တန်ရာတန်ရာ …..

တန်ရာတန်ရာ …..

ခွင့်လွှတ်မှုနဲ့ထိုက်တန်တဲ့လူတွေအတွက်ပဲ ခွင့်လွှတ်ခြင်းတွေ ပေးပါ … လူတိုင်းဟာခွင့်လွတ်ခြင်းတွေနဲ့ မတန်တတ်ဘူးလို့ပြောတဲ့အခါ ကျွန်မကို အကောင်းမမြင်တတ်ဘူးလို့ထင်ကောင်းထင်လိမ့်မယ် တကယ်တမ်းကျတော့ အကြိမ်ကြိမ် ခွင့်လွှတ်ခဲ့သည့်တိုင် မတန်တဲ့သူတွေနဲ့ ကျွန်မကိုယ်တိုင် ကြုံခဲ့တွေ့ခဲ့ရဖူးတာပါ နားလည်လာပါ မြင်လာမှာပါ ပြုပြင်လာမှာပါ စသည်ဖြင့်ပေါ့ ကိုယ်အကောင်းတွေအများကြီး မြင်ခဲ့ဖူးတယ် ဒါပေမယ့် မတန်တဲ့သူက မတန်တာပါပဲ ပြန်ပြီးဖောက်ပြားဖို့မခက်ခဲတော့သလို အဆိုးဆုံးကတော့ သူအရင်လိုပဲ ခွင့်လွတ်ပေးနေဦးမှာပဲ ဆိုတဲ့အတွေး ဝင်သွားခဲ့တာပါ ။

ကိုယ့်အချစ်နဲ့တန်တဲ့သူကိုပဲ အချစ်တွေပေးပါ .. လူတိုင်းကို မေတ္တာထားကောင်းပေမယ့် အချစ်ဆိုတာကိုတော့ ထိုက်တန်တဲ့သူ တစ်ယောက်အတွက်ပဲ ဖြစ်သင့်တယ် ။ နှစ်ဦးနှစ်ဖက် မကြည့်တတ်တဲ့သူကို ကိုယ့်အချစ်တွေကို မြင်စေချင်လို့မရဘူး ။ အချစ်မရှိတဲ့သူကို ကိုယ့်အချစ်တွေပေးနေရုံနဲ့ ပြန်ချစ်လာလိမ့်မယ်လို့မထင်စေချင်တော့ဘူး ။ တစ်နေ့ကျရင်ဆိုတဲ့ မျှော်လင့်ချက်လေးတွေဟာ ဘယ်တော့မှ မဖြစ်နိုင်တဲ့လူတွေအပေါ်ထားတဲ့အခါ ကိုယ်ပဲ နာကျင်ရတာ အဖတ်တင်လိမ့်မယ် ။

တန်ဖိုးမထားတတ်တဲ့သူကို တန်ဖိုးရှိကြောင်း ကြိုးစားပြနေဖို့မလိုဘူး … စိန်တစ်ပွင့် လမ်းပေါ်ပြုတ်ကျနေတဲ့အခါ စိန်ရဲ့တန်ဖိုးကို သိတဲ့သူက အငမ်းမရ ကောက်မှာပါပဲ ဘာကြောင့်ဆို တန်ဖိုးရှိမှန်း သိတယ်လေ ။ တချို့တွေကျတော့ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာရဲ့တန်ဖိုး မသိနားမလည်ပဲ ချောင်ထိုးထားတတ်တယ် ။ အဲ့ဒီအရပ်မှာရပ်ရင်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိပါလားလို့တွေးနေတာတွေကို ရပ်လိုက်ပါ … ဘယ်အရာမဆို တန်ဖိုးထားတတ်သူရဲ့လက်ထဲမှာရှိနေမှ တန်ဖိုးထားတတ်ကြတာပါ ။

တန်ရာတန်ရာပေါ့ … ဒီလူက စေတနာတွေထားလို့ရတယ်ဆို ထားပြီး ဒီလူက မေတ္တာတွေထားလို့ရတယ်ဆိုရင်တော့ မေတ္တာတွေထားလိုက်ပေ့ါ ။ နေရာတကာမှာ ကိုယ်နဲ့ယှဉ်ပြီး နားလည်ကောင်းရဲ့ဆိုပြီး အချိန်တွေအကြာကြီးဖြုန်းဖို့မသင့်တော့ဘူး ။ ပြောင်းလဲလာမလားလို့စောင့်ရင်း ကျွန်မတို့မျှော်လင့်နေလို့မဖြစ်တော့ဘူး ။ သူနဲ့တန်တဲ့အရာကိုပဲ သူ့ကိုပေးလိုက်တာ ကောင်းပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တန္ရာတန္ရာ …..

