မတူတဲ့ဘဝတွေ လောကမှာ အများကြီးရှိနေပါသေးတယ်

ဘဝတွေ . . .မတူတဲ့ဘဝတွေ လောကမှာ အများကြီးရှိနေပါသေးတယ် သင်မသိသေးတဲ့ သင်မမြင်နိုင်သေးတဲ့ ဘဝတွေလဲ အများကြီးပါသေးတယ် ။ ဒါကို သင်လက်ခံတယ်ဆိုရင် လူတိုင်းကို ကိုယ့်ဘ၀နဲ့ နှိုင်းပြီး ကိုယ့်မှာ ရှိတဲ့ ပေတံလေးနဲ့တိုင်းပြီး ရှုံ့ချတာမျိုး အပုတ်ချတာမျိုးမလုပ်နဲ့ ။

အပေါ်ယံလေးကို မြင်ပြီးပဲ အရာရာကို ဆုံးဖြတ်ပစ်လိုက်လို့မရဘူး ။ တချို့က အပေါ်ယံလေးက သိပ်လှတယ် ဒါပေမယ့် စိတ်ဓာတ်တွေကကျ ပုတ်ပွနေတတ်တာမျိုးလေ ။ အပေါ်ယံတွေထဲမှာ အ၀တ်အစား အဆင်အယင်တွေလဲ ပါတယ် ။ လူကို ကြည့်ရင် မင်သား ရှုံးတယ် မင်းသမီးရှုံးအောင် ပြင်တယ် ဆင်တယ် ။ ကိုယ့်အခြေအနေမှန်ကို ကိုယ် လက်ခံရဲတဲ့ ဥာဏ်ကျတော့ မရှိဘူး ။ တဲစုတ်လေးနဲ့ နေရတော့ကော ရှက်စရာလား ။ မရှိတာကို အရှိတွေလုပ်ပြီး မသိအောင် ဖုံးဖို့ကြိုးစားကြတဲ့လူတွေ အများကြီးပါ ။ သိန်းကျော်တန် ဆလင်းဘတ်ကြီးကိုင်ပြီး အိတ်ထဲမှာအပေါင်စာရွက်တဲ့ကြီးပဲ ရှိနေတဲ့လူတွေမှ ကိုယ့်ဘေးနားမှာ အများကြီးပဲ ။ ၀မရှိပဲ ဝိလုပ်ဖို့ကြိုးစားနေကြတဲ့သူတွေပေါ့ ။

လူတွေကလဲ ခက်တယ် အဲ့လိုလူမျိုးတွေကိုမှ အပေါင်းအသင်းလုပ်ပြီး ယုံကြည်ချင်ကြတာလေ . .. နောက်ဆုံး ဖွတ်ထွက်မှ တောင်ပို့မှန်းသိကြတာမျိုးပေါ့ . အဲ့လိုအချိန်မျိုးမှတော့ နောင်တတွေက လွဲလို့ဘာမှ ရှိလာတော့မှာမဟုတ်ဘူး ။

လောကမှာ . . .ရိုးသားတဲ့သူတွေက နေရာမရတတ်ကြဘူးတဲ့ အဲ့လိုလဲ တစ်ယူသန်မတွေးပါနဲ့ ကိုယ်ရိုးသားပါတယ်လို့ဘယ်သူ့ကိုမှ ကြေငြာပြနေစရာမလိုဘူး ကိုယ့်လိပ်ပြာကိုယ်လုံနေရင်ကို ဖြစ်ပါတယ် ။ ခိုးမစားဘူး ဝှက်မစားဘူး သမာအာဇီ၀ကျကျ စီးပွားရှာနေတဲ့ လူတွေမှ အများကြီးပါ အဲ့လိုလူမျိုးတွေကို အားပေးဖို့ကြိုးစားခဲ့ဖူးလား ရပါတယ် အားမပေးချင်နေပါ မရှုပ်ချပါနဲ့ လူတိုင်းက သူ့ကံနဲ့ သူ ကံလာတယ်ဆိုပေမယ့် တချို့တွေက ဖြစ်ချင်လို့ဖြစ်လာရတဲ့ ဘဝတွေမဟုတ်ပဲ မဖြစ်ချင်ပဲ ရှောင်လွဲခွင့်မရခဲ့တဲ့ကံကြောင့် မနိမ့်ကျချင်ပါပဲ ကိုယ့်ကိုယ်ကိုယ် နိမ့်ချပစ်လိုက်ရတဲ့ ဘဝတွေလဲ ရှိပါတယ်

