စာနာပါတယ်လို့ ပြောရင် … လူကအလိုလို လန့်လာတတ်ခဲ့ပြီ

စာနာပါတယ်လို့ ပြောရင် … လူကအလိုလို လန့်လာတတ်ခဲ့ပြီ ။

ကိုယ်ရခဲ့တဲ့ ဒဏ်ရာတွေကို ပြန်ပြီးရေတွက်ကြည့်တဲ့အခါ … ကိုယ့်ကို မုန်းပါတယ်ဆိုတဲ့ လူတွေပေးတာထက် ကိုယ့်အနားမှာရပ်ပြီး ကိုယ့်ကို ကြင်နာပါတယ် ခင်ပါတယ်ဆိုတဲ့ လူတွေကပဲ ပေးခဲ့တဲ့ ဒဏ်ရာတွေက ပိုပြီးများတယ် ။

ဥပမာ … တစ်ခုခုကြောင့် ကိုယ်နာကျင်ရတဲ့အခါ မုန်းပါတယ်ဆိုတဲ့လူတွေက ကိုယ့်ကို လှည့်တောင်မကြည့်ပဲ ထွက်သွားကြတယ် ။ ကိုယ့်ကို ကြင်နာပါတယ်ဆိုတဲ့ လူတွေကတော့ ဘာတွေများနာကျင်နေလဲဆိုပြီး စကားနှိုက်တယ် ။ ပြီးတော့မှ ကိုယ့်နောက်ကွယ်ရောက်ရင် ကိုယ့်ကို ဟားတိုက်ရယ်ကြတာပဲ ။

လူတိုင်းတော့မဟုတ်ပေမယ့် လူတိုင်းနီးပါးပဲ ။ ဒါကြောင့် ဒီတစ်ခါ ဘာတွေပဲ ဖြစ်ဖြစ် ဖွက်ထားလိုက်ဖို့ပဲတွေးတယ် ပြီးတော့ တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရမှ ကျေနပ်တဲ့စိတ်ကို အသေသတ်လိုက်ပြီး ကိုယ့်အနာကို ကိုယ်ကိုယ်တိုင်ပဲ ဆေးထည့်ပြီး ကြိတ်မှိတ်နေတတ်ခဲ့တာပါ ။

တကယ်ပါ … ကိုယ့်ကို ပစ်ထားတဲ့လူတွေထက်စာရင် ကိုယ့်ကို စာနာပါတယ်ဆိုပြီး ဘေးနားကပ်လာတဲ့လူတွေပဲ ခု ပိုကြောက်နေမိပြီး ။ အစက နားလည်ပါတယ်ပြောပြီး ဘ၀ထဲ တိုး၀င်လာခဲ့တဲ့သူတွေက နားမလည်နိုင်ပါဘူးပြောပြီး ဘ၀ထဲက ပြန်ထွက်သွားကြတာလေ ။ စာနာပါတယ်ဆိုတဲ့ လက်တွေကပဲ ဒဏ်ရာတွေချန်ပြီး ထွက်သွားကြတာပါပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

စာနာပါတယ္လို႔ ေျပာရင္ … လူကအလိုလို လန္႔လာတတ္ခဲ့ၿပီ ။

ကိုယ္ရခဲ့တဲ့ ဒဏ္ရာေတြကို ျပန္ၿပီးေရတြက္ၾကည့္တဲ့အခါ … ကိုယ့္ကို မုန္းပါတယ္ဆိုတဲ့ လူေတြေပးတာထက္ ကိုယ့္အနားမွာရပ္ၿပီး ကိုယ့္ကို ၾကင္နာပါတယ္ ခင္ပါတယ္ဆိုတဲ့ လူေတြကပဲ ေပးခဲ့တဲ့ ဒဏ္ရာေတြက ပိုၿပီးမ်ားတယ္ ။

ဥပမာ … တစ္ခုခုေၾကာင့္ ကိုယ္နာက်င္ရတဲ့အခါ မုန္းပါတယ္ဆိုတဲ့လူေတြက ကိုယ့္ကို လွည့္ေတာင္မၾကည့္ပဲ ထြက္သြားၾကတယ္ ။ ကိုယ့္ကို ၾကင္နာပါတယ္ဆိုတဲ့ လူေတြကေတာ့ ဘာေတြမ်ားနာက်င္ေနလဲဆိုၿပီး စကားႏႈိက္တယ္ ။ ၿပီးေတာ့မွ ကိုယ့္ေနာက္ကြယ္ေရာက္ရင္ ကိုယ့္ကို ဟားတိုက္ရယ္ၾကတာပဲ ။

လူတိုင္းေတာ့မဟုတ္ေပမယ့္ လူတိုင္းနီးပါးပဲ ။ ဒါေၾကာင့္ ဒီတစ္ခါ ဘာေတြပဲ ျဖစ္ျဖစ္ ဖြက္ထားလိုက္ဖို႔ပဲေတြးတယ္ ၿပီးေတာ့ တစ္ေယာက္ေယာက္ကို ရင္ဖြင့္လိုက္ရမွ ေက်နပ္တဲ့စိတ္ကို အေသသတ္လိုက္ၿပီး ကိုယ့္အနာကို ကိုယ္ကိုယ္တိုင္ပဲ ေဆးထည့္ၿပီး ႀကိတ္မွိတ္ေနတတ္ခဲ့တာပါ ။

တကယ္ပါ … ကိုယ့္ကို ပစ္ထားတဲ့လူေတြထက္စာရင္ ကိုယ့္ကို စာနာပါတယ္ဆိုၿပီး ေဘးနားကပ္လာတဲ့လူေတြပဲ ခု ပိုေၾကာက္ေနမိၿပီး ။ အစက နားလည္ပါတယ္ေျပာၿပီး ဘ၀ထဲ တိုး၀င္လာခဲ့တဲ့သူေတြက နားမလည္ႏိုင္ပါဘူးေျပာၿပီး ဘ၀ထဲက ျပန္ထြက္သြားၾကတာေလ ။ စာနာပါတယ္ဆိုတဲ့ လက္ေတြကပဲ ဒဏ္ရာေတြခ်န္ၿပီး ထြက္သြားၾကတာပါပဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း