ငါမရှိတော့ရင် ဘာများဖြစ်မလာမလဲလို့ တွေးမပူနဲ့

ငါမရှိတော့ရင် ဘာများဖြစ်မလာမလဲလို့ တွေးမပူနဲ့ သင်မရှိလို့လဲ ဘာမှ ဖြစ်မသွားပါဘူး ကမ္ဘာကြီးကလည်း လည်နေတိုင်းအတိုင်း ဆက်ပြီး လည်နေဦးမှာပဲ နေကလဲ ထွက်လက်စအတိုင်း ထပ်ပြီး ထွက်လာဦးမှာပဲ ဒီကမ္ဘာမြေမှာ ကိုယ်မရှိတော့ရုံကလွဲလို့ ဘာမှ ထူးထူးခြားခြားပြောင်းလဲသွားမှာမဟုတ်ဘူး

တစ်ခါက ကိုယ်မရှိရင် မဖြစ်ပါဘူးဆိုတဲ့လူတွေကလဲ သင်မရှိလဲ အဆင်ပြေနေတာကို တွေ့ရလိမ့်မယ် ။ငါမရှိရင် မဖြစ်ဘူးလို့ တွေးပူးခဲ့တဲ့ လူတွေလဲ ပြန်ကြည့်ကြည့်ပါ သင်မရှိလို့လဲ ထူးထူးခြားခြား ၀မ်းနည်းနေတာမျိုးမရှိဘူး ပေါ့ပေါ့ပါးပါးပဲ ။ဒါကြောင့် ငါရှိမှ ဖြစ်မယ်လို့ ထင်နေတဲ့ အတွေးတွေကိုလဲ ရပ်လိုက်ပါ

စိတ်ကော လူကော ပင်ပန်းရတယ် ကိုယ့်အတွက်ကိုယ်လဲတစ်ဖန် ပြန်ငဲ့ပါဦး ပင်ပန်းပေမယ့် မနားခဲ့တဲ့ရက်တွေ မောပန်းပေမယ့် ဆက်လျှောက်နေရတဲ့ ခြေထောက်တွေကို တစ်ခါလောက်ပဲ ဖြစ်ဖြစ် အားရပါးရ နားကြည့်ကြည့်ပါ ကိုယ်မရှိလို့လဲ ဘာမှ ဖြစ်မသွားတဲ့ လူတွေအတွက် ကိုယ့်အချိန်တွေ ဘ၀တွေ ရင်းပြီးမြုပ်နှံထားရတာ ပင်ပန်းလွန်းလှပါတယ်

တစ်ခါတစ်ရံလောက်ပဲ ဖြစ်ဖြစ် ကိုယ့်စိတ်နဲ့ ကိုယ် ကိုယ့်အတွက်နဲ့ ကိုယ် အသက်ရှင်နေထိုင်ကြည့်ပါ ။ကိုယ်မရှိလို့ မဖြစ်တဲ့အရာဆိုလို့ ကမ္ဘာမှာ တစ်နေရာပဲ ရှိတယ် အဲ့တာ သေရွာပဲ တစ်နေ့ ကိုယ့်နာမည်လေးနဲ့ မှတ်တိုင်လေးတစ်ခုက လွဲပြီး ကိုယ်ချစ်လှပါတယ်ဆိုတဲ့ လူတွေ ရှိနေမှာမဟုတ်သလို ကိုယ့်ကို ချစ်လှပါတယ်ဆိုတဲ့ လူတွေလဲ ရှိနေတော့မှာ မဟုတ်ဘူး

