သူ … ကျွန်မအပေါ် အရင်လို မဟုတ်တော့ဘူး ။

သူ … ကျွန်မအပေါ် အရင်လို မဟုတ်တော့ဘူး ။

ပြောင်းလဲလာတယ်လို့ပဲ ခေါင်းစဥ်တပ်ရတော့မယ်ထင်တယ် ။ သေချာတာတစ်ခုက အရင်ကလို မဟုတ်တော့ဘူး ။ ကျွန်မနဲ့တွေ့ရင် … စကားတွေ ပြောတတ်တဲ့သူ မသိမသာလေး အေးစက်လာတယ် ။ အချိန်မှန်ဖုန်းဆက်တတ်တဲ့သူက ဖုန်းဆက်ဖို့ အချိန်တွေ လွန်လာတဲ့အထိ မေ့တတ်လာတယ် ။

သူ … အရင်လို မဟုတ်တော့ဘူး ။ ကျွန်မ မျက်နှာညိုးမှာကြောက်ခဲ့ဖူးတဲ့သူက .. ကျွန်မဘာဖြစ်နေလဲ ဂရုမစိုက်တော့ဘူး ။ အရင်တုန်းကလို မဟုတ်တော့ပါလားဆိုတဲ့ အသိကလွဲလို့ ဘာကြောင့်ဆိုတာမှန်း ကျွန်မ မတွေးတတ်တော့ဘူး ။

မချစ်တော့တာလား … ဒါမှ မဟုတ် စိတ်ကုန်သွားတာလား … တစ်ခုခုတော့ တစ်ခုခုပါပဲ ဘာကြောင့်မှန်းပဲ မသိခဲ့တာပါ ။ အရင်လို မနွေးထွေးတော့ကလွဲရင် ကျွန်မကတော့ အရင်လို ချစ်နေသေးတာပါပဲ ။ ရာသီဥတုအပြောင်းအလဲမှာတောင် နေမကောင်းဖြစ်တတ်တဲ့ကျွန်မ သူပြောင်းလ​ဲသွားတော့ နှလုံးသားက နဲနဲလေး ဖျားနာချင်လာတယ် ။

တစ်စိုက်မတ်မတ် ချစ်တတ်တဲ့ အကျင့်လေး မွေးစေချင်တယ် ။ ကျွန်မကိုမှ မဟုတ်ပဲ တခြား ဘယ်သူ့ကိုပဲ ချစ်ချစ်ပါ… စချစ်ကတည်း အဆုံးထိ ချစ်နိုင်မချစ်နိုင်လေး အရင်တွေးစေချင်တယ် ။ မိန်းမသားတွေက … ​အလွယ်တကူလေး မပြောင်းလဲတတ်ကြသလို … ပြောင်းလဲသွားတဲ့ ဒဏ်တွေ မခံနိုင်ကြဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူ … ကြၽန္မအေပၚ အရင္လို မဟုတ္ေတာ့ဘူး ။

ေျပာင္းလဲလာတယ္လို႔ပဲ ေခါင္းစဥ္တပ္ရေတာ့မယ္ထင္တယ္ ။ ေသခ်ာတာတစ္ခုက အရင္ကလို မဟုတ္ေတာ့ဘူး ။ ကြၽန္မနဲ႔ေတြ႕ရင္ … စကားေတြ ေျပာတတ္တဲ့သူ မသိမသာေလး ေအးစက္လာတယ္ ။ အခ်ိန္မွန္ဖုန္းဆက္တတ္တဲ့သူက ဖုန္းဆက္ဖို႔ အခ်ိန္ေတြ လြန္လာတဲ့အထိ ေမ့တတ္လာတယ္ ။

သူ … အရင္လို မဟုတ္ေတာ့ဘူး ။ ကြၽန္မ မ်က္ႏွာညိဳးမွာေၾကာက္ခဲ့ဖူးတဲ့သူက .. ကြၽန္မဘာျဖစ္ေနလဲ ဂ႐ုမစိုက္ေတာ့ဘူး ။ အရင္တုန္းကလို မဟုတ္ေတာ့ပါလားဆိုတဲ့ အသိကလြဲလို႔ ဘာေၾကာင့္ဆိုတာမွန္း ကြၽန္မ မေတြးတတ္ေတာ့ဘူး ။

မခ်စ္ေတာ့တာလား … ဒါမွ မဟုတ္ စိတ္ကုန္သြားတာလား … တစ္ခုခုေတာ့ တစ္ခုခုပါပဲ ဘာေၾကာင့္မွန္းပဲ မသိခဲ့တာပါ ။ အရင္လို မေႏြးေထြးေတာ့ကလြဲရင္ ကြၽန္မကေတာ့ အရင္လို ခ်စ္ေနေသးတာပါပဲ ။ ရာသီဥတုအေျပာင္းအလဲမွာေတာင္ ေနမေကာင္းျဖစ္တတ္တဲ့ကြၽန္မ သူေျပာင္းလ​ဲသြားေတာ့ ႏွလုံးသားက နဲနဲေလး ဖ်ားနာခ်င္လာတယ္ ။

တစ္စိုက္မတ္မတ္ ခ်စ္တတ္တဲ့ အက်င့္ေလး ေမြးေစခ်င္တယ္ ။ ကြၽန္မကိုမွ မဟုတ္ပဲ တျခား ဘယ္သူ႔ကိုပဲ ခ်စ္ခ်စ္ပါ… စခ်စ္ကတည္း အဆုံးထိ ခ်စ္ႏိုင္မခ်စ္ႏိုင္ေလး အရင္ေတြးေစခ်င္တယ္ ။ မိန္းမသားေတြက … ​အလြယ္တကူေလး မေျပာင္းလဲတတ္ၾကသလို … ေျပာင္းလဲသြားတဲ့ ဒဏ္ေတြ မခံႏိုင္ၾကဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း