ကျွန်မက ရှင့်အတွက် အရေးမပါဘူး . . . .

ကျွန်မက ရှင့်အတွက် အရေးမပါဘူး . . . .

သတိတရနဲ့ ပို့တဲ့စာတွေ ဖတ်ချင်တဲ့အခါမှ ဖတ်ပါ . . .အချိန်လေးအားပြီး ပြန်ချင်တဲ့စိတ်ရှိတဲ့အခါမှသာ ပြန်ပါ . . . ကျွန်မကတော့ဒီမျှော်ရခြင်းတွေမှာ တဖြေးဖြေး နေသားကျလာပါပြီ ။ သတိရလို့ဆက်တဲ့ဖုန်းတွေလဲ သေသေချာချာချပစ်ပါ . . . ပြီးရင် မအားသေးလို့ပါဆိုပြီးအကြောင်းပြပေါ့ . . .ကျွန်မအတွက် လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါဆိုတာနဲ့ ရင်းနှီးနေပါပြီ ။

ချစ်တယ် . . . လွမ်းတယ်. . .ဒါတွေပြောတဲ့အခါ အပိုတွေပါလို့ပဲ ထင်ပါ . . ယုံကြည်ပါလို့ပြောဖို့ဆိုတာ တစ်ဖက်ကလဲ နဲနဲလေး စိတ်၀င်စားတယောင်ယောင်လေး ပြဖို့ လိုတယ်မဟုတ်လား ။

ကျွန်မဟာ . . .ဟာ ရှင့်အတွက်အရေးမပါပါဘူး . ဘယ်အရာနဲ့ပဲ ယှဉ်ယှဉ် နောက်ကချည်း ပထမရခဲ့တာလေ . . တစ်ခါတစ်လေကျတော့လဲ ကိုယ့်အတွေးထဲ ၀င်၀င်လာတတ်တယ် ကျွန်မ ချစ်ပါတယ်ဆိုတာတွေက ရှင့်အတွက် အနှောင့်အယှက် တစ်ခုသက်သက်လာပေါ့ ။ ဘယ်နေရာမှာမှ မလိုခဲ့တဲ့ ကိုယ့်အဖြစ်ကို ကိုယ်ပြန်တွေးပြီး တစ်ခါတစ်ခါ ရင်တွေလဲ နာကျင်နာနေတတ်လာလေ ။

ကိုယ့်အတွေးနဲ့ ကိုယ် ထင်ချင်သလိုထင်နိုင်ပါတယ် တဲ့ ဘယ်အရာကိုမှ ရှင်းပြဖို့မလိုပါဘူးလို့ တည့်တည့်မပြောခဲ့တာကိုပဲ ကျေးဇူးတင်ပါတယ် . . . ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေ ဖြေဖို့မလိုပါဘူး ဖြေလောက်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် အရေးပါမယ်ထင်ခဲ့မိလို့အလိုက်မသိပဲ မေးခဲ့မိတာတွေအတွက်တော့ ကျွန်မဘက်ကပဲ တောင်းပန်ပါတယ် …

တစ်နေ့နေ့ကျရင် ကိုယ့်အချစ်တွေ မြင်လာမှာပါလို့တွေးပြီး နာကျင်နေရဲ့နဲ့ ရပ်နေမိတဲ့ကိုယ်ဟာ သူ့အတွက် ထင်သလောက် အရေးမပါမှန်းတဖြေးဖြေးချင်း နားလည်ပေမယ့် ဒီ၀ဋ်မှာ ကျွန်မ ပျော်ပါတယ် ။ လိုအပ်တဲ့အခါ ခေါ်ပါ ပြောပါ . . ဒေါသထွက်တဲ့အခါ အော်ပါ ငေါက်ပါ ဘယ်နေရာမလိုခဲ့မှန်းသိပေမယ့် ကိုယ်ကိုယ်တိုင်က ရှင်နဲ့ ဝေးပြီးမနေနိုင်ခဲ့တာလေ အဲ့အတွက် ရှင့်အပြစ်မဟုတ်တော့ဘူး ကျွန်မကိုက ၀ဋ်ကြီးတာပါ ။

သတိရလာတဲ့အခါ လှမ်းကြည့်ပေးပါ . . . အရင်နေရာမှာ အရင်လိုပဲ ရပ်နေပါတယ် အဆင်ပြေတဲ့အခါ ဖုန်းဆက်ပါ အရင်ကအတိုင်း ဖုန်းသံလေးကို မျှော်နေတတ်ပါတယ် ချောင်ထိုးထားတဲ့အခါလဲ တစ်ချက်တစ်ချက် ထုတ်ကြည့်ဖို့မမေ့ပါနဲ့ ၀က်ဝံရုပ်လေးတစ်ရုပ်မဟုတ်ဘူးလေ ဖုန်သုတ်လိုက်ရုံနဲ့ အရင်လို ပြန်ပြီး ဖြစ်လာလိမ့်မယ်လို့မတွေးစေချင်ဘူး ကျွန်မဟာ . . .နှလုံးသားပါတဲ့ လူသားတစ်ယောက်မှန်း တစ်ခါတစ်လေတော့ သတိလေးရပေးပါ . . .

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မက ရွင့္အတြက္ အေရးမပါဘူး . . . .