ခြင့္လႊတ္မႈနဲ႔ထိုက္တန္တဲ့လူေတြအတြက္ပဲ ခြင့္လႊတ္ျခင္းေတြ ေပးပါ … လူတိုင္းဟာခြင့္လြတ္ျခင္းေတြနဲ႔ မတန္တတ္ဘူးလို႔ေျပာတဲ့အခါ ကြၽန္မကို အေကာင္းမျမင္တတ္ဘူးလို႔ထင္ေကာင္းထင္လိမ့္မယ္ တကယ္တမ္းက်ေတာ့ အႀကိမ္ႀကိမ္ ခြင့္လႊတ္ခဲ့သည့္တိုင္ မတန္တဲ့သူေတြနဲ႔ ကြၽန္မကိုယ္တိုင္ ႀကဳံခဲ့ေတြ႕ခဲ့ရဖူးတာပါ နားလည္လာပါ ျမင္လာမွာပါ ျပဳျပင္လာမွာပါ စသည္ျဖင့္ေပါ့ ကိုယ္အေကာင္းေတြအမ်ားႀကီး ျမင္ခဲ့ဖူးတယ္ ဒါေပမယ့္ မတန္တဲ့သူက မတန္တာပါပဲ ျပန္ၿပီးေဖာက္ျပားဖို႔မခက္ခဲေတာ့သလို အဆိုးဆုံးကေတာ့ သူအရင္လိုပဲ ခြင့္လြတ္ေပးေနဦးမွာပဲ ဆိုတဲ့အေတြး ဝင္သြားခဲ့တာပါ ။

ကိုယ့္အခ်စ္နဲ႔တန္တဲ့သူကိုပဲ အခ်စ္ေတြေပးပါ .. လူတိုင္းကို ေမတၱာထားေကာင္းေပမယ့္ အခ်စ္ဆိုတာကိုေတာ့ ထိုက္တန္တဲ့သူ တစ္ေယာက္အတြက္ပဲ ျဖစ္သင့္တယ္ ။ ႏွစ္ဦးႏွစ္ဖက္ မၾကည့္တတ္တဲ့သူကို ကိုယ့္အခ်စ္ေတြကို ျမင္ေစခ်င္လို႔မရဘူး ။ အခ်စ္မရွိတဲ့သူကို ကိုယ့္အခ်စ္ေတြေပးေန႐ုံနဲ႔ ျပန္ခ်စ္လာလိမ့္မယ္လို႔မထင္ေစခ်င္ေတာ့ဘူး ။ တစ္ေန႔က်ရင္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးေတြဟာ ဘယ္ေတာ့မွ မျဖစ္ႏိုင္တဲ့လူေတြအေပၚထားတဲ့အခါ ကိုယ္ပဲ နာက်င္ရတာ အဖတ္တင္လိမ့္မယ္ ။

တန္ဖိုးမထားတတ္တဲ့သူကို တန္ဖိုးရွိေၾကာင္း ႀကိဳးစားျပေနဖို႔မလိုဘူး … စိန္တစ္ပြင့္ လမ္းေပၚျပဳတ္က်ေနတဲ့အခါ စိန္ရဲ႕တန္ဖိုးကို သိတဲ့သူက အငမ္းမရ ေကာက္မွာပါပဲ ဘာေၾကာင့္ဆို တန္ဖိုးရွိမွန္း သိတယ္ေလ ။ တခ်ိဳ႕ေတြက်ေတာ့ ကိုယ္ပိုင္ဆိုင္ထားတဲ့အရာရဲ႕တန္ဖိုး မသိနားမလည္ပဲ ေခ်ာင္ထိုးထားတတ္တယ္ ။ အဲ့ဒီအရပ္မွာရပ္ရင္း ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးမရွိပါလားလို႔ေတြးေနတာေတြကို ရပ္လိုက္ပါ … ဘယ္အရာမဆို တန္ဖိုးထားတတ္သူရဲ႕လက္ထဲမွာရွိေနမွ တန္ဖိုးထားတတ္ၾကတာပါ ။

တန္ရာတန္ရာေပါ့ … ဒီလူက ေစတနာေတြထားလို႔ရတယ္ဆို ထားၿပီး ဒီလူက ေမတၱာေတြထားလို႔ရတယ္ဆိုရင္ေတာ့ ေမတၱာေတြထားလိုက္ေပ့ါ ။ ေနရာတကာမွာ ကိုယ္နဲ႔ယွဥ္ၿပီး နားလည္ေကာင္းရဲ႕ဆိုၿပီး အခ်ိန္ေတြအၾကာႀကီးျဖဳန္းဖို႔မသင့္ေတာ့ဘူး ။ ေျပာင္းလဲလာမလားလို႔ေစာင့္ရင္း ကြၽန္မတို႔ေမွ်ာ္လင့္ေနလို႔မျဖစ္ေတာ့ဘူး ။ သူနဲ႔တန္တဲ့အရာကိုပဲ သူ႔ကိုေပးလိုက္တာ ေကာင္းပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း