ကျွန်မသည်လဲပဲ လူပါ ။ ခံစားတတ်တယ် နာကျင်တတ်တယ် ငိုကြွေးတတ်တယ်

ကျွန်မသည်လဲ လူပါ သည်းခံတယ်ဆိုပေမယ့် ဘယ်လောက်အတိုင်းအတာထိ ခေါင်းငုံ့ခံနေနိုင်ပါ့မလဲ သည်းခံမှုဆိုတာ . . . ပူပေါင်းလေးလိုပါပဲ ။ သာမန်ထက်ပိုတဲ့ နာကျင်မှုတွေ အများကြီးရှိလာတဲ့အခါ ပူပေါင်းလေးကွဲထွက်သွားသလို သည်းခံခဲ့သမျှ အရာအားလုံး ပေါက်ကွဲထွက်လာတတ်ပါတယ်

သာမန်ဒေါသတွေထက် သည်းခံတတ်သူတစ်ယောက်ရဲ့ဒေါသတွေက ပိုပြီး ကြောက်ဖို့ကောင်းပါတယ် ဘာကိုမှ ဆက်ပြီး ငဲ့ကွက်ဖို့ မလိုတော့ဘူးလေ ။ အဆုံးစွန်ထိ သည်းခံခဲ့ပြီးသလို အဆုံးစွန်ထိ ပေါက်ကွဲပစ်လိုက်ဖို့ ၀န်မလေးတော့ဘူး ။

ကျွန်မသည်လဲ လူပါ ချစ်တတ်တယ် ပြီးတော့ မုန်းတတ်တယ် ချစ်တဲ့အခါ မျက်လုံးစုံမှိတ်ပြီး ချစ်တတ်သလို မုန်းတဲ့အခါ နောင်သံသရာပါတဲ့အထိ မုန်းတတ်ပါတယ် ။ ချစ်လွန်းလို့ နားလည်ပေး ခွင့်လွှတ်ပေးခဲ့ရင်တောင် အကန့်အသတ်ဆိုတာ ရှိတာပဲလေ တစ်နေ့တစ်နေ့ တစ်ချိန်ချိန်ကျ စိတ်ပျက်သွားနိုင်တယ် မဟုတ်လား

ကျွန်မသည်လဲ လူပါ ခံစားတတ်တယ် နာကျင်တတ်တယ် ချစ်တတ် မုန်းတတ် နာကြည်းတတ်တယ် ။ သံပတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လို ဘာလုပ်လုပ်ရပါတယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ အနားကို မလာပါနဲ့ ။ခွင့်လွှတ်တယ် နားလည်ပေးတယ်ဆိုတာ တုံးအလို့မဟုတ်ဘူး ကျွန်မလဲ ပြန်ပြီးယုတ်မာတတ်ပါတယ် ဒါပေမယ့် မလုပ်ဖြစ်ခဲ့ဘူး သံသရာမှာ တစ်ဖန်ပြန်ခံရမယ့် ၀ဋ်ဆိုတာကြီးကို ကြောက်လို့ ဘာမှ ပြန်ပြီး မလုပ်ဖြစ်ခဲ့တာ ။

စိတ်ဆိုးအောင် လုပ်ပါ ကျွန်မက စိတ်ဆိုးတဲ့အခါ ခဏလေးနဲ့ ပြေတတ်တယ်လေ သိပ်ပြီးလဲ အမှတ်မထားတတ်ဘူး ဒါပေမယ့် စိတ်နာ စိတ်ပျက်အောင် မလုပ်ပါနဲ့ ကျွန်မ စိတ်နာသွားတဲ့ အဲ့ဒီလူရဲ့နာမည်ကအစ အဖြစ်အပျက်အဆုံး ဘာဆိုဘာမှ ဦးဏှောက်ထဲ မထားတတ်တော့သလို ဘာကိုမှ ထပ်ပြီး စိတ်မ၀င်စားတော့ဘူး ။

အသက်၀င်နေသေးတဲ့ နှလုံးသားကို တစ်ခါလောက်ဖြစ်ဖြစ် ပြန်ပြီး နွေးထွေးပေးပါ အေးစက်သွားတဲ့အခါ သူမတူအောင် ရက်စက်သွားတတ်လိမ့်မယ် ။ ဂရုစိုက်တာတွေ ကြင်နာတာတွေ ပြုံးရယ်တာတွေ ဘာဆိုဘာမှ ရှိတော့မှာမဟုတ်ဘူး အသက်မဲ့တဲ့ အပြုံးတွေ အေးစက်တဲ့ အရယ်အပြုံးတွေက သိပ်ပြီးကြောက်ဖို့ကောင်းတယ် မဟုတ်လား ။