ဒီစာကို ဖတ်ပြီးသွားတဲ့အခါ . . .လမ်းဘေးက စျေးရောင်းနေတဲ့ ကလေးငယ်လေးကို နှာခေါင်းမရှုံ့နဲ့တော့ . . . ကိုယ်၀ယ်ချင်စိတ်ရှိတဲ့အခါ ၀ယ်ပေးလိုက် ကိုယ်မ၀ယ်ချင်တဲ့အခါ မျက်နှာလွဲနေပေးလိုက် အကုသိုလ်မဖြစ်တော့ဘူး ။

ဒီစာကို ဖတ်ပြီးသွားတဲ့ . . .ရပ်ကွက်ထဲက အမေကိုပစ်ထားပြီး မင်းသမီးရှုံးအောင် ပြင်တတ်တဲ့ကလေးမလေးအကြောင်းလဲ မပြောနဲ့တော့ သူ့ဘ၀နဲ့သူ ကိုယ့်ဘ၀နဲ့ ကိုယ်ဘဝလေ ။ အလကား အကုသိုလ်တွေမယူနဲ့တော့ ။ ပြီးတော့လူတစ်ယောက်ကို အပေါ်ယံလေးကြည့်ပြီး ဆုံးဖြတ်တတ်တဲ့အကျင့်လေးကိုတော့ ရအောင်ပြင်ပါ ။ ယုံကြည်မှုဆိုတာ . . လူတိုင်းနဲ့ မထိုက်တတ်သလို ကိုယ့်စကားတစ်ခွန်းကြောင့် တစ်ဖက်သား ထိခိုက်နစ်နာသွားရတာမျိုးလဲ မကောင်းဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဘဝေတြ . . .မတူတဲ့ဘဝေတြ ေလာကမွာ အမ်ားႀကီးရွိေနပါေသးတယ္ သင္မသိေသးတဲ့ သင္မျမင္ႏိုင္ေသးတဲ့ ဘဝေတြလဲ အမ်ားႀကီးပါေသးတယ္ ။ ဒါကို သင္လက္ခံတယ္ဆိုရင္ လူတိုင္းကို ကိုယ့္ဘ၀နဲ႔ ႏႈိင္းၿပီး ကိုယ့္မွာ ရွိတဲ့ ေပတံေလးနဲ႔တိုင္းၿပီး ရႈံ႕ခ်တာမ်ိဳး အပုတ္ခ်တာမ်ိဳးမလုပ္နဲ႔ ။

အေပၚယံေလးကို ျမင္ၿပီးပဲ အရာရာကို ဆုံးျဖတ္ပစ္လိုက္လို႔မရဘူး ။ တခ်ိဳ႕က အေပၚယံေလးက သိပ္လွတယ္ ဒါေပမယ့္ စိတ္ဓာတ္ေတြကက် ပုတ္ပြေနတတ္တာမ်ိဳးေလ ။ အေပၚယံေတြထဲမွာ အ၀တ္အစား အဆင္အယင္ေတြလဲ ပါတယ္ ။ လူကို ၾကည့္ရင္ မင္သား ရႈံးတယ္ မင္းသမီးရႈံးေအာင္ ျပင္တယ္ ဆင္တယ္ ။ ကိုယ့္အေျခအေနမွန္ကို ကိုယ္ လက္ခံရဲတဲ့ ဥာဏ္က်ေတာ့ မရွိဘူး ။ တဲစုတ္ေလးနဲ႔ ေနရေတာ့ေကာ ရွက္စရာလား ။ မရွိတာကို အရွိေတြလုပ္ၿပီး မသိေအာင္ ဖုံးဖို႔ႀကိဳးစားၾကတဲ့လူေတြ အမ်ားႀကီးပါ ။ သိန္းေက်ာ္တန္ ဆလင္းဘတ္ႀကီးကိုင္ၿပီး အိတ္ထဲမွာအေပါင္စာ႐ြက္တဲ့ႀကီးပဲ ရွိေနတဲ့လူေတြမွ ကိုယ့္ေဘးနားမွာ အမ်ားႀကီးပဲ ။ ၀မရွိပဲ ဝိလုပ္ဖို႔ႀကိဳးစားေနၾကတဲ့သူေတြေပါ့ ။

