message လေးတစ်​စောင်ကြောင့် ပြုံးခဲ့ဖူးသလို message လေးတစ်စောင်ကြောင့် ငိုခဲ့ဖူးတယ်

message လေးတစ်​စောင်ကြောင့် ပြုံးခဲ့ဖူးသလို message လေးတစ်စောင်ကြောင့် ငိုခဲ့ဖူးတယ် ။ တကယ်ကို အရူးလိုပါပဲ ။ အရာရာကို ရင်ဘတ်ကြီးနဲ့ ခံစားတတ်တဲ့ ကျွန်မက နေရာတကာမှာ ထိလွယ် ရှလွွယ်ပါတယ် ။

လူတစ်ယောက်ရဲ့ ရင်၀ကို စောင့်ကန်ခံလိုက်ရတဲ့အခါ အဲ့ဒီအကန်ခံလိုက်ရတဲ့ လူတစ်ယောက်ရဲ့ အရှိုက်တည့်တည့်ကို အားပြင်းရင် ပြင်းသလို အသက်ရှုရခက် မတ်တပ်ရပ်ရခက် ထိုင်ရခက်ဆိုပြီး ဖြစ်တတ်တယ် ။ ဒီတစ်ခါ ကိုယ်ကိုယ်ကိုယ်တိုင် အကန်ခံရတာမဟုတ်ပဲ Message လေးတစ်စောင့်ကြောင့် အရှိုက်ထိခံခဲ့ရဖူးတာကို ပြန်ပြောပြပါမှာ

မျှော်နေတဲ့အခါ … ၀င်လာတဲ့ message လေးတွေဟာ တကယ်ကို ကြည်နူးစရာပါ ။ နေမကောင်းဖြစ်တဲ့အခါ နေကောင်းအောင်နေပါ ဆိုတဲ့စာသားလေးက နွေးထွေးစရာ ။ ကိုယ်အားငယ်နေတဲ့အခါ အနားမှာ ရှိနေတယ်နော် ဘာမှမဖြစ်ဘူးဆိုတဲ့ စာကြောင်းလေးက ကိုယ့်အတွက် အားကိုးစရာ … ဒါဟာ တစ်ချိန်က ကျွန်မ ပျော်ခဲ့ဖူးတဲ့ message လေးတွေအကြောင်းပေါ့ ။

ကိုယ်မျှော်နေတဲ့အချိန်ထက် နောက်ကျပြီးမှ ရောက်လာတဲ့စာလေးတွေဟာ … ကိုယ်မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကျွန်မ ငိုမိချင်ငိုမိလိမ့်မယ် ။ ဥပမာ … အလုပ်တွေ ရှုပ်နေကာမှ အလိုက်ကို မသိဘူးဆိုတာမျိုး ။ တကယ်ဆို အချိန်တိုင်းလိုက်ရှုပ်တတ်တဲ့ ကောင်မလေးမျိုးမဟုတ်ပဲ တကယ်လွမ်းတဲ့အချိန်မှ အရဲစွန့်ပြီး ခေါ်တတ်တာမျိုးပါ ။

ကိုယ် တကယ်ပြိုလဲနေတဲ့အချိန်မှာမှ အားပေးစကားလေးတွေအစား အမြဲတမ်းအဲ့အတိုင်းကြီးပဲဆိုတဲ့ စိတ်မရှည်မှုတွေဟာ ကျွန်မ မျက်ရည်တွေိကို ချွေချနေတာပါ ။ ဖုန်းလေးကြည့်ရင်း ဒီ message လေးတွေကိုဖတ်ရင်း ပြုံးလဲ ပြုံးခဲ့ဖူးသလို ငိုလဲ ငိုခဲ့ဖူးတယ် ။ တွေးကြည့်ရင်တော့ အရူးလိုပါပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

message ေလးတစ္​ေစာင္ေၾကာင့္ ၿပဳံးခဲ့ဖူးသလို message ေလးတစ္ေစာင္ေၾကာင့္ ငိုခဲ့ဖူးတယ္ ။ တကယ္ကို အ႐ူးလိုပါပဲ ။ အရာရာကို ရင္ဘတ္ႀကီးနဲ႔ ခံစားတတ္တဲ့ ကြၽန္မက ေနရာတကာမွာ ထိလြယ္ ရွလြြယ္ပါတယ္ ။

