သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ….

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ….

သူ့ကို ကျွန်မ သိပ်ချစ်ခဲ့သလို ကျွန်မကိုလဲ သူကျွန်မနဲ့ထပ်တူ ချစ်နေလိမ့်မယ်လို့ ထင်ခဲ့မိတယ် ။ ဇာတ်လမ်းတွေရဲ့အစက သိပ်ကို ကြည်နူးဖို့ကောင်းခဲ့သလို အရမ်းလ​ဲ ပျော်ခဲ့ရပါတယ် ။ သူနဲ့ကျွန်မ နောက်ဆုံးထွက်သက်ထိ အတူတူဆိုတဲ့ ကတိတွေဟာ သိပ်ကို ချိုမြိန်ခဲ့ဖူးတာ ။

ချစ်ခဲ့ကြလို့မှ အချိန်တွေ မကြာသေးခင်မှာပဲ အချိုးတွေ ပြောင်းလာခဲ့တယ် ။ အချိန်မှန်ဆက်လေ့ရှိတဲ့ဖုန်းတွေဟာ … အချိန်လွန်သွားတဲ့အထိ ကိုယ့်ဆီ ၀င်မလာခဲ့ဘူး ။ မီးစိမ်းတိုင်း ကိုယ့်အတွက် အမြဲဖြစ်တတ်ခဲ့သူဟာ … Active Now ဖြစ်ပေမယ့် ကိုယ့်ဆီ စာတစ်ကြောင်းမှ ရောက်မလာခဲ့ဘူး ။ ကိုယ်တွေးနေသလို မဖြစ်လောက်ပါဘူးဆိုတဲ့ အတွေးနဲ့သာ ကျွန်မကိုယ်ကျွန်မ နှစ်သိမ့်ခဲ့တာပါ ။

ဒါပေမယ့် … နောက်တစ်ယောက်တဲ့ ကျွန်မအပြင် သူချစ်ရတဲ့သူ နောက်တစ်ယောက်ပေါ့ … ဒီအကြောင်းတွေ သေသေချာချာသိခဲ့ရတဲ့ ညမှာတော့ ကျွန်မ သည်းသည်းထန်ထန်ရွာနေတဲ့ မိုးတွေနဲ့အပြိုင် ကျွန်မ ငိုခဲ့ရတယ် ။ ဒီမျက်ရည်တွေက ဒီလောက်ပါပဲ ဒီထက်ပိုပြီး မငိုဖြစ်တော့ဘူး ။

ကျွန်မ ရိုးတယ်ဆိုတာထက် တော်တော်လေးကို အခ​ဲ့တာပါ ။ ချစ်တယ်ဆိုရုံလေး ချစ်တတ်ခဲ့တာ သူ့ရဲ့ နောက်လူလို ချိုအီနေတဲ့ စကားလုံးတွေနဲ့ မာယာတွေ မသုံးတတ်ခဲ့ဘူး ။ သူကလဲ ကိုယ့်ကို ချစ်တယ် ကိုယ်ကလဲ သူ့ကို ချစ်တယ်ဆိုရုံနဲ့ ကျေနပ်ခဲ့မိတာလေ ။

ဒီဇာတ်လမ်း … တစ်ခန်းတွေ မရပ်ခင် ကျွန်မကိုယ်တိုင်ပဲ နေရစ်ခဲ့ပါတယ် ။ ကျွန်မဟာ ချန်ထားရစ်ခံမယ့် မိန်းမတစ်ယောက်တော့ မဖြစ်ချင်ဘူးလေ။ ချစ်ခဲ့တုန်းက ဖြူစင်ခဲ့သလို ကိုယ့်ကိုယ်ကိုယ် ချန်လှပ်လိုက်တဲ့ ဒီဇာတ်လမ်းမှာ ကျွန်မ အနည်းဆုံးတော့ လိပ်ပြာတွေ သန့်ခဲ့ပါတယ် ။

သိပ်ချစ်ပါတယ်ဆိုတဲ့ လူနှစ်ယောက်ကြားမှာ နောက်လူတစ်ယောက်ပေါ်လာတဲ့အခါ တကယ်ချစ်တဲ့သူကပဲ တစ်ယောက်တည်းကျန်ခဲ့ရပါတာ များပါတယ် ဒါကတော့ ကျွန်မ ​ပြောပြချင်တဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းပေါ့ ။ ဒီမှာပဲ တစ်ခန်းရပ်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သုံးပြင့္ဆိုင္ အခ်စ္ဇာတ္လမ္း ….

