ယောက်ျားလေးတွေလဲ အဲ့လိုလေးတွေးတတ်ရင် ကောင်းမယ်

မာနတွေ မရှိခဲ့တာ မဟုတ်ဘူး သိပ်ချစ်မိသွားတဲ့အခါ မာနတွေ မထားဖြစ်ခဲ့ကြရုံပါ ။ ဒါကို ကိုယ်ချစ်တဲ့လူက မမြင်ပဲ တဖြေးဖြေး အနိုင်လိုချင်လာကြတယ် ။ ဘေးချထားတဲ့ မာနတွေကို အရင်လို ခေါင်းပေါ်ပြန်တင်လိုက်ရင် တစ်ယောက်နဲ့ တစ်ယောက် မဆုံဖြစ်ကြလောက်အောင် ဝေးသွားကြတော့မှာ ..

သိပ်ချစ်မိသွားတဲ့အခါ များသောအားဖြင့်တော့ မိန်းကလေးတွေက ကိုယ့်ချစ်သူလိုချင်တဲ့ ပုံစံအတိုင်းလေး ပြောင်းလဲ နေထိုင်ကြတာများတယ် ။ တစ်ခုခု မလုပ်ခင် သူမကြိုက်လောက်ဘူးထင်တယ် ဆိုတာမျိုး အရင်ဆုံးတွေးတတ်ကြသလို ကိုယ်သဘောကျနှစ်သက်တာတွေထက် သူသဘောကျတာတွေကို ပိုပြီး နှစ်သက်လာအောင် ကြိုးစားတတ်ကြတာများတယ် ။

ယောက်ျားလေးတွေလဲ အဲ့လိုလေးတွေးတတ်ရင် ကောင်းမယ် ။ စပြီး ချစ်ပါတယ်ဆိုတုန်းက ကိုယ်မကြိုက်တာ အကုန်ပြင်ပါမယ်ဆိုတဲ့ ကတိတွေ အကုန်ပေးခဲ့တယ် ။ မကြိုက်တဲ့ပုံစံ အကုန်ပြင်ပါမယ်ဆိုပြီး အထပ်ထပ်ပြောတတ်တယ် ။ တကယ့်လက်တွေ့မှာကျတော့ ကိုယ်မကြိုက်တဲ့အရာကို ကိုယ့်ရှေ့မှာ လာမလုပ်တာကိုပဲ ကျေးဇူးတွေ တင်ရတော့မလိုလို ပြောတတ်ကြတယ်လေ ။

အရင်တုန်းကနေ ဒီပုံစံပဲလေ … ဒီပုံစံကိုမှ လက်မခံနိုင်ရင် ဘာကြောင့် အစတုန်းကနေ တွဲခဲ့လဲတဲ့ အဲ့တာ မိန်းကလေးတစ်ယောက်က ပြောရမယ့်စကားမဟုတ်ဘူးလား တကယ်တမ်း စချစ်ခဲ့တုန်းက ကတိတွေက များသောအားဖြင့်တော့ ပြီးစလွယ်ပေးခဲ့ကြတာပဲ များပါတယ် ။ အကျင့်တွေကိုလဲ မပြင်သလို ကိုယ်မကြိုက်တာတွေကိုလဲ ဘယ်တုန်းကမှ မဆင်ခြင်ခဲ့ဘူး ။ ကိုယ်သာ ပြင်ခဲ့ ဆင်ခြင်နေခဲ့မိတာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မာနေတြ မရွိခဲ့တာ မဟုတ္ဘူး သိပ္ခ်စ္မိသြားတဲ့အခါ မာနေတြ မထားျဖစ္ခဲ့ၾက႐ုံပါ ။ ဒါကို ကိုယ္ခ်စ္တဲ့လူက မျမင္ပဲ တေျဖးေျဖး အႏိုင္လိုခ်င္လာၾကတယ္ ။ ေဘးခ်ထားတဲ့ မာနေတြကို အရင္လို ေခါင္းေပၚျပန္တင္လိုက္ရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ မဆုံျဖစ္ၾကေလာက္ေအာင္ ေဝးသြားၾကေတာ့မွာ ..

သိပ္ခ်စ္မိသြားတဲ့အခါ မ်ားေသာအားျဖင့္ေတာ့ မိန္းကေလးေတြက ကိုယ့္ခ်စ္သူလိုခ်င္တဲ့ ပုံစံအတိုင္းေလး ေျပာင္းလဲ ေနထိုင္ၾကတာမ်ားတယ္ ။ တစ္ခုခု မလုပ္ခင္ သူမႀကိဳက္ေလာက္ဘူးထင္တယ္ ဆိုတာမ်ိဳး အရင္ဆုံးေတြးတတ္ၾကသလို ကိုယ္သေဘာက်ႏွစ္သက္တာေတြထက္ သူသေဘာက်တာေတြကို ပိုၿပီး ႏွစ္သက္လာေအာင္ ႀကိဳးစားတတ္ၾကတာမ်ားတယ္ ။

ေယာက္်ားေလးေတြလဲ အဲ့လိုေလးေတြးတတ္ရင္ ေကာင္းမယ္ ။ စၿပီး ခ်စ္ပါတယ္ဆိုတုန္းက ကိုယ္မႀကိဳက္တာ အကုန္ျပင္ပါမယ္ဆိုတဲ့ ကတိေတြ အကုန္ေပးခဲ့တယ္ ။ မႀကိဳက္တဲ့ပုံစံ အကုန္ျပင္ပါမယ္ဆိုၿပီး အထပ္ထပ္ေျပာတတ္တယ္ ။ တကယ့္လက္ေတြ႕မွာက်ေတာ့ ကိုယ္မႀကိဳက္တဲ့အရာကို ကိုယ့္ေရွ႕မွာ လာမလုပ္တာကိုပဲ ေက်းဇူးေတြ တင္ရေတာ့မလိုလို ေျပာတတ္ၾကတယ္ေလ ။

အရင္တုန္းကေန ဒီပုံစံပဲေလ … ဒီပုံစံကိုမွ လက္မခံႏိုင္ရင္ ဘာေၾကာင့္ အစတုန္းကေန တြဲခဲ့လဲတဲ့ အဲ့တာ မိန္းကေလးတစ္ေယာက္က ေျပာရမယ့္စကားမဟုတ္ဘူးလား တကယ္တမ္း စခ်စ္ခဲ့တုန္းက ကတိေတြက မ်ားေသာအားျဖင့္ေတာ့ ၿပီးစလြယ္ေပးခဲ့ၾကတာပဲ မ်ားပါတယ္ ။ အက်င့္ေတြကိုလဲ မျပင္သလို ကိုယ္မႀကိဳက္တာေတြကိုလဲ ဘယ္တုန္းကမွ မဆင္ျခင္ခဲ့ဘူး ။ ကိုယ္သာ ျပင္ခဲ့ ဆင္ျခင္ေနခဲ့မိတာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း