ကျွန်မ အစွဲအလမ်းကြီးတယ်

ကျွန်မ အစွဲအလမ်းကြီးတယ်

ပြီးတော့ ဘာမဟုတ်တာလေးကိုတောင် အဆုံးစွန်ထိ တွေးပြီး အဆုံးစွန်ထိ ၀မ်းနည်းနေတတ်တဲ့ မိန်းကလေးမျိုးလေ အငြိုးမထားတတ်ဘူး တောင်းပန်လိုက်ရင်ကျေသွားတယ် ဘယ်လောက်ပဲ ခံရခံရ အမှတ်လဲမရှိဘူး ပြီးတော့မှ နောင်တရနေတတ်တာမျိုး ။

ဟန်မဆောင်တတ်ပဲနဲ့လဲ ဟန်ဆောင်ချင်ခဲ့ဖူးတယ် ဥပမာ – ကိုယ်၀မ်းနည်းနေတာမှန်ပေမယ့် ပျော်ပါတယ်လို့ အတွင်တွင် ငြင်းတယ် တကယ်တမ်းကျတော့ မျက်နှာမှာ ဖုံးမရ ဖိမရ ပေါ်နေတတ်တဲ့ ကောင်မလေးတစ်ယောက်ပေါ့

လူတိုင်းကို ပျော်စေချင်ခဲ့သလို ပျော်စရာတွေ မပေးနိူင်ခဲ့ရင်တောင်၀မ်းမနည်းစေချင်တဲ့ စိတ်နဲ့ ကိုယ့်ဒဏ်ရာ ကိုယ့်အနာဆိုရင် ကိုယ်တစ်ယောက်တည်း ကြိတ်ခံတယ် တော်ရုံတန်ရုံနဲ့ ဒုက္ခတွေမပေးဘူး (ရင်မဖွင့်တတ်ဘူးပေါ့ )မကြာခဏဆိုသလို တစ်ပါးသူကို ငဲ့ညှာရင်း ငဲ့ညှာရင်းကိုယ်ကိုယ်တိုင်ခက်ခဲသွားရတာတွေမှ အများကြီးပဲ

လူတွေပြောတယ် ဦးဏှောက်မရှိဘူးလားတဲ့ မဟုတ်ပါဘူး ကျွန်မမှာဦးဏှောက်လဲ ရှိတယ် ဒါပေမယ့် အရာရာကို နှလုံးသားနဲ့ ခံစားခဲ့မိတာပါ ဒီအကျင့်တွေ မကောင်းမှန်းသိပေမယ့် ပြင်ဖို့ခက်နေတဲ့ ကျွန်မရဲ့ဘ၀က ထင်ထားတာထက် ဒဏ်ရာဒဏ်ချက်များတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ အစြဲအလမ္းႀကီးတယ္

ၿပီးေတာ့ ဘာမဟုတ္တာေလးကိုေတာင္ အဆုံးစြန္ထိ ေတြးၿပီး အဆုံးစြန္ထိ ၀မ္းနည္းေနတတ္တဲ့ မိန္းကေလးမ်ိဳးေလ အၿငိဳးမထားတတ္ဘူး ေတာင္းပန္လိုက္ရင္ေက်သြားတယ္ ဘယ္ေလာက္ပဲ ခံရခံရ အမွတ္လဲမရွိဘူး ၿပီးေတာ့မွ ေနာင္တရေနတတ္တာမ်ိဳး ။

ဟန္မေဆာင္တတ္ပဲနဲ႔လဲ ဟန္ေဆာင္ခ်င္ခဲ့ဖူးတယ္ ဥပမာ – ကိုယ္၀မ္းနည္းေနတာမွန္ေပမယ့္ ေပ်ာ္ပါတယ္လို႔ အတြင္တြင္ ျငင္းတယ္ တကယ္တမ္းက်ေတာ့ မ်က္ႏွာမွာ ဖုံးမရ ဖိမရ ေပၚေနတတ္တဲ့ ေကာင္မေလးတစ္ေယာက္ေပါ့

လူတိုင္းကို ေပ်ာ္ေစခ်င္ခဲ့သလို ေပ်ာ္စရာေတြ မေပးႏိူင္ခဲ့ရင္ေတာင္၀မ္းမနည္းေစခ်င္တဲ့ စိတ္နဲ႔ ကိုယ့္ဒဏ္ရာ ကိုယ့္အနာဆိုရင္ ကိုယ္တစ္ေယာက္တည္း ႀကိတ္ခံတယ္ ေတာ္႐ုံတန္႐ုံနဲ႔ ဒုကၡေတြမေပးဘူး (ရင္မဖြင့္တတ္ဘူးေပါ့ )မၾကာခဏဆိုသလို တစ္ပါးသူကို ငဲ့ညႇာရင္း ငဲ့ညႇာရင္းကိုယ္ကိုယ္တိုင္ခက္ခဲသြားရတာေတြမွ အမ်ားႀကီးပဲ

လူေတြေျပာတယ္ ဦးေဏွာက္မရွိဘူးလားတဲ့ မဟုတ္ပါဘူး ကြၽန္မမွာဦးေဏွာက္လဲ ရွိတယ္ ဒါေပမယ့္ အရာရာကို ႏွလုံးသားနဲ႔ ခံစားခဲ့မိတာပါ ဒီအက်င့္ေတြ မေကာင္းမွန္းသိေပမယ့္ ျပင္ဖို႔ခက္ေနတဲ့ ကြၽန္မရဲ႕ဘ၀က ထင္ထားတာထက္ ဒဏ္ရာဒဏ္ခ်က္မ်ားတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း