ကျွန်မသည်လဲပဲ လူပါ ။ ခံစားတတ်တယ် နာကျင်တတ်တယ် ငိုကြွေးတတ်တယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မသည္လဲ လူပါ သည္းခံတယ္ဆိုေပမယ့္ ဘယ္ေလာက္အတိုင္းအတာထိ ေခါင္းငုံ႔ခံေနႏိုင္ပါ့မလဲ သည္းခံမႈဆိုတာ . . . ပူေပါင္းေလးလိုပါပဲ ။ သာမန္ထက္ပိုတဲ့ နာက်င္မႈေတြ အမ်ားႀကီးရွိလာတဲ့အခါ ပူေပါင္းေလးကြဲထြက္သြားသလို သည္းခံခဲ့သမွ် အရာအားလုံး ေပါက္ကြဲထြက္လာတတ္ပါတယ္

သာမန္ေဒါသေတြထက္ သည္းခံတတ္သူတစ္ေယာက္ရဲ႕ေဒါသေတြက ပိုၿပီး ေၾကာက္ဖို႔ေကာင္းပါတယ္ ဘာကိုမွ ဆက္ၿပီး ငဲ့ကြက္ဖို႔ မလိုေတာ့ဘူးေလ ။ အဆုံးစြန္ထိ သည္းခံခဲ့ၿပီးသလို အဆုံးစြန္ထိ ေပါက္ကြဲပစ္လိုက္ဖို႔ ၀န္မေလးေတာ့ဘူး ။

ကြၽန္မသည္လဲ လူပါ ခ်စ္တတ္တယ္ ၿပီးေတာ့ မုန္းတတ္တယ္ ခ်စ္တဲ့အခါ မ်က္လုံးစုံမွိတ္ၿပီး ခ်စ္တတ္သလို မုန္းတဲ့အခါ ေနာင္သံသရာပါတဲ့အထိ မုန္းတတ္ပါတယ္ ။ ခ်စ္လြန္းလို႔ နားလည္ေပး ခြင့္လႊတ္ေပးခဲ့ရင္ေတာင္ အကန္႔အသတ္ဆိုတာ ရွိတာပဲေလ တစ္ေန႔တစ္ေန႔ တစ္ခ်ိန္ခ်ိန္က် စိတ္ပ်က္သြားႏိုင္တယ္ မဟုတ္လား

ကြၽန္မသည္လဲ လူပါ ခံစားတတ္တယ္ နာက်င္တတ္တယ္ ခ်စ္တတ္ မုန္းတတ္ နာၾကည္းတတ္တယ္ ။ သံပတ္ေပးထားတဲ့ စက္႐ုပ္တစ္႐ုပ္လို ဘာလုပ္လုပ္ရပါတယ္ဆိုတဲ့ ပုံစံမ်ိဳးေတြနဲ႔ အနားကို မလာပါနဲ႔ ။ခြင့္လႊတ္တယ္ နားလည္ေပးတယ္ဆိုတာ တုံးအလို႔မဟုတ္ဘူး ကြၽန္မလဲ ျပန္ၿပီးယုတ္မာတတ္ပါတယ္ ဒါေပမယ့္ မလုပ္ျဖစ္ခဲ့ဘူး သံသရာမွာ တစ္ဖန္ျပန္ခံရမယ့္ ၀ဋ္ဆိုတာႀကီးကို ေၾကာက္လို႔ ဘာမွ ျပန္ၿပီး မလုပ္ျဖစ္ခဲ့တာ ။

စိတ္ဆိုးေအာင္ လုပ္ပါ ကြၽန္မက စိတ္ဆိုးတဲ့အခါ ခဏေလးနဲ႔ ေျပတတ္တယ္ေလ သိပ္ၿပီးလဲ အမွတ္မထားတတ္ဘူး ဒါေပမယ့္ စိတ္နာ စိတ္ပ်က္ေအာင္ မလုပ္ပါနဲ႔ ကြၽန္မ စိတ္နာသြားတဲ့ အဲ့ဒီလူရဲ႕နာမည္ကအစ အျဖစ္အပ်က္အဆုံး ဘာဆိုဘာမွ ဦးေဏွာက္ထဲ မထားတတ္ေတာ့သလို ဘာကိုမွ ထပ္ၿပီး စိတ္မ၀င္စားေတာ့ဘူး ။

အသက္၀င္ေနေသးတဲ့ ႏွလုံးသားကို တစ္ခါေလာက္ျဖစ္ျဖစ္ ျပန္ၿပီး ေႏြးေထြးေပးပါ ေအးစက္သြားတဲ့အခါ သူမတူေအာင္ ရက္စက္သြားတတ္လိမ့္မယ္ ။ ဂ႐ုစိုက္တာေတြ ၾကင္နာတာေတြ ၿပဳံးရယ္တာေတြ ဘာဆိုဘာမွ ရွိေတာ့မွာမဟုတ္ဘူး အသက္မဲ့တဲ့ အၿပဳံးေတြ ေအးစက္တဲ့ အရယ္အၿပဳံးေတြက သိပ္ၿပီးေၾကာက္ဖို႔ေကာင္းတယ္ မဟုတ္လား ။

ကြၽန္မသည္လဲပဲ လူပါ ။ ခံစားတတ္တယ္ နာက်င္တတ္တယ္ ငိုေႂကြးတတ္တယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း

Item added to cart.
0 items - Ks0.00