မာနလေးထားကြည့်ပါ

သူမခေါ်ရင် ကိုယ်လဲ မခေါ်ပဲ နေနိုင်တဲ့ မာနလေးထားကြည့်ပါလို့ ကျွန်မ ပြောတဲ့အခါ ပထမဆုံးတွေးကြတာက . . . ဝေးသွားမှာပေါ့ တဲ့ ။

အဲ့ဒီအတွေးတွေကြောင့်ပဲ နာကျင်ခံစားနေရတာလေ ။ ဝေးသွားမှာစိုးလို့ မချစ်တော့မှာ ဆိုးလို့ ပစ်သွားမှာစိုးလို့ ဆိုတဲ့ သောကတွေနဲ့ မာနတွေ ဘယ်လောက် ခဝါချခဲ့ပြီးပြီလဲ တွေးကြည့်ပါ ။ နောက်ဆုံး ကိုယ်ပဲ ဒဏ်ရာတွေနဲ့ တစ်ယောက်တည်းကျန်ခဲ့တာပဲ ရှိတယ် တကယ် မချစ်ခဲ့တဲ့သူအတွက်တော့ လမ်းခွဲဖို့ အကြောင်းပြချက် မျိုးစုံရှိနေနိုင်တာပဲလေ ။

အတွေးတွေ အများကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် မသတ်ပစ်လိုက်နဲ့လေ အတွေးတွေများရင် အိပ်ရေးပျက်မယ် အလုပ်ပျက်မယ် သဘာ၀တရားကြီးကတော့ ဒီအတိုင်းလည်ပတ်နေတာပါပဲ ကိုယ့်ကမ္ဘာနဲ့ ကိုယ့်ရင်ထဲမှာပဲ ဒဏ်ရာတွေ ပြည့်နှက်နေမှာလေ ။ ဘ၀မှာ ပျော်အောင် နေတတ်ချင်ရင် ကိုယ့်အတွေးတွေကို အရင်ဆုံး ဂရုစိုက်မှ ရမယ် ။

သေလောက်အောင်ချစ်နေပါစေ မိန်းမ မာနဆိုတာလေးတော့ နဲနဲလေးဖြစ်ဖြစ် ထားပါ ။ စပြီးချစ်ကတည်း အဆုံးထိချစ်ကြမယ်လို့ တွေးတတ်တဲ့ ကိုယ့်ရဲ့အကျင့်က အားနည်းချက်ကြီး ဖြစ်မသွားစေနဲ့ ငါ ဘာလုပ်လုပ် သူ ခွင့်လွှတ်နေမှာပဲလို့ တစ်ဖက်က တွေးသွားတဲ့အခါ ကိုယ့်ကို ပြန်စာနာဖို့ သတိမရတတ်ကြတော့ဘူး ။

နှလုံးသားကို အလိုလိုက်မှားတဲ့အခါ ဥပမာ . . . ဆိုးဆိုးကောင်းကောင်း သူမှ သူဆိုတာ သစ္စာလို့ လူတွေက ပြောကြတယ် တကယ်တမ်း လက်တွေ့မှာ ကိုယ့်အပေါ်တစ်စက်မှ မကောင်းလဲ ဖက်တွယ်ထားတာပဲ မဟုတ်လား ။ လူတစ်ယောက် ကိုယ့်အနား လာရပ်ရုံနဲ့ တစ်သက်လုံး ထွက်မသွားတော့ပါဘူးလို့ တွေးတတ်တဲ့ အတွေး အလွယ်တကူလေး ယုံကြည်တတ်တဲ့ စိတ်လေး ဖျောက်ပါ ။

သူတောင်မှ စ မခေါ်တာ ကိုယ်လဲ မခေါ်ပဲ နေမယ်ဆိုတဲ့ မာနလေး နဲနဲလေးပဲ ထားကြည့် ။ ဝေးသွားမှာပေါ့လို့ တွေးမိတဲ့အခါ တကယ်လို့ ဝေးသွားကြတယ်ဆိုရင် ဝေးသွားတယ်လို့ပဲ မှတ်ရုံပဲ ရှိတော့တာလေ ။ တစ်ဖက်ကသာ ဝေးသွားချင်စိတ်လေးသာ မရှိရင် မရမက ဆက်သွယ်လာမှာပဲဆိုတာလေး သိထားဖို့လိုတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူမေခၚရင္ ကိုယ္လဲ မေခၚပဲ ေနႏိုင္တဲ့ မာနေလးထားၾကည့္ပါလို႔ ကြၽန္မ ေျပာတဲ့အခါ ပထမဆုံးေတြးၾကတာက . . . ေဝးသြားမွာေပါ့ တဲ့ ။

