မမှားပဲနဲ့လဲ တောင်းပန်ခဲ့ဖူးပါတယ် ။

မမှားပဲနဲ့လဲ တောင်းပန်ခဲ့ဖူးပါတယ် ။

ဘာကြောင့်လဲလို့ မေးတဲ့အခါ ကိုယ့်မာနာတွေထက် သံယောဇဥ်တွေကို ပိုပြီး အလေးထားခဲ့မိတာ လို့ပဲ ဖြေရမှာပေါ့ ။ မမှားပါပဲနဲ့ အထင်လွဲနေတဲ့အရာတွေကို ကိုယ် ခေါင်းငုံ့ပြီး တောင်းပန်လိုက်ရုံနဲ့ အဆင်ပြေသွားလိမ့်မယ်လို့ ထင်ခဲ့တာတွေလဲ ပါတယ် ။

သံယောဇဥ် … သူမရှိတော့ရင်ဆိုတဲ့ စိတ်ကလဲ သံယောဇဥ်ကြောင့် ဖြစ်ခဲ့တဲ့ စိတ်ပါပဲ ။ အဆင်ပြေချင်စိတ်နဲ့ ပိုပြီးသည်းခံခဲ့ဖူးသလိုပါပဲ … ကိုယ်မမှားပါပဲနဲ့ တောင်းပန်ခဲ့ဖူးတယ် ။ ဒါ … မာနတွေ မဲ့နေခဲ့လို့မဟုတ်ပဲ ဒါ … သံယောဇဥ်တွေကို ပိုပြီး အလေးအနက်ထားခဲ့တာပါ ။

အရှုံးပေးထားပါတယ်ဆိုကာမှ ပိုပြီး တက်နင်းချင်ကြတဲ့လူတွေကြားမှာ တစ်ခါတစ်လေကျတော့ တွေးမိတယ် ။ ကိုယ်ချလိုက်တဲ့ မာနတွေဟာ သူတို့နင်းဖို့များ ဖြစ်သွားပြီလားပေါ့ ။ ဘယ်သူကမှ မာနတွေ မဲ့မနေကြသလို ဘယ်သူကမှ အကြောင်းမရှိ သည်းခံနေကြတာမဟုတ်ပါဘူး ။

ငြိုငြင်သွားရင်ဆိုတဲ့စိတ်တွေကြောင့်ပဲ … သံယောဇဥ်တွေကြောင့်ပဲ မမှားပဲနဲ့ ကျွန်မ တောင်းပန်ခဲ့ဖူးသလို လွန်နေမှန်းသိသိနဲ့လဲ သည်းခံခဲ့ဖူးတယ် ။ ဒါကပဲ ကျွန်မ အားနည်းချက်တွေဖြစ်လာတာကတော့ ကံတရားပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မမွားပဲနဲ႔လဲ ေတာင္းပန္ခဲ့ဖူးပါတယ္ ။

ဘာေၾကာင့္လဲလို႔ ေမးတဲ့အခါ ကိုယ့္မာနာေတြထက္ သံေယာဇဥ္ေတြကို ပိုၿပီး အေလးထားခဲ့မိတာ လို႔ပဲ ေျဖရမွာေပါ့ ။ မမွားပါပဲနဲ႔ အထင္လြဲေနတဲ့အရာေတြကို ကိုယ္ ေခါင္းငုံ႔ၿပီး ေတာင္းပန္လိုက္႐ုံနဲ႔ အဆင္ေျပသြားလိမ့္မယ္လို႔ ထင္ခဲ့တာေတြလဲ ပါတယ္ ။

သံေယာဇဥ္ … သူမရွိေတာ့ရင္ဆိုတဲ့ စိတ္ကလဲ သံေယာဇဥ္ေၾကာင့္ ျဖစ္ခဲ့တဲ့ စိတ္ပါပဲ ။ အဆင္ေျပခ်င္စိတ္နဲ႔ ပိုၿပီးသည္းခံခဲ့ဖူးသလိုပါပဲ … ကိုယ္မမွားပါပဲနဲ႔ ေတာင္းပန္ခဲ့ဖူးတယ္ ။ ဒါ … မာနေတြ မဲ့ေနခဲ့လို႔မဟုတ္ပဲ ဒါ … သံေယာဇဥ္ေတြကို ပိုၿပီး အေလးအနက္ထားခဲ့တာပါ ။

အရႈံးေပးထားပါတယ္ဆိုကာမွ ပိုၿပီး တက္နင္းခ်င္ၾကတဲ့လူေတြၾကားမွာ တစ္ခါတစ္ေလက်ေတာ့ ေတြးမိတယ္ ။ ကိုယ္ခ်လိုက္တဲ့ မာနေတြဟာ သူတို႔နင္းဖို႔မ်ား ျဖစ္သြားၿပီလားေပါ့ ။ ဘယ္သူကမွ မာနေတြ မဲ့မေနၾကသလို ဘယ္သူကမွ အေၾကာင္းမရွိ သည္းခံေနၾကတာမဟုတ္ပါဘူး ။

ၿငိဳျငင္သြားရင္ဆိုတဲ့စိတ္ေတြေၾကာင့္ပဲ … သံေယာဇဥ္ေတြေၾကာင့္ပဲ မမွားပဲနဲ႔ ကြၽန္မ ေတာင္းပန္ခဲ့ဖူးသလို လြန္ေနမွန္းသိသိနဲ႔လဲ သည္းခံခဲ့ဖူးတယ္ ။ ဒါကပဲ ကြၽန္မ အားနည္းခ်က္ေတြျဖစ္လာတာကေတာ့ ကံတရားေပါ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း