အမေကို ချစ်တဲ့ သား….

အမေကို ချစ်တဲ့ သား….

အဲ့လိုသားမျိုးကို ရထားတဲ့ အမေအတွက်တော့ သိပ်ကို ကောင်းတဲ့ ဆုလာဒ်ပါ .. ဒါပေမယ့် အဲ့လိုယောက်ျားမျိုးကို ရထားတဲ့ မိန်းမအတွက်ကတော့ တကယ့်ကို ၀ဋ်ကြွေးပါပဲ ။ သူက သိပ်လိမ္မာတာ သိပ်သိတတ်တာ ဒါပေမယ့် အိမ်ထောင်မှုတာ၀န်ဆိုတာကိုတော့ သူမသိတတ်ခဲ့ဘူး ။

ဇနီး နဲ့ သားကို ပစ်ပယ်ထားပြီးမှ ချစ်လို့ရတာမဟုတ်ဘူးလေ ။ နှစ်ဦးနှစ်ဖက် မျှမျှတတလေး ချစ်တတ်ရင်တော့ ပိုပြီးကောင်းတာပေါ့ ။ အမေကို ချစ်တာဟာ အပြစ်မဟုတ်ပါဘူး ။ ဒါပေမယ့် ကိုယ့် ဇနီး ကိုယ့်သားသမီးကို မျက်ကွယ်ပြုထားတာကတော့ သိပ်ကို ရက်စက်ရာ ရောက်သွားပြီ ။

ဒီလိုယောက်ျားမျိုးတွေကိုရတဲ့ မိန်းမတွေက များသောအားဖြင့် ဒူးနဲ့ မျက်ရည်သုတ်ရတာများတယ် ။ အမေကို မချစ်နဲ့လို့ပြောပြန်ရင်လဲ ကိုယ်က လူဆိုးမကြီး ဖြစ်ဦးမယ် ။ ဒါပေမယ့် မိသားစုကို သိပ်ပြီး တွယ်တာတတ်ပြီး ကိုယ့်ဇနီးနဲ့ ကိုယ့်သားကို ပစ်ထားတာကျ ဘယ်သူမှ မမြင်တတ်ကြဘူးလေ ။

အဲ့လိုသားမျိုးကို ရထားတဲ့ အမေအတွက်တော့ သိပ်ကို ကောင်းတဲ့ ဆုလာဒ်ပါ .. ဒါပေမယ့် အဲ့လိုယောက်ျားမျိုးကို ရထားတဲ့ မိန်းမအတွက်ကတော့ တကယ့်ကို ၀ဋ်ကြွေးပါပဲ ။ ဖြစ်နိုင်ရင် ဒီလို ယောက်ျားမျိုးကို ရှောင်စေချင်တယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

 

အေမကို ခ်စ္တဲ့ သား….





မိန်းမသားတို့အတွက်
သျှင်ယွန်း