ဒီအချိန် … ဘာကိုလိုချင်လဲလို့ မေးမယ်ဆိုရင်တော့

ကိုယ်ကြိုးစားခဲ့တဲ့အရာအတွက် ကိုယ်တန်ဖိုးထားတဲ့သူဆီက … ချီးကျူးစကားလေးတွေ …အကဲဖြတ်ပေးတာလေးတွေလိုချင်ကြတာဟာ … ဓမ္မတာပါ ။ တကူးတက မဟုတ်တောင် သတိတရလေး ရှိစေချင်ကြတာချည်းပဲ ။

အများကြီး မျှော်လင့်ထားတာ မဟုတ်ပေမယ့် .. ကိုယ် ပင်ပန်းထားတဲ့အရာအတွက် အသိအမှတ်ပြုမှုလေးတစ်ခုပဲ လိုချင်တာပါ။ ဒီအရာတွေနဲ့ လွဲရတဲ့အခါ ကျွန်မ တို့မှာ …. ရင်တွေ နာရတယ် ။

ဂရုတစိုက်နဲ့ … စောင့်ခဲ့ပြီးမှ မေ့မေ့လျော့လျော့ပစ်ခံထားရတဲ့ ခံစားချက်တွေက တကယ်ကို ခံရခက်တာပါ။ ကြုံခဲ့ဆုံခဲ့ဖူးတဲ့အခါမှသာ … ဘာကြောင့် ဒီလို ဖြစ်နေတာလဲဆိုတဲ့ မေးခွန်းတွေ ကိုယ်ကိုယ်တိုင် မေးဖို့ သတိတွေ မရခဲ့သလို ကိုယ့်လမ်းကိုယ်လျှောက်ဖို့ လမ်းတွေ မြင်လို့မရတော့ဘူး လမ်းတွေပျောက်တယ်ဆိုတာ ဒီအချိန်မှ … တကယ်ပါ။ တကယ် လမ်းတွေ ပျောက်ခဲ့ဖူးတယ်ဆိုရင်တော့ ယုံလိုက်ပါ။

ကိုယ်ခက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့တဲ့အရာတွေဟာ… သူ့အတွက် ဘာမှမဟုတ်ဘူးဆိုတဲ့ အရာတွေ ဖြစ်လာတဲ့အခါ … ကျွန်မတို့မှာ ပြိုလဲရပါတယ် ။ ဘာကိုဆက်ပြီး လိုချင်ရမှန်းမသိအောင် ဘာအတွက်ဆက်ပြီး … အားတင်းထားရမလဲဆိုတာ မျှော်လင့်ချက်တွေ တကယ်ကို မဲ့ပါတယ် ။

ကိုယ်ဟာ … သူ့အတွက် ဘာမှ အရေးမပါပါလားဆိုတဲ့အတွေးက … ကိုယ်ဟာ သူ့အတွက်အရေးပါချင်တယ်ဆိုတဲ့ စိတ်တွေကို အသေသတ်နေသလိုပဲ … ဘာဖြစ်ချင်လဲလို့မေးတဲ့အခါ ဘာမှ မဖြစ်ချင်တော့ပါဘူးဆိုတဲ့ အဖြေဟာ … ဘာမှ ဖြစ်မလာမှန်းသိတဲ့အခါမှသာ ထွက်လာတတ်တာပါ။

ကျွန်မဟာ …မျှော်လင့်တတ်ခဲ့ဖူးတယ် ။ စောင့်စားတတ်ခဲ့ဖူးတယ် ။ လိုချင်ခဲ့ဖူးတယ် ။ ပြီးတော့ …. ထပ်ပြီး မျှော်လင့်ခဲ့ဖူးသေးတယ် ။

ဒါပေမယ့် … ဒီအချိန် … ဘာကိုလိုချင်လဲလို့ မေးမယ်ဆိုရင်တော့ ကျွန်မ ဘာကိုမျှော်လင့်ရမလဲ ဆက်ပြီးစောင့်စားရမလဲဆိုတဲ့အတွေးတွေနဲ့ ဆက်ပြီး နာကျင်နေဖို့ …သတ္တိတွေ မရှိခဲ့တော့ဘူးလို့ပဲ ဖြေဖြစ်မယ် ထင်တယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ကိုယ္ႀကိဳးစားခဲ့တဲ့အရာအတြက္ ကိုယ္တန္ဖိုးထားတဲ့သူဆီက … ခ်ီးက်ဴးစကားေလးေတြ …အကဲျဖတ္ေပးတာေလးေတြလိုခ်င္ၾကတာဟာ … ဓမၼတာပါ ။ တကူးတက မဟုတ္ေတာင္ သတိတရေလး ရွိေစခ်င္ၾကတာခ်ည္းပဲ ။

