ကိုယ့်ကို ထားခဲ့တဲ့သူကို နောင်တရစေချင်ရင် . . . .

ကိုယ့်ကို ထားခဲ့တဲ့သူကို နောင်တရစေချင်ရင် . . . .

အမေးများတဲ့ မေးခွန်းလေးပါ ။ ပြန်ပြီးခံစားစေချင်တာတော့ မဟုတ်ဘူး ဒါပေမယ့် ကျွန်မရဲ့ တန်ဖိုးကို သိစေချင်တယ်ဆိုတဲ့ လူတွေ ဖတ်ဖို့ရည်ရွယ်ပါတယ် ။

လူနှစ်ယောက်တွေ့ဆုံခြင်းတွေမှာ ရေစက်လိုပါတယ် . . . ဒါပေမယ့် လူနှစ်ယောက်ဝေးသွားဖို့ကျတော့ ရေစက်ကုန်သွားဖို့မလိုဘူး ခြံခုန်သွားရင်လဲ . . . ဝေးသွားတတ်ပါတယ် ။ ဒီလိုအချိန်မှာ အရာရာကို ပေးဆပ်ပြီး ချစ်တတ်ခဲ့တဲ့ မိန်းကလေးတွေက ၀မ်းနည်းတယ်ဆိုတာထက် ငါ ဒီလောက်ပေးဆပ်ခဲ့တာတောင် ဘာလို့ငါ့အပေါ်လုပ်ရက်တာလဲဆိုပြီး မေးခွန်းတွေ နဲ့ ဒေါသတွေ ထွက်တတ်တယ်လေ ။

မခံမရပ်နိုင်အောင် နာကျင်လွန်းတဲ့အခါ သိပ်ချစ်ပါတယ်ဆိုတဲ့လက်ကို စွန့်လွှတ်ပစ်လိုက်ဖို့၀န်မလေးတော့ဘူး တစ်နေ့ကျရင် . . .၀ဋ်ပြန်လည်ပါစေဆိုတဲ့ ဆု မတောင်းရင်တောင် တစ်နေ့ကျရင်တော့ ကိုယ့်တန်ဖိုးလေး သိစေချင်တယ်ဆိုတဲ့ စိတ်လေးတော့ ရှိတတ်ကြတယ်

ကိုယ့်ကို ထားသွားတဲ့ကို နောင်တတွေ ရစေချင်တယ် ။ ငိုနေတဲ့မျက်လုံးတွေ မျက်ရည်တွေ သုတ်ပစ်လိုက်ပါ ပြီးရင် အလှဆုံး ရအောင် ပြုံးလိုက် ။ ယောက်ျားဆိုတာမျိုးကလေ သိပ်ကို မပြတ်သားတတ်တဲ့လူမျိုး ။သူတို့ထားသွားတဲ့ကောင်မလေးတစ်ယောက်ကို ပြန်ပြီး ငဲ့ကြည့်တတ်တဲ့သူမျိုးလေ ။ ကိုယ်က အဲ့ဒီအချိန်မှာ မျက်ရည်တွေနဲ့ ၀မ်းနည်းပြနေရင် နှစ်ခါမက ရှုံးတယ် သူ ငါ့ကို ချစ်နေသေးတာပဲ ဆိုတဲ့စိတ်နဲ့ ကျေနပ်နေတတ်ကြတာလေ ။

အရင်ကထက် ပိုပြီးလှအောင်နေပါ ညဘက်တွေ မအိပ်ပဲ မျက်တွင်းတွေနက်နေရင် . . .အဆင်မပြေဘူး ညီမလေးရဲ့ အရင်ကထက်ပိုပြီးလှအောင်နေ . . .၀မ်းနည်းနေရင် ပိုပြီးလှအောင်နေတတ်ရတယ် ဒါမှ သူများမမြင်မှာလေ ။ ယောက်ျားဆိုတာမျိုးက . . .ကိုယ်လွှတ်တဲ့ငါး ကြီးနေတတ်ရင် တစိမ့်စိမ့်တွေးပြီး နောင်တတွေ ရနေတတ်ပါပဲ ။

ကိုယ်ထိလက်ရောက်လက်စားချေဖို့မလိုပါဘူး ။ ပြီးရင် ၀ဋ်လည်ပါစေဆိုတဲ့ ဆုလဲတောင်းဖို့မလိုပါဘူး ကိုယ်က သူမရှိပဲ နေနိုင်နေမှန်းသိသွားတဲ့အခါ ကိုယ်အလိုလိုနိုင်ပါတယ် ။

ကိုယ့်ကို ထားခဲ့တဲ့သူကို နောင်တတွေ ရစေချင်ရင် . . .အရင်ကထက်ပိုပြီး လှအောင်နေပါ ။ ရင်ဘတ်ထဲ နာချင်နာနေပါစေ မျက်နှာမှာ အလှဆုံး ရအောင်ပြုံးပါ ဒါ အကောင်းဆုံး လက်စားချေနည်းပါပဲ ။ လမ်းမှာ မတော်တဆဆုံလာတဲ့အခါ . . .ကိုယ်က သူ့လက်ထဲမှာ ရှိနေတုန်းကထက် ပိုပြီး အမြင့်ကိုရောက်နေတဲ့အခါ သူ့ဘေးနားက မိန်းကလေးထက် ကိုယ်က ပိုပြီးရင့်ကျက်နေတဲ့အခါ နောင်တတွေ တသီကြီးရလာပါလိမ့်မယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း









မိန်းမသားတို့အတွက်
သျှင်ယွန်း