မိန်းမတိုင်းလိုချင်တဲ့ ယောက်ျားဆိုတာ . . .

မိန်းမတိုင်းလိုချင်တဲ့ ယောက်ျားဆိုတာ . . .
အပြောမကောင်းချင်နေပါ ပြောပြီးသားကတိလေးတော့ တည်စေချင်တယ် အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တာမျိုးမဟုတ်ပဲ လုပ်ပေးမယ်လို့ ပြောထားတဲ့အရာတွေကို လုပ်ပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ပေါ့ ။

သဲသဲလှုပ်မချစ်ပြချင်နေပါ လိုအပ်တဲ့အခါ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်စေချင်တယ် အမှားတစ်ခုခုကြုံတဲ့အခါ ကိုယ့်အပေါ် အပြစ်တင်ပုံချပြီး ခေါင်းရှောင်တတ်တဲ့ ယောက်ျားတစ်ယောက်လောက် အောက်တန်းကျတာ မရှိဘူးလေ ။

ကျိကျိတက် မချမ်းသာချင်နေပါ အလုပ်လုပ်ချင်စိတ်လေးတော့ရှိစေချင်တယ် အကြောင်းပြချက်တွေ ဆင်ခြေခြင်လက်တွေ နဲ့အလုပ်လုပ်ချင်စိတ်မရှိတဲ့ ယောက်ျားတစ်ယောက်က ဘဝရည်မှန်းချက်တွေ မရှိတတ်ဘူးလေ ။

ရုပ်မချောချင်နေပါ ကျွန်မအပေါ် သစ္စာလေးတော့ ရှိစေချင်တယ် ရုပ်ရည်ဆိုတာ အချိန်တန် ပျက်စီးသွားမှာ အကျင့်စာရိတ္တက အဓိကပဲ နင့်ယောက်ျားက ချောလိုက်တာဆိုတာထက် နင့်အပေါ်ချစ်တတ် ဂရုစိုက်တတ်လိုက်တာဆိုတာလေးက
ပိုပြီး ပီတိ ဖြစ်စရာကောင်းပါတယ် ။

ယောက်ျားတစ်ယောက်ကို ဦးဏှောက်နဲ့ ရွေးချယ်တဲ့ မိန်းမတစ်ယောက်တော့ မဟုတ်ဘူးပေါ့ ကိုယ်ချစ်တဲ့ ယောက်ျားတစ်ယောက်ကို တခြားတစ်ယောက်ယောက်က ဝေဖန်ပြစ်တင်တာမျိုး ဘယ်မိန်းမကမှ မကြိုက်တတ်ဘူးလေ

ကျွန်မလဲ မိန်းမသားထဲ မိန်းမသားတစ်ယောက်ပါ ကိုယ်ချစ်တဲ့ ယောက်ျားကို ဘယ်တစ်ဦးတစ်ယောက်မှ ဝေဖန်အပြစ်တင်နေတာမျိုး မလိုချင်ဘူး ။ ကိုယ်ကိုယ်တိုင် ဝေဖန်ထောက်ပြကောင်းထောက်ပြပါလိမ့်မယ် အပြစ်ပြောကောင်းလဲ ပြောမိလိမ့်မယ် ဒါပေမယ့် ချိုးနှိမ်တာမဟုတ်ဘူး မခံချင်စိတ်ဖြစ်အောင် ပြောမိတာမျိုးပါ ။ ဒါပေမယ့် တခြားတစ်ယောက်လာပြီးပြောလာတဲ့အခါ ကျွန်မတို့မိန်းမသားတွေကပဲ ကပ်ကပ်လန်ရန်တွေ့မိတာပါ ။ ဒီအချိန် ကိုယ့်အနားမှာ ရှိတဲ့လူက မှန်နေရင် ကျွန်မတို့မှာ ပြောအားတွေ ရှိတယ်။ မှားနေတဲ့အခါ ပြန်ပြောချင်ပါရဲ့နဲ့ ခေါင်းငုံ့ခံခဲ့ရတာပါတယ် ။

ဒါတွေကြောင့် ကျွန်မ လိုချင်တဲ့ယောက်ျားဆိုတာ ကမ္ဘာပေါ်က အကောင်းဆုံးမဖြစ်ရင်တောင် ကျွန်မအပေါ် ကောင်းတဲ့သူဖြစ်စေချင်တယ် ။ လောဘလို့ ခေါင်းစဉ္ပဲ တပ်တပ် အတ္တလို့ ခေါင်းစဉ်ပဲ တပ်တပ် … တကယ်တမ်း မိန်းမသားတစ်ယောက်ကို နားလည်ရင် ဒါဟာ မိန်းမတစ်ယောက်ရဲ့ အချစ်မှန်း သိလာလိမ့်မယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မိန္းမတုိင္းလိုခ်င္တဲ့ ေယာက္်ားဆိုတာ . . .
အေျပာမေကာင္းခ်င္ေနပါ ေျပာၿပီးသားကတိေလးေတာ့ တည္ေစခ်င္တယ္ အေျပာတစ္မ်ိဳး အလုပ္တစ္မ်ိဳး လုပ္တာမ်ိဳးမဟုတ္ပဲ ​လုပ္ေပးမယ္လို႔ ေျပာထားတဲ့အရာေတြကို လုပ္ေပးႏိုင္တဲ့ ေယာက္်ားတစ္ေယာက္ေပါ့ ။