သူ႔ကို ကြၽန္မ သိပ္ခ်စ္ခဲ့သလို ကြၽန္မကိုလဲ သူကြၽန္မနဲ႔ထပ္တူ ခ်စ္ေနလိမ့္မယ္လို႔ ထင္ခဲ့မိတယ္ ။ ဇာတ္လမ္းေတြရဲ႕အစက သိပ္ကို ၾကည္ႏူးဖို႔ေကာင္းခဲ့သလို အရမ္းလ​ဲ ေပ်ာ္ခဲ့ရပါတယ္ ။ သူနဲ႔ကြၽန္မ ေနာက္ဆုံးထြက္သက္ထိ အတူတူဆိုတဲ့ ကတိေတြဟာ သိပ္ကို ခ်ိဳၿမိန္ခဲ့ဖူးတာ ။

ခ်စ္ခဲ့ၾကလို႔မွ အခ်ိန္ေတြ မၾကာေသးခင္မွာပဲ အခ်ိဳးေတြ ေျပာင္းလာခဲ့တယ္ ။ အခ်ိန္မွန္ဆက္ေလ့ရွိတဲ့ဖုန္းေတြဟာ … အခ်ိန္လြန္သြားတဲ့အထိ ကိုယ့္ဆီ ၀င္မလာခဲ့ဘူး ။ မီးစိမ္းတိုင္း ကိုယ့္အတြက္ အၿမဲျဖစ္တတ္ခဲ့သူဟာ … Active Now ျဖစ္ေပမယ့္ ကိုယ့္ဆီ စာတစ္ေၾကာင္းမွ ေရာက္မလာခဲ့ဘူး ။ ကိုယ္ေတြးေနသလို မျဖစ္ေလာက္ပါဘူးဆိုတဲ့ အေတြးနဲ႔သာ ကြၽန္မကိုယ္ကြၽန္မ ႏွစ္သိမ့္ခဲ့တာပါ ။

ဒါေပမယ့္ … ေနာက္တစ္ေယာက္တဲ့ ကြၽန္မအျပင္ သူခ်စ္ရတဲ့သူ ေနာက္တစ္ေယာက္ေပါ့ … ဒီအေၾကာင္းေတြ ေသေသခ်ာခ်ာသိခဲ့ရတဲ့ ညမွာေတာ့ ကြၽန္မ သည္းသည္းထန္ထန္႐ြာေနတဲ့ မိုးေတြနဲ႔အၿပိဳင္ ကြၽန္မ ငိုခဲ့ရတယ္ ။ ဒီမ်က္ရည္ေတြက ဒီေလာက္ပါပဲ ဒီထက္ပိုၿပီး မငိုျဖစ္ေတာ့ဘူး ။

ကြၽန္မ ႐ိုးတယ္ဆိုတာထက္ ေတာ္ေတာ္ေလးကို အခ​ဲ့တာပါ ။ ခ်စ္တယ္ဆို႐ုံေလး ခ်စ္တတ္ခဲ့တာ သူ႔ရဲ႕ ေနာက္လူလို ခ်ိဳအီေနတဲ့ စကားလုံးေတြနဲ႔ မာယာေတြ မသုံးတတ္ခဲ့ဘူး ။ သူကလဲ ကိုယ့္ကို ခ်စ္တယ္ ကိုယ္ကလဲ သူ႔ကို ခ်စ္တယ္ဆို႐ုံနဲ႔ ေက်နပ္ခဲ့မိတာေလ ။

ဒီဇာတ္လမ္း … တစ္ခန္းေတြ မရပ္ခင္ ကြၽန္မကိုယ္တိုင္ပဲ ေနရစ္ခဲ့ပါတယ္ ။ ကြၽန္မဟာ ခ်န္ထားရစ္ခံမယ့္ မိန္းမတစ္ေယာက္ေတာ့ မျဖစ္ခ်င္ဘူးေလ။ ခ်စ္ခဲ့တုန္းက ျဖဴစင္ခဲ့သလို ကိုယ့္ကိုယ္ကိုယ္ ခ်န္လွပ္လိုက္တဲ့ ဒီဇာတ္လမ္းမွာ ကြၽန္မ အနည္းဆုံးေတာ့ လိပ္ျပာေတြ သန္႔ခဲ့ပါတယ္ ။

သိပ္ခ်စ္ပါတယ္ဆိုတဲ့ လူႏွစ္ေယာက္ၾကားမွာ ေနာက္လူတစ္ေယာက္ေပၚလာတဲ့အခါ တကယ္ခ်စ္တဲ့သူကပဲ တစ္ေယာက္တည္းက်န္ခဲ့ရပါတာ မ်ားပါတယ္ ဒါကေတာ့ ကြၽန္မ ​ေျပာျပခ်င္တဲ့ သုံးပြင့္ဆိုင္ ဇာတ္လမ္းေပါ့ ။ ဒီမွာပဲ တစ္ခန္းရပ္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း