အမ်ားႀကီး ေမွ်ာ္လင့္ထားတာ မဟုတ္ေပမယ့္ .. ကိုယ္ ပင္ပန္းထားတဲ့အရာအတြက္ အသိအမွတ္ျပဳမႈေလးတစ္ခုပဲ လိုခ်င္တာပါ။ ဒီအရာေတြနဲ႔ လြဲရတဲ့အခါ ကြၽန္မ တို႔မွာ …. ရင္ေတြ နာရတယ္ ။

ဂ႐ုတစိုက္နဲ႔ … ​ေစာင့္ခဲ့ၿပီးမွ ေမ့ေမ့ေလ်ာ့ေလ်ာ့ပစ္ခံထားရတဲ့ ခံစားခ်က္ေတြက တကယ္ကို ခံရခက္တာပါ။ ႀကဳံခဲ့ဆုံခဲ့ဖူးတဲ့အခါမွသာ … ဘာေၾကာင့္ ဒီလို ျဖစ္ေနတာလဲဆိုတဲ့ ေမးခြန္းေတြ ကိုယ္ကိုယ္တိုင္ ေမးဖို႔ သတိေတြ မရခဲ့သလို ကိုယ့္လမ္းကိုယ္ေလွ်ာက္ဖို႔ လမ္းေတြ ျမင္လို႔မရေတာ့ဘူး လမ္းေတြေပ်ာက္တယ္ဆိုတာ ဒီအခ်ိန္မွ … တကယ္ပါ။ တကယ္ လမ္းေတြ ေပ်ာက္ခဲ့ဖူးတယ္ဆိုရင္ေတာ့ ယုံလိုက္ပါ။

ကိုယ္ခက္ခက္ခဲခဲနဲ႔ ႀကိဳးစားခဲ့တဲ့အရာေတြဟာ… သူ႔အတြက္ ဘာမွမဟုတ္ဘူးဆိုတဲ့ အရာေတြ ျဖစ္လာတဲ့အခါ … ကြၽန္မတို႔မွာ ၿပိဳလဲရပါတယ္ ။ ဘာကိုဆက္ၿပီး လိုခ်င္ရမွန္းမသိေအာင္ ဘာအတြက္ဆက္ၿပီး … အားတင္းထားရမလဲဆိုတာ ေမွ်ာ္လင့္ခ်က္ေတြ တကယ္ကို မဲ့ပါတယ္ ။

ကိုယ္ဟာ … သူ႔အတြက္ ဘာမွ အေရးမပါပါလားဆိုတဲ့အေတြးက … ကိုယ္ဟာ သူ႔အတြက္အေရးပါခ်င္တယ္ဆိုတဲ့ စိတ္ေတြကို အေသသတ္ေနသလိုပဲ … ဘာျဖစ္ခ်င္လဲလို႔ေမးတဲ့အခါ ဘာမွ မျဖစ္ခ်င္ေတာ့ပါဘူးဆိုတဲ့ အေျဖဟာ … ဘာမွ ျဖစ္မလာမွန္းသိတဲ့အခါမွသာ ထြက္လာတတ္တာပါ။

ကြၽန္မဟာ …ေမွ်ာ္လင့္တတ္ခဲ့ဖူးတယ္ ။ ေစာင့္စားတတ္ခဲ့ဖူးတယ္ ။ လိုခ်င္ခဲ့ဖူးတယ္ ။ ၿပီးေတာ့ …. ထပ္ၿပီး ေမွ်ာ္လင့္ခဲ့ဖူးေသးတယ္ ။

ဒါေပမယ့္ … ဒီအခ်ိန္ … ဘာကိုလိုခ်င္လဲလို႔ ေမးမယ္ဆိုရင္ေတာ့ ကြၽန္မ ဘာကိုေမွ်ာ္လင့္ရမလဲ ဆက္ၿပီးေစာင့္စားရမလဲဆိုတဲ့အေတြးေတြနဲ႔ ဆက္ၿပီး နာက်င္ေနဖို႔ …သတၱိေတြ မရွိခဲ့ေတာ့ဘူးလို႔ပဲ ေျဖျဖစ္မယ္ ထင္တယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း