ဘယ်သူ့ကိုမှ ထပ်မချစ်ချင်တော့လောက်အောင် ကျွန်မ စိတ်ကုန်နေပါပြီ

ထပ်ပြီး မနာကျင်ချင်တော့ဘူး … အရိုးသားဆုံး၀န်ခံရရင် ဘယ်သူ့ကိုမှ ထပ်မချစ်ချင်တော့လောက်အောင် ကျွန်မ စိတ်ကုန်နေပါပြီ ။

ကျွန်မက သာမန်လူတွေလို လွယ်လွယ်လေးချစ်ပြီး လွယ်လွယ်လေးမေ့့ပြီးနိုင်တာမှမဟုတ်တာ ။ ချစ်မိရင် ရင်နဲ့ ရင်းပြီး ချစ်တတ်သလို နာကျင်တဲ့အခါလဲ ရင်နဲ့ရင်းပြီး နာရတယ် ။ တစ်ခုခုဆို အစွဲအလမ်းကြီးတတ်တဲ့ ကိုယ့်အတွက် … နောက်ဘယ်သူ့ကိုမှ မချစ်တော့တာ အကောင်းဆုံးပဲ ဖြစ်မှာပါ ။

ချစ်တယ် … ပြောလိုက်ဖို့လွယ်ပေမယ့် ဆက်ပြီးချစ်ဖို့ တစ်ယောက်တည်းကို တစ်စိုက်မတ်မတ်ချစ်ဖို့ခက်တဲ့ … လူတွေကြားမှာ လွယ်လွယ်လေး ချစ်ပြီး လွယ်လွယ်လေးမမေ့တတ်တဲ့ ကျွန်မ နာကျင်ရတာတွေလဲ များခဲ့ဖူးသလို ငိုခဲ့ရဖူးပြီ ။

အကြင်နာပါလို့ပြောပြီး ခေါက်တဲ့လက်တွေကလဲ ဒဏ်ရာတွေသီးသန့်ချန်ထားပြီး ခြေစုံကန်ထွက်သွားကြတာပါပဲ ။ နားလည်ချင်တယ်ပြောပြီး ၀င်လာတဲ့သူတွေကလဲ နားမလည်နိုင်အောင်ပါပဲလို့ ပြောပြီး လှည့်သွားကြတာပါပ​ဲ ။

ချစ်ခြင်းမေတ္တာမှာ … လူတစ်ယောက်ရ​ဲ့ သည်းသည်းလှုပ် ချစ်ခြင်းခံရမယ့်ကံ ပါမလာတော့ဘူးထင်ပါတယ် ။ ဒီလိုပါပဲ ကျွန်မလဲ ဘယ်သူ့ကိုမှ လိုတာထက်ပိုပြီး မချစ်မိအောင် လိုတာထက် ပိုပြီး မမျှော်လင့်ဖြစ်အောင် နေလိုက်တာက အကောင်းဆုံးပဲ ဖြစ်မှာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ထပ္ၿပီး မနာက်င္ခ်င္ေတာ့ဘူး … အ႐ိုးသားဆုံး၀န္ခံရရင္ ဘယ္သူ႔ကိုမွ ထပ္မခ်စ္ခ်င္ေတာ့ေလာက္ေအာင္ ကြၽန္မ စိတ္ကုန္ေနပါၿပီ ။

ကြၽန္မက သာမန္လူေတြလို လြယ္လြယ္ေလးခ်စ္ၿပီး လြယ္လြယ္ေလးေမ့့ၿပီးႏိုင္တာမွမဟုတ္တာ ။ ခ်စ္မိရင္ ရင္နဲ႔ ရင္းၿပီး ခ်စ္တတ္သလို နာက်င္တဲ့အခါလဲ ရင္နဲ႔ရင္းၿပီး နာရတယ္ ။ တစ္ခုခုဆို အစြဲအလမ္းႀကီးတတ္တဲ့ ကိုယ့္အတြက္ … ေနာက္ဘယ္သူ႔ကိုမွ မခ်စ္ေတာ့တာ အေကာင္းဆုံးပဲ ျဖစ္မွာပါ ။

ခ်စ္တယ္ … ေျပာလိုက္ဖို႔လြယ္ေပမယ့္ ဆက္ၿပီးခ်စ္ဖို႔ တစ္ေယာက္တည္းကို တစ္စိုက္မတ္မတ္ခ်စ္ဖို႔ခက္တဲ့ … လူေတြၾကားမွာ လြယ္လြယ္ေလး ခ်စ္ၿပီး လြယ္လြယ္ေလးမေမ့တတ္တဲ့ ကြၽန္မ နာက်င္ရတာေတြလဲ မ်ားခဲ့ဖူးသလို ငိုခဲ့ရဖူးၿပီ ။

အၾကင္နာပါလို႔ေျပာၿပီး ေခါက္တဲ့လက္ေတြကလဲ ဒဏ္ရာေတြသီးသန္႔ခ်န္ထားၿပီး ေျခစုံကန္ထြက္သြားၾကတာပါပဲ ။ နားလည္ခ်င္တယ္ေျပာၿပီး ၀င္လာတဲ့သူေတြကလဲ နားမလည္ႏိုင္ေအာင္ပါပဲလို႔ ေျပာၿပီး လွည့္သြားၾကတာပါပ​ဲ ။

ခ်စ္ျခင္းေမတၱာမွာ … လူတစ္ေယာက္ရ​ဲ့ သည္းသည္းလႈပ္ ခ်စ္ျခင္းခံရမယ့္ကံ ပါမလာေတာ့ဘူးထင္ပါတယ္ ။ ဒီလိုပါပဲ ကြၽန္မလဲ ဘယ္သူ႔ကိုမွ လိုတာထက္ပိုၿပီး မခ်စ္မိေအာင္ လိုတာထက္ ပိုၿပီး မေမွ်ာ္လင့္ျဖစ္ေအာင္ ေနလိုက္တာက အေကာင္းဆုံးပဲ ျဖစ္မွာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း