ဘယ်အရာကိုမှ မလိုချင်တော့တာမဟုတ်ဘူး … ဘယ်အရာကိုမှ မမျှော်လင့်ရဲတော့တာပါ

ဘယ်အရာကိုမှ မလိုချင်တော့တာမဟုတ်ဘူး … ဘယ်အရာကိုမှ မမျှော်လင့်ရဲတော့တာပါ ။

အရင်ကဆို အိပ်မက်တွေ အများကြီးမက်ခဲ့ဖူးသလို မျှော်လင့်ချက်တွေကို အများကြီးထားတယ် ။ ကိုယ်မျှော်လင့်ထားတဲ့အရာတွေ ဖြစ်မလာတဲ့အခါ ကိုယ်မျှော်လင့်ထားသလို ရမလာတဲ့အခါ ကျွန်မ သိပ်ကို နာကျင်ခဲ့ရဖူးတာပေါ့ ။

ကတိတွေပေးလာတဲ့အခါ ..ဖြစ်လာလိမ့်မယ်ဆိုတဲ့ တထစ်ချ ယုံကြည်ချက်ကြီးထားတယ် ဖြစ်မလာတ​ဲ့အခါ … ပုံမှန်ထက်ပိုပြီး နာကျင်ခံစားရတယ် ။ ကျွန်မ ဘယ်အရာကိုမှ မလိုချင်တော့တာမဟုတ်ပဲ မျှော်လင့်ရဲတဲ့ သတ္တိတွေ တဖြေးဖြေးမဲ့လာတာပါ ။

ဖြစ်လာလိမ့်မှာဆိုပြီး တစ်ထစ်ချ ယုံကြည်ထားတဲ့အရာတွေနဲ့ တက်တက်စင်အောင် လွဲခဲ့ပြီးသလို တစ်နေ့ကျရင် ရလာလိမ့်မယ်ဆိုတဲ့ အရာတွေ အားလုံးကိုလဲ နာနာကျင်ကျင် ဆုံးရှုံးခဲ့ဖူးပြီးပြီလေ ။ ထပ်ပြီး မျှော်လင့်ရအောင်ကျပြန်တော့လဲ ဘာကို မှ ထပ်ပြီး မမျှော်လင့်ရဲတော့ သလိုပါပဲ ။

ဒီအချိန် ဘာလိုချင်လဲလို့မေးရင် … ကျွန်မ ဘာကိုမှ မလိုချင်ဘူးလို့ပဲ ညာမယ် ။ ဘာကြောင့်လဲလို့ မေးရင် ရလာလိမ့်မယ်ဆိုပြီး တလောကလုံးကို ကြွေးကြော်ထားပြီးမှ ဖြစ်မလာတာထက်စာရင် ကိုယ်တစ်ယောက်တည်း တိတ်တိတ်လေး နာကျင်ရတာက ပိုကောင်းပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

 

ဘယ္အရာကိုမွ မလိုခ်င္ေတာ့တာမဟုတ္ဘူး … ဘယ္အရာကိုမွ မေမွ်ာ္လင့္ရဲေတာ့တာပါ ။

အရင္ကဆို အိပ္မက္ေတြ အမ်ားႀကီးမက္ခဲ့ဖူးသလို ေမွ်ာ္လင့္ခ်က္ေတြကို အမ်ားႀကီးထားတယ္ ။ ကိုယ္ေမွ်ာ္လင့္ထားတဲ့အရာေတြ ျဖစ္မလာတဲ့အခါ ကိုယ္ေမွ်ာ္လင့္ထားသလို ရမလာတဲ့အခါ ကြၽန္မ သိပ္ကို နာက်င္ခဲ့ရဖူးတာေပါ့ ။

ကတိေတြေပးလာတဲ့အခါ ..ျဖစ္လာလိမ့္မယ္ဆိုတဲ့ တထစ္ခ် ယုံၾကည္ခ်က္ႀကီးထားတယ္ ျဖစ္မလာတ​ဲ့အခါ … ပုံမွန္ထက္ပိုၿပီး နာက်င္ခံစားရတယ္ ။ ကြၽန္မ ဘယ္အရာကိုမွ မလိုခ်င္ေတာ့တာမဟုတ္ပဲ ေမွ်ာ္လင့္ရဲတဲ့ သတၱိေတြ တေျဖးေျဖးမဲ့လာတာပါ ။

ျဖစ္လာလိမ့္မွာဆိုၿပီး တစ္ထစ္ခ် ယုံၾကည္ထားတဲ့အရာေတြနဲ႔ တက္တက္စင္ေအာင္ လြဲခဲ့ၿပီးသလို တစ္ေန႔က်ရင္ ရလာလိမ့္မယ္ဆိုတဲ့ အရာေတြ အားလုံးကိုလဲ နာနာက်င္က်င္ ဆုံးရႈံးခဲ့ဖူးၿပီးၿပီေလ ။ ထပ္ၿပီး ေမွ်ာ္လင့္ရေအာင္က်ျပန္ေတာ့လဲ ဘာကို မွ ထပ္ၿပီး မေမွ်ာ္လင့္ရဲေတာ့ သလိုပါပဲ ။

ဒီအခ်ိန္ ဘာလိုခ်င္လဲလို႔ေမးရင္ … ကြၽန္မ ဘာကိုမွ မလိုခ်င္ဘူးလို႔ပဲ ညာမယ္ ။ ဘာေၾကာင့္လဲလို႔ ေမးရင္ ရလာလိမ့္မယ္ဆိုၿပီး တေလာကလုံးကို ေႂကြးေၾကာ္ထားၿပီးမွ ျဖစ္မလာတာထက္စာရင္ ကိုယ္တစ္ေယာက္တည္း တိတ္တိတ္ေလး နာက်င္ရတာက ပိုေကာင္းပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း