ဟန်ဆောင်ခြင်းတွေတစ်ဖက်က မျက်မှာအစစ်အမှန်

လောကမှာ …ဘယ်လိုလူတွေများလဲဆိုရင်

သူတို့ကိုယ်တိုင် ဒဏ်ရာတွေ ပေးပြီး သူတို့ကိုယ်တိုင်ပဲ ပြန်ပြီးစာနာသလိုလို သူတို့ကပဲ ကူညီသလိုလို လုပ်တတ်တဲ့ အတုအယောင် ဒေါက်တာတွေ သိပ်များတယ် ။

မျက်နှာဖုံးတွေ သိပ်သုံးပြီး လူတွေအရှေ့ရောက်တဲ့အခါ ကိုယ့်အပေါ် သည်းသည်းလှုပ် ကောင်းပြတတ်ပြီး ဘယ်သူမှ မမြင်တဲ့တစ်ဖက်မှာ ကိုယ့်ကို မျက်ရည်ကျစေခဲ့တဲ့သူကလဲ သူကိုယ်တိုင်ပါပဲ ။

ဒါပေမယ့် … ကျွန်မနာကျင်နေပြီလို့ပြောတ​ဲ့အခါ ကျွန်မကိုပဲ အပြစ်မြင်တတ်ကြတယ် ။ သူဒီလောက်ကောင်းတာကို သူဒီလောက်ချစ်တာကို ဒီလောက်နင့်အပေါ် ဂရုစိုက်တာကို စတဲ့ အမျိုးမျိုးသော ဝေဖန်ဒဏ်တွေနဲ့ ကျွန်မပဲမှားနေသလိုလို …အပြစ်တင်ပြောဆိုကြတယ် ။

တကယ်ဆိုရင် …ဟန်ဆောင်ခြင်းတွေတစ်ဖက်က မျက်မှာအစစ်အမှန်ကို ကျွန်မပဲ မြင်နေရ တွေ့နေရတာပါ … လူအများအလယ်မှာတော့ သူက မျက်နှာဖုံးအထပ်ထပ်နဲ့ ပြုံးပြနေတာ ဘယ်သူမှ မသိကြဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေလာကမွာ …ဘယ္လိုလူေတြမ်ားလဲဆိုရင္

သူတို႔ကိုယ္တိုင္ ဒဏ္ရာေတြ ေပးၿပီး သူတို႔ကိုယ္တိုင္ပဲ ျပန္ၿပီးစာနာသလိုလို သူတို႔ကပဲ ကူညီသလိုလို လုပ္တတ္တဲ့ အတုအေယာင္ ေဒါက္တာေတြ သိပ္မ်ားတယ္ ။

မ်က္ႏွာဖုံးေတြ သိပ္သုံးၿပီး လူေတြအေရွ႕ေရာက္တဲ့အခါ ကိုယ့္အေပၚ သည္းသည္းလႈပ္ ေကာင္းျပတတ္ၿပီး ဘယ္သူမွ မျမင္တဲ့တစ္ဖက္မွာ ကိုယ့္ကို မ်က္ရည္က်ေစခဲ့တဲ့သူကလဲ သူကိုယ္တိုင္ပါပဲ ။

ဒါေပမယ့္ … ကြၽန္မနာက်င္ေနၿပီလို႔ေျပာတ​ဲ့အခါ ကြၽန္မကိုပဲ အျပစ္ျမင္တတ္ၾကတယ္ ။ သူဒီေလာက္ေကာင္းတာကို သူဒီေလာက္ခ်စ္တာကို ဒီေလာက္နင့္အေပၚ ဂ႐ုစိုက္တာကို စတဲ့ အမ်ိဳးမ်ိဳးေသာ ေဝဖန္ဒဏ္ေတြနဲ႔ ကြၽန္မပဲမွားေနသလိုလို …အျပစ္တင္ေျပာဆိုၾကတယ္ ။

တကယ္ဆိုရင္ …ဟန္ေဆာင္ျခင္းေတြတစ္ဖက္က မ်က္မွာအစစ္အမွန္ကို ကြၽန္မပဲ ျမင္ေနရ ေတြ႕ေနရတာပါ … လူအမ်ားအလယ္မွာေတာ့ သူက မ်က္ႏွာဖုံးအထပ္ထပ္နဲ႔ ၿပဳံးျပေနတာ ဘယ္သူမွ မသိၾကဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း