သဲသဲလႈပ္မခ်စ္ျပခ်င္ေနပါ လိုအပ္တဲ့အခါ ေရွ႕ကေန မားမားမတ္မတ္ ရပ္တည္ေစခ်င္တယ္ အမွားတစ္ခုခုႀကဳံတဲ့အခါ ကိုယ့္အေပၚ အျပစ္တင္ပုံခ်ၿပီး ေခါင္းေရွာင္တတ္တဲ့ ေယာက္်ားတစ္ေယာက္ေလာက္ ေအာက္တန္းက်တာ မရွိဘူးေလ ။

က်ိက်ိတက္ မခ်မ္းသာခ်င္ေနပါ အလုပ္လုပ္ခ်င္စိတ္ေလးေတာ့ရွိေစခ်င္တယ္ အေၾကာင္းျပခ်က္ေတြ ဆင္ေျချခင္လက္ေတြ နဲ႔အလုပ္လုပ္ခ်င္စိတ္မရွိတဲ့ ေယာက္်ားတစ္ေယာက္က ဘ၀ရည္မွန္းခ်က္ေတြ မရွိတတ္ဘူးေလ ။

႐ုပ္မေခ်ာခ်င္ေနပါ ကြၽန္မအေပၚ သစၥာေလးေတာ့ ရွိေစခ်င္တယ္ ႐ုပ္ရည္ဆိုတာ အခ်ိန္တန္ ပ်က္စီးသြားမွာ အက်င့္စာရိတၱက အဓိကပဲ နင့္ေယာက္်ားက ေခ်ာလိုက္တာဆိုတာထက္ နင့္အေပၚခ်စ္တတ္ ဂ႐ုစိုက္တတ္လိုက္တာဆိုတာေလးက
ပိုၿပီး ပီတိ ျဖစ္စရာေကာင္းပါတယ္ ။

ေယာက္်ားတစ္ေယာက္ကို ဦးေဏွာက္နဲ႔ ေ႐ြးခ်ယ္တဲ့ မိန္းမတစ္ေယာက္ေတာ့ မဟုတ္ဘူးေပါ့ ကိုယ္ခ်စ္တဲ့ ေယာက္်ားတစ္ေယာက္ကို တျခားတစ္ေယာက္ေယာက္က ေဝဖန္ျပစ္တင္တာမ်ိဳး ဘယ္မိန္းမကမွ မႀကိဳက္တတ္ဘူးေလ

ကြၽန္မလဲ မိန္းမသားထဲ မိန္းမသားတစ္ေယာက္ပါ ကိုယ္ခ်စ္တဲ့ ေယာက္်ားကို ဘယ္တစ္ဦးတစ္ေယာက္မွ ေဝဖန္အျပစ္တင္ေနတာမ်ိဳး မလိုခ်င္ဘူး ။ ကိုယ္ကိုယ္တိုင္ ​ေ၀ဖန္ေထာက္ျပေကာင္းေထာက္ျပပါလိမ့္မယ္ အျပစ္ေျပာေကာင္းလဲ ေျပာမိလိမ့္မယ္ ဒါေပမယ့္ ခ်ိဳးႏွိမ္တာမဟုတ္ဘူး မခံခ်င္စိတ္ျဖစ္ေအာင္ ေျပာမိတာမ်ိဳးပါ ။ ဒါေပမယ့္ တျခားတစ္ေယာက္လာၿပီးေျပာလာတဲ့အခါ ကြၽန္မတို႔မိန္းမသားေတြကပဲ ကပ္ကပ္လန္ရန္ေတြ႕မိတာပါ ။ ဒီအခ်ိန္ ကိုယ့္အနားမွာ ရွိတဲ့လူက မွန္ေနရင္ ကြၽန္မတို႔မွာ ေျပာအားေတြ ရွိတယ္။ မွားေနတဲ့အခါ ျပန္ေျပာခ်င္ပါရဲ႕နဲ႔ ေခါင္းငုံ႔ခံခဲ့ရတာပါတယ္ ။

ဒါေတြေၾကာင့္ ကြၽန္မ လိုခ်င္တဲ့ေယာက္်ားဆိုတာ ကမာၻေပၚက အေကာင္းဆုံးမျဖစ္ရင္ေတာင္ ကြၽန္မအေပၚ ေကာင္းတဲ့သူျဖစ္ေစခ်င္တယ္ ။ ေလာဘလို႔ ေခါင္းစၪၸဲ တပ္တပ္ အတၱလို႔ ေခါင္းစဥ္ပဲ တပ္တပ္ … တကယ္တမ္း မိန္းမသားတစ္ေယာက္ကို နားလည္ရင္ ဒါဟာ မိန္းမတစ္ေယာက္ရဲ႕ အခ်စ္မွန္း သိလာလိမ့္မယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း