ပိုင်ဆိုင်တုန်းလေးမှာ တန်ဖိုးထားပါ

တွေ့ဆုံကြုံကွဲ ဖြစ်မြဲ ဓမ္မတာ တဲ့

လူနှစ်ယောက် တွေ့ဆုံတဲ့အခါ လမ်းခွဲဆိုတာ မဖြစ်မနေကြုံရမယ့်အရာပါ ။တချို့က ရေစက်ကုန်သွားလို့ လမ်းခွဲကြရတယ် ။တချို့က ၀ဋ်ကြွေးကုန်လို့ လမ်းခွဲကြရတယ် ။တချို့ကျတော့ သက်တမ်းကုန်သွားလို့ လမ်းခွဲကြရတယ် ။ဘယ်နည်းနဲ့မဆို လမ်းခွဲနှုတ်ဆက်ကြရတာပါပဲ ။

တွေ့ဆုံခြင်းတွေရှိနေသမျှ လက်ပြနှုတ်ဆက်ရတာတွေ ရှိနေဦးမှာပဲ ။ဘာအကြောင်းကြောင့်ဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် မဖြစ်မနေ လမ်းခွဲရတော့မယ်ဆိုရင် အမုန်းတွေ နဲ့ လမ်းခွဲတာမျိုး မဖြစ်စေချင်ဘူး လမ်းမှာပြန်တွေ့တဲ့အခါ လိပ်ပြာသန့်သန့်ပြုံးပြနိုင်ဖို့ လက်ရှိမှာ ကိုယ့်ဘက်က ရိုးသားဖို့လိုတယ် ။

ပိုင်ဆိုင်တုန်းလေးမှာ တန်ဖိုးထားပါ ဝေးသွားမှ လွမ်းရတာမျိုး မဖြစ်စေချင်ဘူး ။တွေ့ဆုံခြင်းတွေကို ခုံမင်ရင် လမ်းခွဲခြင်းကို ကြိုတွေးထားပါ အနည်း နဲ့ အများတော့ ခံနိုင်ရည်ရှိနေဖို့ လိုတယ်လေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေတြ႕ဆုံႀကဳံကြဲ ျဖစ္ၿမဲ ဓမၼတာ တဲ့

လူႏွစ္ေယာက္ ေတြ႕ဆုံတဲ့အခါ လမ္းခြဲဆိုတာ မျဖစ္မေနႀကဳံရမယ့္အရာပါ ။တခ်ိဳ႕က ေရစက္ကုန္သြားလို႔ လမ္းခြဲၾကရတယ္ ။တခ်ိဳ႕က ၀ဋ္ေႂကြးကုန္လို႔ လမ္းခြဲၾကရတယ္ ။တခ်ိဳ႕က်ေတာ့ သက္တမ္းကုန္သြားလို႔ လမ္းခြဲၾကရတယ္ ။ဘယ္နည္းနဲ႔မဆို လမ္းခြဲႏႈတ္ဆက္ၾကရတာပါပဲ ။

ေတြ႕ဆုံျခင္းေတြရွိေနသမွ် လက္ျပႏႈတ္ဆက္ရတာေတြ ရွိေနဦးမွာပဲ ။ဘာအေၾကာင္းေၾကာင့္ျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ မျဖစ္မေန လမ္းခြဲရေတာ့မယ္ဆိုရင္ အမုန္းေတြ နဲ႔ လမ္းခြဲတာမ်ိဳး မျဖစ္ေစခ်င္ဘူး လမ္းမွာျပန္ေတြ႕တဲ့အခါ လိပ္ျပာသန္႔သန္႔ၿပဳံးျပႏိုင္ဖို႔ လက္ရွိမွာ ကိုယ့္ဘက္က ႐ိုးသားဖို႔လိုတယ္ ။

ပိုင္ဆိုင္တုန္းေလးမွာ တန္ဖိုးထားပါ ေဝးသြားမွ လြမ္းရတာမ်ိဳး မျဖစ္ေစခ်င္ဘူး ။ေတြ႕ဆုံျခင္းေတြကို ခုံမင္ရင္ လမ္းခြဲျခင္းကို ႀကိဳေတြးထားပါ အနည္း နဲ႔ အမ်ားေတာ့ ခံႏိုင္ရည္ရွိေနဖို႔ လိုတယ္ေလ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း