လူတစ္ေယာက္ရဲ႕ ရင္၀ကို ေစာင့္ကန္ခံလိုက္ရတဲ့အခါ အဲ့ဒီအကန္ခံလိုက္ရတဲ့ လူတစ္ေယာက္ရဲ႕ အရႈိက္တည့္တည့္ကို အားျပင္းရင္ ျပင္းသလို အသက္ရႈရခက္ မတ္တပ္ရပ္ရခက္ ထိုင္ရခက္ဆိုၿပီး ျဖစ္တတ္တယ္ ။ ဒီတစ္ခါ ကိုယ္ကိုယ္ကိုယ္တိုင္ အကန္ခံရတာမဟုတ္ပဲ Message ေလးတစ္ေစာင့္ေၾကာင့္ အရႈိက္ထိခံခဲ့ရဖူးတာကို ျပန္ေျပာျပပါမွာ

ေမွ်ာ္ေနတဲ့အခါ … ၀င္လာတဲ့ message ေလးေတြဟာ တကယ္ကို ၾကည္ႏူးစရာပါ ။ ေနမေကာင္းျဖစ္တဲ့အခါ ေနေကာင္းေအာင္ေနပါ ဆိုတဲ့စာသားေလးက ေႏြးေထြးစရာ ။ ကိုယ္အားငယ္ေနတဲ့အခါ အနားမွာ ရွိေနတယ္ေနာ္ ဘာမွမျဖစ္ဘူးဆိုတဲ့ စာေၾကာင္းေလးက ကိုယ့္အတြက္ အားကိုးစရာ … ဒါဟာ တစ္ခ်ိန္က ကြၽန္မ ေပ်ာ္ခဲ့ဖူးတဲ့ message ေလးေတြအေၾကာင္းေပါ့ ။

ကိုယ္ေမွ်ာ္ေနတဲ့အခ်ိန္ထက္ ေနာက္က်ၿပီးမွ ေရာက္လာတဲ့စာေလးေတြဟာ … ကိုယ္မေမွ်ာ္လင့္ထားတဲ့ အရာေတြ ျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ ကြၽန္မ ငိုမိခ်င္ငိုမိလိမ့္မယ္ ။ ဥပမာ … အလုပ္ေတြ ရႈပ္ေနကာမွ အလိုက္ကို မသိဘူးဆိုတာမ်ိဳး ။ တကယ္ဆို အခ်ိန္တိုင္းလိုက္ရႈပ္တတ္တဲ့ ေကာင္မေလးမ်ိဳးမဟုတ္ပဲ တကယ္လြမ္းတဲ့အခ်ိန္မွ အရဲစြန္႔ၿပီး ေခၚတတ္တာမ်ိဳးပါ ။

ကိုယ္ တကယ္ၿပိဳလဲေနတဲ့အခ်ိန္မွာမွ အားေပးစကားေလးေတြအစား အၿမဲတမ္းအဲ့အတိုင္းႀကီးပဲဆိုတဲ့ စိတ္မရွည္မႈေတြဟာ ကြၽန္မ မ်က္ရည္ေတြိကို ေခြၽခ်ေနတာပါ ။ ဖုန္းေလးၾကည့္ရင္း ဒီ message ေလးေတြကိုဖတ္ရင္း ၿပဳံးလဲ ၿပဳံးခဲ့ဖူးသလို ငိုလဲ ငိုခဲ့ဖူးတယ္ ။ ေတြးၾကည့္ရင္ေတာ့ အ႐ူးလိုပါပဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း