အဲ့ဒီအေတြးေတြေၾကာင့္ပဲ နာက်င္ခံစားေနရတာေလ ။ ေဝးသြားမွာစိုးလို႔ မခ်စ္ေတာ့မွာ ဆိုးလို႔ ပစ္သြားမွာစိုးလို႔ ဆိုတဲ့ ေသာကေတြနဲ႔ မာနေတြ ဘယ္ေလာက္ ခဝါခ်ခဲ့ၿပီးၿပီလဲ ေတြးၾကည့္ပါ ။ ေနာက္ဆုံး ကိုယ္ပဲ ဒဏ္ရာေတြနဲ႔ တစ္ေယာက္တည္းက်န္ခဲ့တာပဲ ရွိတယ္ တကယ္ မခ်စ္ခဲ့တဲ့သူအတြက္ေတာ့ လမ္းခြဲဖို႔ အေၾကာင္းျပခ်က္ မ်ိဳးစုံရွိေနႏိုင္တာပဲေလ ။

အေတြးေတြ အမ်ားႀကီးနဲ႔ ကိုယ့္ကိုယ္ကိုယ္ မသတ္ပစ္လိုက္နဲ႔ေလ အေတြးေတြမ်ားရင္ အိပ္ေရးပ်က္မယ္ အလုပ္ပ်က္မယ္ သဘာ၀တရားႀကီးကေတာ့ ဒီအတိုင္းလည္ပတ္ေနတာပါပဲ ကိုယ့္ကမာၻနဲ႔ ကိုယ့္ရင္ထဲမွာပဲ ဒဏ္ရာေတြ ျပည့္ႏွက္ေနမွာေလ ။ ဘ၀မွာ ေပ်ာ္ေအာင္ ေနတတ္ခ်င္ရင္ ကိုယ့္အေတြးေတြကို အရင္ဆုံး ဂ႐ုစိုက္မွ ရမယ္ ။

ေသေလာက္ေအာင္ခ်စ္ေနပါေစ မိန္းမ မာနဆိုတာေလးေတာ့ နဲနဲေလးျဖစ္ျဖစ္ ထားပါ ။ စၿပီးခ်စ္ကတည္း အဆုံးထိခ်စ္ၾကမယ္လို႔ ေတြးတတ္တဲ့ ကိုယ့္ရဲ႕အက်င့္က အားနည္းခ်က္ႀကီး ျဖစ္မသြားေစနဲ႔ ငါ ဘာလုပ္လုပ္ သူ ခြင့္လႊတ္ေနမွာပဲလို႔ တစ္ဖက္က ေတြးသြားတဲ့အခါ ကိုယ့္ကို ျပန္စာနာဖို႔ သတိမရတတ္ၾကေတာ့ဘူး ။

ႏွလုံးသားကို အလိုလိုက္မွားတဲ့အခါ ဥပမာ . . . ဆိုးဆိုးေကာင္းေကာင္း သူမွ သူဆိုတာ သစၥာလို႔ လူေတြက ေျပာၾကတယ္ တကယ္တမ္း လက္ေတြ႕မွာ ကိုယ့္အေပၚတစ္စက္မွ မေကာင္းလဲ ဖက္တြယ္ထားတာပဲ မဟုတ္လား ။ လူတစ္ေယာက္ ကိုယ့္အနား လာရပ္႐ုံနဲ႔ တစ္သက္လုံး ထြက္မသြားေတာ့ပါဘူးလို႔ ေတြးတတ္တဲ့ အေတြး အလြယ္တကူေလး ယုံၾကည္တတ္တဲ့ စိတ္ေလး ေဖ်ာက္ပါ ။

သူေတာင္မွ စ မေခၚတာ ကိုယ္လဲ မေခၚပဲ ေနမယ္ဆိုတဲ့ မာနေလး နဲနဲေလးပဲ ထားၾကည့္ ။ ေဝးသြားမွာေပါ့လို႔ ေတြးမိတဲ့အခါ တကယ္လို႔ ေဝးသြားၾကတယ္ဆိုရင္ ေဝးသြားတယ္လို႔ပဲ မွတ္႐ုံပဲ ရွိေတာ့တာေလ ။ တစ္ဖက္ကသာ ေဝးသြားခ်င္စိတ္ေလးသာ မရွိရင္ မရမက ဆက္သြယ္လာမွာပဲဆိုတာေလး သိထားဖို႔လိုတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း