟန္ေဆာင္ေကာင္းၾကတာ ။ ကိုယ္ညံ့လို႔ကိုယ္ခံရတယ္လို႔ေျပာရေအာင္လဲ သူ႔ကို ကိုယ္လိုပဲ ထင္ခဲ့မိတာကိုပဲ ကိုယ့္ကိုယ္ကို အျပစ္တင္ပါတယ္ ။

တကယ္ပါ …. တခ်ိဳ႕လူေတြက ကိုယ္ ယုံၾကည္ရေလာက္တဲ့အထိ မထိုက္တန္ၾကဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း