ဆွဲထားရတာ ပင်ပန်းလာတဲ့အခါ အလိုလိုလွှတ်ချတတ်လာလိမ့်မယ်

ဆွဲထားရတာ ပင်ပန်းလာတဲ့အခါ အလိုလိုလွှတ်ချတတ်လာလိမ့်မယ် ။

ကိုယ်ဘယ်လောက်မြတ်နိုးတဲ့အရာပဲ ဖြစ်ဖြစ် … ကိုယ်ခံနိုင်ရည်ရှိတဲ့အရာထက် ကျော်လွန်ပြီး နာကျင်စေတဲ့အခါ မလိုချင်တော့လို့မဟုတ်ပဲ နောက်ထပ် ခံနိုင်ရည်မရှိတော့လို့ လွှတ်ချမိချင် လွှတ်ချမိမှာပဲလေ ။

အသွားအပြန်တွေ မလိုအပ်ဘူးဆိုပေမယ့် ကိုယ်ပေးဆပ်တဲ့အရာတွေကို အသိအမှတ်ပြုမှုလေးတွေ အလေးထားမှုလေးတွေတော့ ဘယ်သူမဆိုလိုပါတယ် ။ သူမရှိရင် မဖြစ်ပါဘူးဆိုပြီး တွေးပူခဲ့ဖူးတဲ့ကောင်မလေး ပြတ်သားသွားနိုင်တယ်ဆိုတာ တကယ်တော့ အလကားမဟုတ်ဘူး ။

သူပျော်လာမှာပါ … သူချစ်လာမှာပါ … သူ သိလာမှာပါဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဘယ်လောက်ပ​ဲနာကျင်နာကျင် ဆွဲထားခဲ့တဲ့လက်တွေကို တစ်ချက်ကလေးမှ လှည့်ကြည့်ဖော်မရတော့တဲ့အခါ မျှော်လင့်ချက်တွေ ရှိသေးပေမယ့်လဲ မျှော်လင့်ရဲတဲ့ အင်အားတွေ တဖြေးဖြေးမဲ့သွားခဲ့တာပါ ။

ကျွန်မနာကျင်နေပါပြီ … ဒါပေမယ့် လှည့်မထွက်နိုင်ခဲ့သေးဘူးဆိုရင် ဒီတိုင်းလေးပဲ ရပ်နေလိုက်ပါ ။ ပျော်ရခြင်းတွေ မဲ့နေတဲ့အရပ်မှာ … သိပ်ချစ်တယ်ဆိုတဲ့ ခေါင်းစဥ်န​ဲ့ ရပ်နေတဲ့အတွေးတွေထဲ သူငါ့ကို မချစ်ပါလားဆိုတဲ့ အသိတွေ ၀င်လာတဲ့အခါ … အလိုလို လှည့်ထွက်တတ်လာလိမ့်မယ် ။

ဆွဲထားရတာ ပင်ပန်းလာတဲ့အခါ လွှတ်ပေးတတ်လာလိမ့်မယ် ။ ဆုတ်ကိုင်ထားရင်း နာကျင်လာရတဲ့အခါ အလိုလို စွန့်လွှတ်တတ်လာလိမ့်မယ် ။ မျှော်လင့်ရင်း ပင်ပန်းလာတဲ့အခါ မမျှော်လင့်ပဲ နေတတ်လာလိမ့်မယ် ။ ကြိုးစားပြီး သင်ယူနေစရာမလိုပါဘူး အချိန်တန်ရင် သူ့အလိုလို တတ်မြောက်လာလိမ့်မယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဆြဲထားရတာ ပင္ပန္းလာတဲ့အခါ အလိုလိုလႊတ္ခ်တတ္လာလိမ့္မယ္ ။

ကိုယ္ဘယ္ေလာက္ျမတ္ႏိုးတဲ့အရာပဲ ျဖစ္ျဖစ္ … ကိုယ္ခံႏိုင္ရည္ရွိတဲ့အရာထက္ ေက်ာ္လြန္ၿပီး နာက်င္ေစတဲ့အခါ မလိုခ်င္ေတာ့လို႔မဟုတ္ပဲ ေနာက္ထပ္ ခံႏိုင္ရည္မရွိေတာ့လို႔ လႊတ္ခ်မိခ်င္ လႊတ္ခ်မိမွာပဲေလ ။

အသြားအျပန္ေတြ မလိုအပ္ဘူးဆိုေပမယ့္ ကိုယ္ေပးဆပ္တဲ့အရာေတြကို အသိအမွတ္ျပဳမႈေလးေတြ အေလးထားမႈေလးေတြေတာ့ ဘယ္သူမဆိုလိုပါတယ္ ။ သူမရွိရင္ မျဖစ္ပါဘူးဆိုၿပီး ေတြးပူခဲ့ဖူးတဲ့ေကာင္မေလး ျပတ္သားသြားႏိုင္တယ္ဆိုတာ တကယ္ေတာ့ အလကားမဟုတ္ဘူး ။

သူေပ်ာ္လာမွာပါ … သူခ်စ္လာမွာပါ … သူ သိလာမွာပါဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ဘယ္ေလာက္ပ​ဲနာက်င္နာက်င္ ဆြဲထားခဲ့တဲ့လက္ေတြကို တစ္ခ်က္ကေလးမွ လွည့္ၾကည့္ေဖာ္မရေတာ့တဲ့အခါ ေမွ်ာ္လင့္ခ်က္ေတြ ရွိေသးေပမယ့္လဲ ေမွ်ာ္လင့္ရဲတဲ့ အင္အားေတြ တေျဖးေျဖးမဲ့သြားခဲ့တာပါ ။

ကြၽန္မနာက်င္ေနပါၿပီ … ဒါေပမယ့္ လွည့္မထြက္ႏိုင္ခဲ့ေသးဘူးဆိုရင္ ဒီတိုင္းေလးပဲ ရပ္ေနလိုက္ပါ ။ ေပ်ာ္ရျခင္းေတြ မဲ့ေနတဲ့အရပ္မွာ … သိပ္ခ်စ္တယ္ဆိုတဲ့ ေခါင္းစဥ္န​ဲ့ ရပ္ေနတဲ့အေတြးေတြထဲ သူငါ့ကို မခ်စ္ပါလားဆိုတဲ့ အသိေတြ ၀င္လာတဲ့အခါ … အလိုလို လွည့္ထြက္တတ္လာလိမ့္မယ္ ။

ဆြဲထားရတာ ပင္ပန္းလာတဲ့အခါ လႊတ္ေပးတတ္လာလိမ့္မယ္ ။ ဆုတ္ကိုင္ထားရင္း နာက်င္လာရတဲ့အခါ အလိုလို စြန္႔လႊတ္တတ္လာလိမ့္မယ္ ။ ေမွ်ာ္လင့္ရင္း ပင္ပန္းလာတဲ့အခါ မေမွ်ာ္လင့္ပဲ ေနတတ္လာလိမ့္မယ္ ။ ႀကိဳးစားၿပီး သင္ယူေနစရာမလိုပါဘူး အခ်ိန္တန္ရင္ သူ႔အလိုလို တတ္ေျမာက္လာလိမ့္မယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း