လူေတြကလဲ ခက္တယ္ အဲ့လိုလူမ်ိဳးေတြကိုမွ အေပါင္းအသင္းလုပ္ၿပီး ယုံၾကည္ခ်င္ၾကတာေလ . .. ေနာက္ဆုံး ဖြတ္ထြက္မွ ေတာင္ပို႔မွန္းသိၾကတာမ်ိဳးေပါ့ . အဲ့လိုအခ်ိန္မ်ိဳးမွေတာ့ ေနာင္တေတြက လြဲလို႔ဘာမွ ရွိလာေတာ့မွာမဟုတ္ဘူး ။

ေလာကမွာ . . .႐ိုးသားတဲ့သူေတြက ေနရာမရတတ္ၾကဘူးတဲ့ အဲ့လိုလဲ တစ္ယူသန္မေတြးပါနဲ႔ ကိုယ္႐ိုးသားပါတယ္လို႔ဘယ္သူ႔ကိုမွ ေၾကျငာျပေနစရာမလိုဘူး ကိုယ့္လိပ္ျပာကိုယ္လုံေနရင္ကို ျဖစ္ပါတယ္ ။ ခိုးမစားဘူး ဝွက္မစားဘူး သမာအာဇီ၀က်က် စီးပြားရွာေနတဲ့ လူေတြမွ အမ်ားႀကီးပါ အဲ့လိုလူမ်ိဳးေတြကို အားေပးဖို႔ႀကိဳးစားခဲ့ဖူးလား ရပါတယ္ အားမေပးခ်င္ေနပါ မရႈပ္ခ်ပါနဲ႔ လူတိုင္းက သူ႔ကံနဲ႔ သူ ကံလာတယ္ဆိုေပမယ့္ တခ်ိဳ႕ေတြက ျဖစ္ခ်င္လို႔ျဖစ္လာရတဲ့ ဘဝေတြမဟုတ္ပဲ မျဖစ္ခ်င္ပဲ ေရွာင္လြဲခြင့္မရခဲ့တဲ့ကံေၾကာင့္ မနိမ့္က်ခ်င္ပါပဲ ကိုယ့္ကိုယ္ကိုယ္ နိမ့္ခ်ပစ္လိုက္ရတဲ့ ဘဝေတြလဲ ရွိပါတယ္

ဒီစာကို ဖတ္ၿပီးသြားတဲ့အခါ . . .လမ္းေဘးက ေစ်းေရာင္းေနတဲ့ ကေလးငယ္ေလးကို ႏွာေခါင္းမရႈံ႕နဲ႔ေတာ့ . . . ကိုယ္၀ယ္ခ်င္စိတ္ရွိတဲ့အခါ ၀ယ္ေပးလိုက္ ကိုယ္မ၀ယ္ခ်င္တဲ့အခါ မ်က္ႏွာလြဲေနေပးလိုက္ အကုသိုလ္မျဖစ္ေတာ့ဘူး ။

ဒီစာကို ဖတ္ၿပီးသြားတဲ့ . . .ရပ္ကြက္ထဲက အေမကိုပစ္ထားၿပီး မင္းသမီးရႈံးေအာင္ ျပင္တတ္တဲ့ကေလးမေလးအေၾကာင္းလဲ မေျပာနဲ႔ေတာ့ သူ႔ဘ၀နဲ႔သူ ကိုယ့္ဘ၀နဲ႔ ကိုယ္ဘဝေလ ။ အလကား အကုသိုလ္ေတြမယူနဲ႔ေတာ့ ။ ၿပီးေတာ့လူတစ္ေယာက္ကို အေပၚယံေလးၾကည့္ၿပီး ဆုံးျဖတ္တတ္တဲ့အက်င့္ေလးကိုေတာ့ ရေအာင္ျပင္ပါ ။ ယုံၾကည္မႈဆိုတာ . . လူတိုင္းနဲ႔ မထိုက္တတ္သလို ကိုယ့္စကားတစ္ခြန္းေၾကာင့္ တစ္ဖက္သား ထိခိုက္နစ္နာသြားရတာမ်ိဳးလဲ မေကာင္းဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း