နာကျင်နေလဲ ပြုံးထားနိုင်ဖို့ အတိတ်မှာ မျက်ရည်တွေ ဘယ်လောက်ရင်းခဲ့ရလဲ သူတို့မသိဘူး

သူတို့မသိဘူး .. နာကျင်နေလဲ ပြုံးထားနိုင်ဖို့ အတိတ်မှာ မျက်ရည်တွေ ဘယ်လောက်ရင်းခဲ့ရလဲ သူတို့မသိဘူး ။ ဒီလောက်နာကျင်ရတာတောင် မျက်ရည်မကျတဲ့အထိ အေးစက်သွားတယ်ဆိုတဲ့ စကားလုံးတွေပဲ ထွက်လာတယ် ။ လူပါ … နှလုံးသွေးလည်ပတ်နေသရွေ့ ခံစားတတ်တဲ့ နှလုံးသားတွေ ရှိနေဦးမှာပါပဲ ။ ဒါပေမယ့် ကျွန်မ နှစ်ခါ မရှုံးချင်လို့ နာကျင်ရဲ့ ပြုံးထားတာပါ ။

သူတို့မသိဘူး … ဆုံးရှုံးသွားလဲ ခံနိုင်ရည်ရှိဖို့ ကြေကွဲမှုတွေ ဘယ်လောက်ထိ ရင်းထဲလဲ သူတို့မသိဘူး ။ သူတို့ထင်တာ လွယ်လွယ်လေး လက်လွှတ်ပေးပြီး လွယ်လွယ်ကူကူလေး ပျော်ရွှင်တတ်သူပဲလို့ မြင်တတ်ကြတာလေ။ တကယ်တမ်းကျတော့ ကျွန်မက သိပ်ကို အစွဲအလမ်းကြီးခဲ့တာ သူ မရှိလဲ ဖြစ်ပါတယ်ဆိုတဲ့ ပုံစံမျိုးချိုးဖို့ ညတွေမှာ ခိုးငိုခဲ့ရပြီး နာနေတဲ့ရင်ဘတ်ကိုဖိပြီး ကျွန်မ ပြုံးရယ်ပြလိုက်တာပါ ။

သူတို့မသိဘူး … လိမ်ညာသွားလဲ ဟန်မပျက်နေဖို့ သောကတွေ ဘယ်လောက်ရင်းခဲ့ရလဲ သူတို့မသိဘူး ။ သူတို့အထင် အဆင်ပြေပါတယ်လို့ပဲ မြင်ကြရုံပါ ။ တကယ်တမ်းကျတော့ သောကတွေနဲ့ ရင်တစ်ခုလုံး လောင်ကျွမ်းနေရတတ်တယ် ။

လူတွေက ဒီလိုပါပဲ … အပေါ်ယံအမြင်လောက်နဲ့ လူတစ်ယောက်ကို ဆုံးဖြတ် အကဲဖြတ်တတ်ကြတယ် ။ တစ်ဖက်လူရဲ့ ခံစားချက်တွေကို မြင်အောင် မကြည့်တတ်ခဲ့ကြသလို ဘယ်သူကမှလဲ နားလည်မပေးခဲ့ကြဘူး ။ ဒီလိုနဲ့ ကျွန်မ ဟန်မပျက်အောင် ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေခဲ့မိတာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူတို႔မသိဘူး .. နာက်င္ေနလဲ ၿပဳံးထားႏိုင္ဖို႔ အတိတ္မွာ မ်က္ရည္ေတြ ဘယ္ေလာက္ရင္းခဲ့ရလဲ သူတို႔မသိဘူး ။ ဒီေလာက္နာက်င္ရတာေတာင္ မ်က္ရည္မက်တဲ့အထိ ေအးစက္သြားတယ္ဆိုတဲ့ စကားလုံးေတြပဲ ထြက္လာတယ္ ။ လူပါ … ႏွလုံးေသြးလည္ပတ္ေနသေ႐ြ႕ ခံစားတတ္တဲ့ ႏွလုံးသားေတြ ရွိေနဦးမွာပါပဲ ။ ဒါေပမယ့္ ကြၽန္မ ႏွစ္ခါ မရႈံးခ်င္လို႔ နာက်င္ရဲ႕ ၿပဳံးထားတာပါ ။

သူတို႔မသိဘူး … ဆုံးရႈံးသြားလဲ ခံႏိုင္ရည္ရွိဖို႔ ေၾကကြဲမႈေတြ ဘယ္ေလာက္ထိ ရင္းထဲလဲ သူတို႔မသိဘူး ။ သူတို႔ထင္တာ လြယ္လြယ္ေလး လက္လႊတ္ေပးၿပီး လြယ္လြယ္ကူကူေလး ေပ်ာ္႐ႊင္တတ္သူပဲလို႔ ျမင္တတ္ၾကတာေလ။ တကယ္တမ္းက်ေတာ့ ကြၽန္မက သိပ္ကို အစြဲအလမ္းႀကီးခဲ့တာ သူ မရွိလဲ ျဖစ္ပါတယ္ဆိုတဲ့ ပုံစံမ်ိဳးခ်ိဳးဖို႔ ညေတြမွာ ခိုးငိုခဲ့ရၿပီး နာေနတဲ့ရင္ဘတ္ကိုဖိၿပီး ကြၽန္မ ၿပဳံးရယ္ျပလိုက္တာပါ ။

သူတို႔မသိဘူး … လိမ္ညာသြားလဲ ဟန္မပ်က္ေနဖို႔ ေသာကေတြ ဘယ္ေလာက္ရင္းခဲ့ရလဲ သူတို႔မသိဘူး ။ သူတို႔အထင္ အဆင္ေျပပါတယ္လို႔ပဲ ျမင္ၾက႐ုံပါ ။ တကယ္တမ္းက်ေတာ့ ေသာကေတြနဲ႔ ရင္တစ္ခုလုံး ေလာင္ကြၽမ္းေနရတတ္တယ္ ။

လူေတြက ဒီလိုပါပဲ … အေပၚယံအျမင္ေလာက္နဲ႔ လူတစ္ေယာက္ကို ဆုံးျဖတ္ အကဲျဖတ္တတ္ၾကတယ္ ။ တစ္ဖက္လူရဲ႕ ခံစားခ်က္ေတြကို ျမင္ေအာင္ မၾကည့္တတ္ခဲ့ၾကသလို ဘယ္သူကမွလဲ နားလည္မေပးခဲ့ၾကဘူး ။ ဒီလိုနဲ႔ ကြၽန္မ ဟန္မပ်က္ေအာင္ ကိုယ့္ကိုယ္ကိုယ္ လိမ္ညာေနခဲ့မိတာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း