တချို့လူတွေက ကိုယ့်အနားက ယူဖို့သက်သက် လူဖြစ်လာတာပါ

တချို့လူတွေက ကိုယ့်အနားက ယူဖို့သက်သက် လူဖြစ်လာတာပါ ။

ကိုယ်ပေးနိုင်တဲ့အရာတွေ ရှိတဲ့အခါ အသွားအပြန်တွေ အလျားအနံတွေ မတွက်ပဲ စိတ်သန့်သန့်နဲ့သာ ပေးတတ်အောင် ကြိုးစားပါ ။ လူတိုင်းက ကိုယ့်လို ပြန်ပြီးသိတတ်ကြတာမဟုတ်ဘူး ။ ယူဖို့ပဲ တတ်ကြတာလေ ။

မေတ္တာတွေ စစ်မှန်ရင် …ရောင်ပြန်ဟပ်တတ်တယ်တဲ့ ဒါပေမယ့် အဲ့လိုလူဆီကနေတော့ ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူးလေ ။ သံသရာတစ်ကွေ့မှာတော့ … ကိုယ်ပေးခဲ့တဲ့ စေတနာတွေအတွက် ထိုက်တန်တဲ့အရာတွေ ပြန်ပြီးရလာပါလိမ့်မယ် ။

လူတွေက … အရှုံးပေးရင် ပိုပြီးနင်းချင်ကြတယ် ပိုပြီး အနိုင်ယူချင်ကြတယ် ။ ပေးမှန်းသိရင် … ပိုပြီးလိုချင်ကြတယ် ပိုပြီးယူတတ်ကြတယ် ။ လူချင်းတူကြပေမယ့်လဲ သူတို့က ပြန်ပြီးပေးရမယ်ဆိုတဲ့ စိတ်တွေ မွေးကတည်းက မပါတတ်ကြဘူးလေ ။

ကိုယ်ပေးနိုင်တဲ့အရာရှိရင် ပေးလိုက်ပါ ။ အနောက်မှာ ပြန်ပြီးရလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလဲမထားနဲ့ ပြန်ပြီး သိတတ်လာလိမ့်မယ်ဆိုပြီး ကိုယ်နဲ့လဲ မနှိုင်းနဲ့ … တချို့လူတွေ ကိုယ့်ဆီက ယူဖို့သက်သက် လူဖြစ်လာကြတာ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

 

တခ်ိဳ႕လူေတြက ကိုယ့္အနားက ယူဖို႔သက္သက္ လူျဖစ္လာတာပါ ။

ကိုယ္ေပးႏိုင္တဲ့အရာေတြ ရွိတဲ့အခါ အသြားအျပန္ေတြ အလ်ားအနံေတြ မတြက္ပဲ စိတ္သန္႔သန္႔နဲ႔သာ ေပးတတ္ေအာင္ ႀကိဳးစားပါ ။ လူတိုင္းက ကိုယ့္လို ျပန္ၿပီးသိတတ္ၾကတာမဟုတ္ဘူး ။ ယူဖို႔ပဲ တတ္ၾကတာေလ ။

ေမတၱာေတြ စစ္မွန္ရင္ …ေရာင္ျပန္ဟပ္တတ္တယ္တဲ့ ဒါေပမယ့္ အဲ့လိုလူဆီကေနေတာ့ ဘယ္ေတာ့မွ ျပန္လာမွာမဟုတ္ဘူးေလ ။ သံသရာတစ္ေကြ႕မွာေတာ့ … ကိုယ္ေပးခဲ့တဲ့ ေစတနာေတြအတြက္ ထိုက္တန္တဲ့အရာေတြ ျပန္ၿပီးရလာပါလိမ့္မယ္ ။

လူေတြက … အရႈံးေပးရင္ ပိုၿပီးနင္းခ်င္ၾကတယ္ ပိုၿပီး အႏိုင္ယူခ်င္ၾကတယ္ ။ ေပးမွန္းသိရင္ … ပိုၿပီးလိုခ်င္ၾကတယ္ ပိုၿပီးယူတတ္ၾကတယ္ ။ လူခ်င္းတူၾကေပမယ့္လဲ သူတို႔က ျပန္ၿပီးေပးရမယ္ဆိုတဲ့ စိတ္ေတြ ေမြးကတည္းက မပါတတ္ၾကဘူးေလ ။

ကိုယ္ေပးႏိုင္တဲ့အရာရွိရင္ ေပးလိုက္ပါ ။ အေနာက္မွာ ျပန္ၿပီးရလာလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြလဲမထားနဲ႔ ျပန္ၿပီး သိတတ္လာလိမ့္မယ္ဆိုၿပီး ကိုယ္နဲ႔လဲ မႏႈိင္းနဲ႔ … တခ်ိဳ႕လူေတြ ကိုယ့္ဆီက ယူဖို႔သက္သက္ လူျဖစ္လာၾကတာ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း