ယ့်အကြောင်းတွေ သိချင်ရုံသက်သက်နဲ့

တချို့လူတွေက ကိုယ့်ကို ဂရုစိုက်တာ မဟုတ်ပဲ ကိုယ့်အကြောင်းတွေ သိချင်ရုံပါ ။ နောက်ကြုံရင် ပြောစရာတွေဖြစ်မယ့် ကိုယ့်အကြောင်းတွေ သိချင်ရုံသက်သက်နဲ့ ကိုယ့်အနား လာရပ်နေတဲ့သူတွေမှ အများကြီးပဲ ။

အဆင်ပြေရဲ့လားလို့ မေးတတ်တဲ့လူတွေ ရှိတယ် ။ အဲ့ဒီကြားမှာမှ ကိုယ်အဆင်မပြေတဲ့အခါ ပျော်တတ်တဲ့ လူတွေလဲ ရှိသေးတယ် ။ ကိုယ့်ကို နာကျင်နေတဲ့လားမေးမယ့်လူတွေ ရှိတယ် နာကျင်နေတဲ့ ဒဏ်ရာကိုပြမိလိုက်တဲ့အခါ ဆားဖြူးသွားမယ့်လူတွေလဲ အများကြီးပဲ ။

အားနည်းချက်တွေ ရှိတဲ့အခါ လျှို့လျှို့၀ှက်၀ှက်လေးထားတာ အကောင်းဆုံးပဲ ။ ကိုယ့်အားနည်းချက်ကို ပြင်ပေးမယ့်လူတွေထက် ဖိနင်းချင်ကြတဲ့ လူတွေပဲ များတယ် ။ ပြင်နိုင်မယ်ထင်ရင် ကိုယ်တိုင်ပဲ ပြင်ပါ ။ မဟုတ်ရင် ထုတ်ထုတ်ပြတတ်တဲ့ အကျင့်ကို ဆင်ခြင်ပေါ့ ။

လောကမှာ လူယုံသတ်လို့ သေသွားတဲ့လူတွေမှ အများကြီးပဲ အဲ့ဒီအထဲ ကိုယ်ပါမသွားစေဖို့ပဲ အရေးကြီးတာပါ ။ တချို့ကိုယ့်အနားလာရပ်တယ်ဆိုတာ ကိုယ့်အကြောင်း သိချင်ရုံသက်သက်ပဲ ကိုယ့်ကို နားလည်ပေးချင်လို့မဟုတ်သလို ကိုယ့်ကို စာနာလို့လဲ မဟုတ်ဘူး ။

ပြောစရာအကြောင်းတွေရသွားတဲ့အခါ … သူတို့ကိုယ်တိုင်ပဲ လျှောက်ဖွကြလိမ့်မယ် ။ နင်းစရာ အားနည်းချက်တွေ ရသွားတဲ့အခါ ကိုယ့်ကိုနင်းပြီးတက်သွားကြလိမ့်မယ် ။ လောကမှာ … မိမိကိုယ်သာ အားကိုးရာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

 

တခ်ိဳ႕လူေတြက ကိုယ့္ကို ဂ႐ုစိုက္တာ မဟုတ္ပဲ ကိုယ့္အေၾကာင္းေတြ သိခ်င္႐ုံပါ ။ ေနာက္ႀကဳံရင္ ေျပာစရာေတြျဖစ္မယ့္ ကိုယ့္အေၾကာင္းေတြ သိခ်င္႐ုံသက္သက္နဲ႔ ကိုယ့္အနား လာရပ္ေနတဲ့သူေတြမွ အမ်ားႀကီးပဲ ။

အဆင္ေျပရဲ႕လားလို႔ ေမးတတ္တဲ့လူေတြ ရွိတယ္ ။ အဲ့ဒီၾကားမွာမွ ကိုယ္အဆင္မေျပတဲ့အခါ ေပ်ာ္တတ္တဲ့ လူေတြလဲ ရွိေသးတယ္ ။ ကိုယ့္ကို နာက်င္ေနတဲ့လားေမးမယ့္လူေတြ ရွိတယ္ နာက်င္ေနတဲ့ ဒဏ္ရာကိုျပမိလိုက္တဲ့အခါ ဆားျဖဴးသြားမယ့္လူေတြလဲ အမ်ားႀကီးပဲ ။

အားနည္းခ်က္ေတြ ရွိတဲ့အခါ လွ်ိဳ႕လွ်ိဳ႕၀ွက္၀ွက္ေလးထားတာ အေကာင္းဆုံးပဲ ။ ကိုယ့္အားနည္းခ်က္ကို ျပင္ေပးမယ့္လူေတြထက္ ဖိနင္းခ်င္ၾကတဲ့ လူေတြပဲ မ်ားတယ္ ။ ျပင္ႏိုင္မယ္ထင္ရင္ ကိုယ္တိုင္ပဲ ျပင္ပါ ။ မဟုတ္ရင္ ထုတ္ထုတ္ျပတတ္တဲ့ အက်င့္ကို ဆင္ျခင္ေပါ့ ။

ေလာကမွာ လူယုံသတ္လို႔ ေသသြားတဲ့လူေတြမွ အမ်ားႀကီးပဲ အဲ့ဒီအထဲ ကိုယ္ပါမသြားေစဖို႔ပဲ အေရးႀကီးတာပါ ။ တခ်ိဳ႕ကိုယ့္အနားလာရပ္တယ္ဆိုတာ ကိုယ့္အေၾကာင္း သိခ်င္႐ုံသက္သက္ပဲ ကိုယ့္ကို နားလည္ေပးခ်င္လို႔မဟုတ္သလို ကိုယ့္ကို စာနာလို႔လဲ မဟုတ္ဘူး ။

ေျပာစရာအေၾကာင္းေတြရသြားတဲ့အခါ … သူတို႔ကိုယ္တိုင္ပဲ ေလွ်ာက္ဖြၾကလိမ့္မယ္ ။ နင္းစရာ အားနည္းခ်က္ေတြ ရသြားတဲ့အခါ ကိုယ့္ကိုနင္းၿပီးတက္သြားၾကလိမ့္မယ္ ။ ေလာကမွာ … မိမိကိုယ္သာ အားကိုးရာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း