မိန်းမသားတစ်ယောက်ပါ ဒါပေမယ့် . . . . .

ပင်ပန်းလားလို့ မေးရင် အရမ်းကို ပင်ပန်းနေပါပြီဒါပေမယ့် . . . . မနားရဲသေးဘူး ကိုယ်လုပ်မှ ကိုယ်စားရတဲ့ ဘ၀လေ ။

အနောက်ကို လှည့်ကြည့်လို့လဲ ကျောထောက်နောက်ခံ ရယ်လို့ မရှိပါဘူး ကျွန်မအပေါ် မျှော်လင့်ချက်တွေနဲ့ အားကိုးတကြီး ကြည့်နေရှာတဲ့ မျက်လုံးတွေပဲ တွေ့တယ် ကျွန်မဘယ်သူ့ကိုမှလဲ အားမကိုးရဲဘူး စာနာသလိုလို ဖေးမမလိုလိုနဲ့ အကြိမ်ကြိမ်တွန်းချခံရပြီးပြီလေ

အားကိုးချင်တဲ့ စိတ်လေး ၀င်လာတိုင်း နင် မမှတ်သေးဘူးလားဆိုတဲ့ စကား ကိုယ့်ကိုယ်ကိုယ် အဖန်တလဲလဲ ပြန်ပြောမိတယ် ကျွန်မ ပျော့ညံ့ပစ်လိုက်လို့ မရသေးဘူး ကျွန်မ ပင်ပန်းလိုက်တာဆိုပြီး အားလျော့ပစ်လိုက်လို့ မရသေးဘူး ကျွန်မ ဘ၀မှာ ကျွန်မကိုယ်တိုင်ပဲရှိပါတယ်

မျက်နှာ ကြီးရာ ဟင်းဖက်ပါတဲ့ လောကလေ ငွေရှိမှ ရွှေရှိမှ ဆွေမျိုးစပ်ချင်တဲ့သူများတာ သိတယ်မဟုတ်လား ငွေမရှိတဲ့ ဘ၀ မျက်နှာမွဲတဲ့ ကျွန်မ အတွက်တော့ ဆွေမျိုးဆိုတာက ကျွန်မကို အပုတ်ခတ်ဆုံးပဲ အပြစ်ရှာနေတဲ့ မျက်လုံးတွေကြားမှာ ကျွန်မ ကိုယ် ကျွန်မ မနည်းရပ်တည်ရတယ်

မကြားတစ်ချက် ကြားတစ်ချက်ပြောတတ်တဲ့ ပတ်၀န်းကျင်စကားတွေကို မခံစားတတ်သလို ဟန်ဆောင်တတ်လာတယ် ကျွန်မ မိန်းမသားတစ်ယောက်ပါ ဒါပေမယ့် . . . . . ဘယ်ပခုံးမှ မလိုအပ်ဘူး ကျွန်မ ခြေထောက်ပေါ် ကျွန်မရပ်ဖို့ အတတ်နိုင်ဆုံးကြိုးစားတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ပင္ပန္းလားလို႔ ေမးရင္ အရမ္းကို ပင္ပန္းေနပါၿပီဒါေပမယ့္ . . . . မနားရဲေသးဘူး ကိုယ္လုပ္မွ ကိုယ္စားရတဲ့ ဘ၀ေလ ။

အေနာက္ကို လွည့္ၾကည့္လို႔လဲ ေက်ာေထာက္ေနာက္ခံ ရယ္လို႔ မရွိပါဘူး ကြၽန္မအေပၚ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ အားကိုးတႀကီး ၾကည့္ေနရွာတဲ့ မ်က္လုံးေတြပဲ ေတြ႕တယ္ ကြၽန္မဘယ္သူ႔ကိုမွလဲ အားမကိုးရဲဘူး စာနာသလိုလို ေဖးမမလိုလိုနဲ႔ အႀကိမ္ႀကိမ္တြန္းခ်ခံရၿပီးၿပီေလ

အားကိုးခ်င္တဲ့ စိတ္ေလး ၀င္လာတိုင္း နင္ မမွတ္ေသးဘူးလားဆိုတဲ့ စကား ကိုယ့္ကိုယ္ကိုယ္ အဖန္တလဲလဲ ျပန္ေျပာမိတယ္ ကြၽန္မ ေပ်ာ့ညံ့ပစ္လိုက္လို႔ မရေသးဘူး ကြၽန္မ ပင္ပန္းလိုက္တာဆိုၿပီး အားေလ်ာ့ပစ္လိုက္လို႔ မရေသးဘူး ကြၽန္မ ဘ၀မွာ ကြၽန္မကိုယ္တိုင္ပဲရွိပါတယ္

မ်က္ႏွာ ႀကီးရာ ဟင္းဖက္ပါတဲ့ ေလာကေလ ေငြရွိမွ ေ႐ႊရွိမွ ေဆြမ်ိဳးစပ္ခ်င္တဲ့သူမ်ားတာ သိတယ္မဟုတ္လား ေငြမရွိတဲ့ ဘ၀ မ်က္ႏွာမြဲတဲ့ ကြၽန္မ အတြက္ေတာ့ ေဆြမ်ိဳးဆိုတာက ကြၽန္မကို အပုတ္ခတ္ဆုံးပဲ အျပစ္ရွာေနတဲ့ မ်က္လုံးေတြၾကားမွာ ကြၽန္မ ကိုယ္ ကြၽန္မ မနည္းရပ္တည္ရတယ္

မၾကားတစ္ခ်က္ ၾကားတစ္ခ်က္ေျပာတတ္တဲ့ ပတ္၀န္းက်င္စကားေတြကို မခံစားတတ္သလို ဟန္ေဆာင္တတ္လာတယ္ ကြၽန္မ မိန္းမသားတစ္ေယာက္ပါ ဒါေပမယ့္ . . . . . ဘယ္ပခုံးမွ မလိုအပ္ဘူး ကြၽန္မ ေျခေထာက္ေပၚ ကြၽန္မရပ္ဖို႔ အတတ္ႏိုင္ဆုံးႀကိဳးစားတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း