ကိုယ်ပြုခဲ့ဖူးတဲ့ ကုသိုလ်တွေ လောက်သာ ကိုယ့်မှာ ယူသွားပိုင်ခွင့်ရှိတာလေ ကိုယ်မရှိရင် မဖြစ်ဘူးဆိုတာမျိုး နေရာတကာမှာ မတွေးနဲ့ ကိုယ်မရှိလဲ သူ့အလိုလို ဖြစ်သွားမယ့် အရာတွေချည်းပါပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ငါမရွိေတာ့ရင္ ဘာမ်ားျဖစ္မလာမလဲလို႔ ေတြးမပူနဲ႔ သင္မရွိလို႔လဲ ဘာမွ ျဖစ္မသြားပါဘူး ကမာၻႀကီးကလည္း လည္ေနတိုင္းအတိုင္း ဆက္ၿပီး လည္ေနဦးမွာပဲ ေနကလဲ ထြက္လက္စအတိုင္း ထပ္ၿပီး ထြက္လာဦးမွာပဲ ဒီကမာၻေျမမွာ ကိုယ္မရွိေတာ့႐ုံကလြဲလို႔ ဘာမွ ထူးထူးျခားျခားေျပာင္းလဲသြားမွာမဟုတ္ဘူး

တစ္ခါက ကိုယ္မရွိရင္ မျဖစ္ပါဘူးဆိုတဲ့လူေတြကလဲ သင္မရွိလဲ အဆင္ေျပေနတာကို ေတြ႕ရလိမ့္မယ္ ။ငါမရွိရင္ မျဖစ္ဘူးလို႔ ေတြးပူးခဲ့တဲ့ လူေတြလဲ ျပန္ၾကည့္ၾကည့္ပါ သင္မရွိလို႔လဲ ထူးထူးျခားျခား ၀မ္းနည္းေနတာမ်ိဳးမရွိဘူး ေပါ့ေပါ့ပါးပါးပဲ ။ဒါေၾကာင့္ ငါရွိမွ ျဖစ္မယ္လို႔ ထင္ေနတဲ့ အေတြးေတြကိုလဲ ရပ္လိုက္ပါ

စိတ္ေကာ လူေကာ ပင္ပန္းရတယ္ ကိုယ့္အတြက္ကိုယ္လဲတစ္ဖန္ ျပန္ငဲ့ပါဦး ပင္ပန္းေပမယ့္ မနားခဲ့တဲ့ရက္ေတြ ေမာပန္းေပမယ့္ ဆက္ေလွ်ာက္ေနရတဲ့ ေျခေထာက္ေတြကို တစ္ခါေလာက္ပဲ ျဖစ္ျဖစ္ အားရပါးရ နားၾကည့္ၾကည့္ပါ ကိုယ္မရွိလို႔လဲ ဘာမွ ျဖစ္မသြားတဲ့ လူေတြအတြက္ ကိုယ့္အခ်ိန္ေတြ ဘ၀ေတြ ရင္းၿပီးျမဳပ္ႏွံထားရတာ ပင္ပန္းလြန္းလွပါတယ္

တစ္ခါတစ္ရံေလာက္ပဲ ျဖစ္ျဖစ္ ကိုယ့္စိတ္နဲ႔ ကိုယ္ ကိုယ့္အတြက္နဲ႔ ကိုယ္ အသက္ရွင္ေနထိုင္ၾကည့္ပါ ။ကိုယ္မရွိလို႔ မျဖစ္တဲ့အရာဆိုလို႔ ကမာၻမွာ တစ္ေနရာပဲ ရွိတယ္ အဲ့တာ ေသ႐ြာပဲ တစ္ေန႔ ကိုယ့္နာမည္ေလးနဲ႔ မွတ္တိုင္ေလးတစ္ခုက လြဲၿပီး ကိုယ္ခ်စ္လွပါတယ္ဆိုတဲ့ လူေတြ ရွိေနမွာမဟုတ္သလို ကိုယ့္ကို ခ်စ္လွပါတယ္ဆိုတဲ့ လူေတြလဲ ရွိေနေတာ့မွာ မဟုတ္ဘူး

ကိုယ္ျပဳခဲ့ဖူးတဲ့ ကုသိုလ္ေတြ ေလာက္သာ ကိုယ့္မွာ ယူသြားပိုင္ခြင့္ရွိတာေလ ကိုယ္မရွိရင္ မျဖစ္ဘူးဆိုတာမ်ိဳး ေနရာတကာမွာ မေတြးနဲ႔ ကိုယ္မရွိလဲ သူ႔အလိုလို ျဖစ္သြားမယ့္ အရာေတြခ်ည္းပါပဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း