ပြတ်သားသင့်တာကို အချိန်မီပြတ်သားနိုင်မှ နောင်တစ်ချိန်မှာ နောင်တတွေနဲ့ မနေရမှာပါ

ပတ်ဝန်းကျင်မှာကြုံတွေ့နေရတာလေးထဲကတစ်ခု ကိုယ်ချစ်သူ ကိုယ့်အိမ်ထောင်ဖက်ကို လာပြီး မထိတထိလုပ်နေတဲ့ သူငယ်ချင်းကို အားနာလို့ ဘာမပြောပဲ ဒီအတိုင်းနေရမလား ပြတ်ပြတ်သားသား ပြောသင့်လားဆိုတာလေး

ဒီနေ့ ညီမလေးတစ်ယောက် သူ့အဖြစ်အပျက်လေးကို ရင်ဖွင့်လာတယ် ။

မမရေ ညီမက အိမ်ထောင်ရှိပါတယ် ။ ကလေး နှစ်ယောက်လည်းရှိပါတယ် ။ ညီမတို့အိမ်ထောင်ရေးလည်း အဆင်ပြေပါတယ် ။ ခုက ညီမနဲ့ခင်တဲ့ သူငယ်ချင်းက ညီမယောကျာ်းကို အထာတွေလာပေးနေလို့ စိတ်တွေလည်း ညစ်ရပါတယ်ဆိုပြီး ရင်ဖွင့်လာတယ် ။

ညီမအိမ်ကို မိုးတောင်မလင်းသေးဘူး ဈေးဝယ်သွားရင်း လမ်းကြုံလို့ပါဆိုပြီး လာတယ် ။ တစ်ခါတစ်လေ ညီမတောင် မနိုးသေးဘူး သူကရောက်လာတယ် ။ ညီမက သူငယ်ချင်းဆိုတော့ အားနာလို့ ဘာမပြောထွက်ဘူး ။ ခုဆို ညီမ ယောကျာ်းအကောင့်ကိုက သူက ညဆို စာတွေပို့ပို့လာတယ် ။ ယောကျာ်းနဲ့ကိုယ်နဲ့ ဘေးချင်းကပ်အိပ်နေတာ ညီမဆီကျ စာမပို့ပဲ ညီမယောကျာ်းဆီ စာပို့လာတယ် ။ ညီမ ဘယ်လိုလုပ်သင့်လဲ

ညီမရေ ဒီအချိန်မှာ သူငယ်ချင်းကိုပြောမထွက်လို့ အားနာလို့ဆိုရင် နောင်တစ်ချိန် ကိုယ့်မိသားစုပြိုကွဲတာ ခံရမယ်လို့ အခြေအနေ မကောင်းဘူး ဆိုးဆိုးလာတယ်ဆိုရင်တော့ စောစောစီးစီးအပြတ်ပြောလိုက်တာ အကောင်းဆုံးပဲလို့

သူတောင် သူငယ်ချင်းဆိုတဲ့မျက်နှာမထောက် ကိုယ့်အမျိုးသားကို အထာပေးတဲ့ပုံစံလာလုပ်နေရင် ကိုယ်လည်း သူငယ်ချင်းဆိုပြီး အားနာစရာမလိုဘူးလို့ ခု ကိုဗစ်ကလည်း အရမ်းဖြစ်နေတော့ ကိုဗစ်ကြောင့် အိမ်ကို အပြင်လူလက်မခံဘူး အိမ်လာလည်တာလေး သည်းခံပေးဆိုပြီး ပြောလိုက်ပါလို့

ပြတ်သားသင့်တာကို အချိန်မီပြတ်သားနိုင်မှ နောင်တစ်ချိန်မှာ နောင်တတွေနဲ့ မနေရမှာပါ

 

ပတ္ဝန္းက်င္မွာႀကဳံေတြ႕ေနရတာေလးထဲကတစ္ခု ကိုယ္ခ်စ္သူ ကိုယ့္အိမ္ေထာင္ဖက္ကို လာၿပီး မထိတထိလုပ္ေနတဲ့ သူငယ္ခ်င္းကို အားနာလို႔ ဘာမေျပာပဲ ဒီအတိုင္းေနရမလား ျပတ္ျပတ္သားသား ေျပာသင့္လားဆိုတာေလး

ဒီေန႔ ညီမေလးတစ္ေယာက္ သူ႔အျဖစ္အပ်က္ေလးကို ရင္ဖြင့္လာတယ္ ။

မမေရ ညီမက အိမ္ေထာင္ရွိပါတယ္ ။ ကေလး ႏွစ္ေယာက္လည္းရွိပါတယ္ ။ ညီမတို႔အိမ္ေထာင္ေရးလည္း အဆင္ေျပပါတယ္ ။ ခုက ညီမနဲ႔ခင္တဲ့ သူငယ္ခ်င္းက ညီမေယာက်ာ္းကို အထာေတြလာေပးေနလို႔ စိတ္ေတြလည္း ညစ္ရပါတယ္ဆိုၿပီး ရင္ဖြင့္လာတယ္ ။

ညီမအိမ္ကို မိုးေတာင္မလင္းေသးဘူး ေဈးဝယ္သြားရင္း လမ္းႀကဳံလို႔ပါဆိုၿပီး လာတယ္ ။ တစ္ခါတစ္ေလ ညီမေတာင္ မႏိုးေသးဘူး သူကေရာက္လာတယ္ ။ ညီမက သူငယ္ခ်င္းဆိုေတာ့ အားနာလို႔ ဘာမေျပာထြက္ဘူး ။ ခုဆို ညီမ ေယာက်ာ္းအေကာင့္ကိုက သူက ညဆို စာေတြပို႔ပို႔လာတယ္ ။ ေယာက်ာ္းနဲ႔ကိုယ္နဲ႔ ေဘးခ်င္းကပ္အိပ္ေနတာ ညီမဆီက် စာမပို႔ပဲ ညီမေယာက်ာ္းဆီ စာပို႔လာတယ္ ။ ညီမ ဘယ္လိုလုပ္သင့္လဲ

ညီမေရ ဒီအခ်ိန္မွာ သူငယ္ခ်င္းကိုေျပာမထြက္လို႔ အားနာလို႔ဆိုရင္ ေနာင္တစ္ခ်ိန္ ကိုယ့္မိသားစုၿပိဳကြဲတာ ခံရမယ္လို႔ အေျခအေန မေကာင္းဘူး ဆိုးဆိုးလာတယ္ဆိုရင္ေတာ့ ေစာေစာစီးစီးအျပတ္ေျပာလိုက္တာ အေကာင္းဆုံးပဲလို႔

သူေတာင္ သူငယ္ခ်င္းဆိုတဲ့မ်က္ႏွာမေထာက္ ကိုယ့္အမ်ိဳးသားကို အထာေပးတဲ့ပုံစံလာလုပ္ေနရင္ ကိုယ္လည္း သူငယ္ခ်င္းဆိုၿပီး အားနာစရာမလိုဘူးလို႔ ခု ကိုဗစ္ကလည္း အရမ္းျဖစ္ေနေတာ့ ကိုဗစ္ေၾကာင့္ အိမ္ကို အျပင္လူလက္မခံဘူး အိမ္လာလည္တာေလး သည္းခံေပးဆိုၿပီး ေျပာလိုက္ပါလို႔

ျပတ္သားသင့္တာကို အခ်ိန္မီျပတ္သားႏိုင္မွ ေနာင္တစ္ခ်ိန္မွာ ေနာင္တေတြနဲ႔ မေနရမွာပါ