မျှော်လင့်မိတဲ့သူမှာ မကြာခဏဆိုသလို သေတတ်ပါတယ်

မျှော်လင့်ချက်တွေပေးလိုက်…ပြီးရင်မေ့ချင်ယောင်ဆောင်လိုက်နဲ့ မျှော်လင့်မိတဲ့သူမှာ မကြာခဏဆိုသလို သေတတ်ပါတယ် ။

မလုပ်ပေးနိုင်တဲ့အရာတွေ ရှိရင်…အစကတည်းက မျှော်လင့်ချက်တွေ မပေးခဲ့ကြတာပဲကောင်းတယ် ပေးတဲ့သူက လွယ်လွယ်လေး မေ့လိုက်လို့ရပေမယ့် တကယ်ကြီးထင်နေမိသူမှာ အများကြီး မျှော်လင့်ထားမိသလိုဖြစ်သွားတတ်တယ် ။

သေနတ်တွေ ဓားတွေနဲ့ သတ်မှ လူတစ်ယောက်ဟာသေတတ်တာမဟုတ်ပါဘူး ။ မျှော်လင့်ချက်လေးပေးလိုက် ပြီးရင် လွယ်လွယ်လေး မေ့ပစ်လိုက်နဲ့လုပ်ရင်လဲ လူတစ်ယောက်ရဲ့ အသက်ရှင်ရပ်တည်မှုတွေ မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေဟာလဲ သေတတ်ပါတယ် ။

ဖြစ်နိုင်ရင်မဟုတ်ပဲ … ဆင်ခြင်စေချင်တာပါ ။ ကိုယ်မလုပ်ပေးနိုင်ဘူးလို့ထင်တဲ့အရာတွေကို လွယ်လွယ်လေး ကတိတွေ မပေးတတ်တာကောင်းမယ် ။ ကိုယ်တစ်သက်လုံးမချစ်နိုင်ဘူးလို့ထင်တဲ့သူကို လွယ်လွယ်လေး ချစ်တယ်မပြောမိဖို့လိုတယ် ။ ပြီးပြီးရော ပြောလိုက်ပေမယ့်လဲ တစ်ဖက်က အရာရာကို အလေးအနက်ထားတတ်သူနဲ့ ကြုံရင် စိတ်တွေပါ ပျက်သွားတတ်တယ်လေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

 





မိန်းမသားတို့အတွက်
သျှင်ယွန်း