သတိတရနဲ႔ ပို႔တဲ့စာေတြ ဖတ္ခ်င္တဲ့အခါမွ ဖတ္ပါ . . .အခ်ိန္ေလးအားၿပီး ျပန္ခ်င္တဲ့စိတ္ရွိတဲ့အခါမွသာ ျပန္ပါ . . . ကြၽန္မကေတာ့ဒီေမွ်ာ္ရျခင္းေတြမွာ တေျဖးေျဖး ေနသားက်လာပါၿပီ ။ သတိရလို႔ဆက္တဲ့ဖုန္းေတြလဲ ေသေသခ်ာခ်ာခ်ပစ္ပါ . . . ၿပီးရင္ မအားေသးလို႔ပါဆိုၿပီးအေၾကာင္းျပေပါ့ . . .ကြၽန္မအတြက္ လူႀကီးမင္း ေခၚဆိုေသာ တယ္လီဖုန္းမွာ မအားေသးပါဆိုတာနဲ႔ ရင္းႏွီးေနပါၿပီ ။

ခ်စ္တယ္ . . . လြမ္းတယ္. . .ဒါေတြေျပာတဲ့အခါ အပိုေတြပါလို႔ပဲ ထင္ပါ . . ယုံၾကည္ပါလို႔ေျပာဖို႔ဆိုတာ တစ္ဖက္ကလဲ နဲနဲေလး စိတ္၀င္စားတေယာင္ေယာင္ေလး ျပဖို႔ လိုတယ္မဟုတ္လား ။

ကြၽန္မဟာ . . .ဟာ ရွင့္အတြက္အေရးမပါပါဘူး . ဘယ္အရာနဲ႔ပဲ ယွဥ္ယွဥ္ ေနာက္ကခ်ည္း ပထမရခဲ့တာေလ . . တစ္ခါတစ္ေလက်ေတာ့လဲ ကိုယ့္အေတြးထဲ ၀င္၀င္လာတတ္တယ္ ကြၽန္မ ခ်စ္ပါတယ္ဆိုတာေတြက ရွင့္အတြက္ အေႏွာင့္အယွက္ တစ္ခုသက္သက္လာေပါ့ ။ ဘယ္ေနရာမွာမွ မလိုခဲ့တဲ့ ကိုယ့္အျဖစ္ကို ကိုယ္ျပန္ေတြးၿပီး တစ္ခါတစ္ခါ ရင္ေတြလဲ နာက်င္နာေနတတ္လာေလ ။

ကိုယ့္အေတြးနဲ႔ ကိုယ္ ထင္ခ်င္သလိုထင္ႏိုင္ပါတယ္ တဲ့ ဘယ္အရာကိုမွ ရွင္းျပဖို႔မလိုပါဘူးလို႔ တည့္တည့္မေျပာခဲ့တာကိုပဲ ေက်းဇူးတင္ပါတယ္ . . . ဘာေၾကာင့္လဲဆိုတဲ့ေမးခြန္းေတြ ေျဖဖို႔မလိုပါဘူး ေျဖေလာက္တဲ့အထိ ကိုယ့္ကိုယ္ကိုယ္ အေရးပါမယ္ထင္ခဲ့မိလို႔အလိုက္မသိပဲ ေမးခဲ့မိတာေတြအတြက္ေတာ့ ကြၽန္မဘက္ကပဲ ေတာင္းပန္ပါတယ္ …

တစ္ေန႔ေန႔က်ရင္ ကိုယ့္အခ်စ္ေတြ ျမင္လာမွာပါလို႔ေတြးၿပီး နာက်င္ေနရဲ႕နဲ႔ ရပ္ေနမိတဲ့ကိုယ္ဟာ သူ႔အတြက္ ထင္သေလာက္ အေရးမပါမွန္းတေျဖးေျဖးခ်င္း နားလည္ေပမယ့္ ဒီ၀ဋ္မွာ ကြၽန္မ ေပ်ာ္ပါတယ္ ။ လိုအပ္တဲ့အခါ ေခၚပါ ေျပာပါ . . ေဒါသထြက္တဲ့အခါ ေအာ္ပါ ေငါက္ပါ ဘယ္ေနရာမလိုခဲ့မွန္းသိေပမယ့္ ကိုယ္ကိုယ္တိုင္က ရွင္နဲ႔ ေဝးၿပီးမေနႏိုင္ခဲ့တာေလ အဲ့အတြက္ ရွင့္အျပစ္မဟုတ္ေတာ့ဘူး ကြၽန္မကိုက ၀ဋ္ႀကီးတာပါ ။

သတိရလာတဲ့အခါ လွမ္းၾကည့္ေပးပါ . . . အရင္ေနရာမွာ အရင္လိုပဲ ရပ္ေနပါတယ္ အဆင္ေျပတဲ့အခါ ဖုန္းဆက္ပါ အရင္ကအတိုင္း ဖုန္းသံေလးကို ေမွ်ာ္ေနတတ္ပါတယ္ ေခ်ာင္ထိုးထားတဲ့အခါလဲ တစ္ခ်က္တစ္ခ်က္ ထုတ္ၾကည့္ဖို႔မေမ့ပါနဲ႔ ၀က္ဝံ႐ုပ္ေလးတစ္႐ုပ္မဟုတ္ဘူးေလ ဖုန္သုတ္လိုက္႐ုံနဲ႔ အရင္လို ျပန္ၿပီး ျဖစ္လာလိမ့္မယ္လို႔မေတြးေစခ်င္ဘူး ကြၽန္မဟာ . . .ႏွလုံးသားပါတဲ့ လူသားတစ္ေယာက္မွန္း တစ္ခါတစ္ေလေတာ့ သတိေလးရေပးပါ . . .

မိန္းမသားတို႔အတြက္
သွ်င္ယြန္း