အရမ်းမွန်းကျပ်လာတဲ့အခါ .. ရေခိုးရေငွေ့တွေလို ပျောက်ကွယ်သွားရင် ကောင်းမယ်

အရမ်းမွန်းကျပ်လာတဲ့အခါ .. ရေခိုးရေငွေ့တွေလို ပျောက်ကွယ်သွားရင် ကောင်းမယ်လို့ တွေးခဲ့ဖူးတယ် ။

ကိုယ်ကောင်းခဲ့ပေမယ့်လဲ ကိုယ့်အပေါ် မ​ကောင်းမြင်တဲ့လူတွေချည်းရပ်နေတဲ့အရပ်မှာ … ငါမရှိတော့ရင်တော့ သူတို့တွေ အစစအဆင်ပြေလာမှာပါဆိုပြီး တွေးကြည့်ဖူးတဲ့အထိ စိတ်ဓာတ်တွေ ကျခဲ့ဖူးတယ် ။ ကိုယ် ဘာတွေပဲ လုပ်ပေးခဲ့ လုပ်ပေးခဲ့ … သူတို့အမြင်မှာ ဒါဟာ … ကိုယ့်တာ၀န်လို့ပဲ မြင်ခဲ့တယ် ကိုယ့်စေတနာလို့ ဘယ်သူကမှ မမြင်တတ်ခဲ့ဘူးလေ ။

ကိုယ်ပေးပေမယ့် မယူတတ်တဲ့ အရပ်တွေလဲ ရှိခဲ့ဖူးတယ် ။ ခွင့်လွှတ်မှုတွေ ပေးတယ် ။ သူပြန်ပြင်လာမှာပါဆိုတဲ့ စိတ်တွေနဲ့ပေါ့ … တကယ်တမ်းကျတော့ နောက်တစ်ခေါက်ထပ်မှားမယ့် အခွင့်အရေးပဲ ယူခဲ့တာပါ ။ အမှားတွေကို ပြန်ပြီး မပြင်ခဲ့ဘူး ။

လဲကျခဲ့ဖူးတယ် … အဲ့ဒီအချိန် ကိုယ်တစ်ချိန်က ကူခဲ့ဖူးတဲ့လက်တွေကဟာ မဆိုင်သလိုပါပဲ ။ တချိန်မက ကိုယ်ထူဖူးတဲ့ ခြေထောက်တွေဟာလဲ ကျော်ခွသွားခဲ့ကြတယ် ။ သူတော့ နားလည်လောက်မှာပါဆိုပြီး နောက်ဆုံးမျှော်လင့်ခဲ့တဲ့သူကိုယ်တိုင်က ကိုယ့်ကို နားလည်မပေးခဲ့တဲ့အဖြစ်တွေဟာ … တကယ်ကို ဆိုးတယ် ။

သောကတွေ စုံလာတဲ့အခါ … မွန်းကျပ်ရတာတွေ မြိုသိပ်ရတာတွေ သိပ်ကို များလွန်းလာတဲ့အခါ … ဒီအချိန်သာ ရေခိုးရေငွေ့လေးလို့ ပျောက်ကွယ်သွားခဲ့လို့ရရင် သိပ်ကောင်းမယ်ဆိုတဲ့ အတွေးပဲ ရှိတော့တယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

 

အရမ္းမြန္းက်ပ္လာတဲ့အခါ .. ေရခိုးေရေငြ႕ေတြလို ေပ်ာက္ကြယ္သြားရင္ ေကာင္းမယ္လို႔ ေတြးခဲ့ဖူးတယ္ ။

ကိုယ္ေကာင္းခဲ့ေပမယ့္လဲ ကိုယ့္အေပၚ မ​ေကာင္းျမင္တဲ့လူေတြခ်ည္းရပ္ေနတဲ့အရပ္မွာ … ငါမရွိေတာ့ရင္ေတာ့ သူတို႔ေတြ အစစအဆင္ေျပလာမွာပါဆိုၿပီး ေတြးၾကည့္ဖူးတဲ့အထိ စိတ္ဓာတ္ေတြ က်ခဲ့ဖူးတယ္ ။ ကိုယ္ ဘာေတြပဲ လုပ္ေပးခဲ့ လုပ္ေပးခဲ့ … သူတို႔အျမင္မွာ ဒါဟာ … ကိုယ့္တာ၀န္လို႔ပဲ ျမင္ခဲ့တယ္ ကိုယ့္ေစတနာလို႔ ဘယ္သူကမွ မျမင္တတ္ခဲ့ဘူးေလ ။

ကိုယ္ေပးေပမယ့္ မယူတတ္တဲ့ အရပ္ေတြလဲ ရွိခဲ့ဖူးတယ္ ။ ခြင့္လႊတ္မႈေတြ ေပးတယ္ ။ သူျပန္ျပင္လာမွာပါဆိုတဲ့ စိတ္ေတြနဲ႔ေပါ့ … တကယ္တမ္းက်ေတာ့ ေနာက္တစ္ေခါက္ထပ္မွားမယ့္ အခြင့္အေရးပဲ ယူခဲ့တာပါ ။ အမွားေတြကို ျပန္ၿပီး မျပင္ခဲ့ဘူး ။

လဲက်ခဲ့ဖူးတယ္ … အဲ့ဒီအခ်ိန္ ကိုယ္တစ္ခ်ိန္က ကူခဲ့ဖူးတဲ့လက္ေတြကဟာ မဆိုင္သလိုပါပဲ ။ တခ်ိန္မက ကိုယ္ထူဖူးတဲ့ ေျခေထာက္ေတြဟာလဲ ေက်ာ္ခြသြားခဲ့ၾကတယ္ ။ သူေတာ့ နားလည္ေလာက္မွာပါဆိုၿပီး ေနာက္ဆုံးေမွ်ာ္လင့္ခဲ့တဲ့သူကိုယ္တိုင္က ကိုယ့္ကို နားလည္မေပးခဲ့တဲ့အျဖစ္ေတြဟာ … တကယ္ကို ဆိုးတယ္ ။

ေသာကေတြ စုံလာတဲ့အခါ … မြန္းက်ပ္ရတာေတြ ၿမိဳသိပ္ရတာေတြ သိပ္ကို မ်ားလြန္းလာတဲ့အခါ … ဒီအခ်ိန္သာ ေရခိုးေရေငြ႕ေလးလို႔ ေပ်ာက္ကြယ္သြားခဲ့လို႔ရရင္ သိပ္ေကာင္းမယ္ဆိုတဲ့ အေတြးပဲ ရွိေတာ့တယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း