အပယ်ခံတဲ့ စာလုံးပေါင်းလေးကအစ အထီးကျန်စရာ

အပယ်ခံတဲ့ စာလုံးပေါင်းလေးကအစ အထီးကျန်စရာ…တစ်ယောက်တည်းရှိနေပါတယ်ဆိုတာမျိုးမဟုတ်ပဲ လူတွေအများကြီးရှိရဲ့သားနဲ့မှ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာမျိုးပေါ့ ။ ကိုယ့်အတွက် စိတ်ပူပေးတဲ့သူ မဲ့တယ် ဂရုစိုက်ပေးမယ့်သူမဲ့တယ် ပြီးတော့ နားလည်ပေးမယ့်သူမဲ့တယ် ဒီလိုမဲ့ခြင်းပေါင်းများစွာကို တစ်စုတစ်စည်းတည်း ပြပေးတဲ့စကားလုံးလေးဟာ အပယ်ခံပါ … တစ်နည်းအားဖြင့် နောက်တစ်မျိုးဖော်ပြရရင် ကျွန်မ ပေါ့ ။

တခြားတစ်ယောက်နဲ့ ကိုယ် လုပ်တဲ့အပြစ်ချင်းတူရင်တောင် ကိုယ်က ပိုပြီးဆူခံရတာမျိုးလေ ။ တခြားတစ်ယောက်နဲ့ ကိုယ် လုပ်တဲ့ ကောင်းတဲ့အရာချင်းတူရင်တောင် ကိုယ့်ကျမှ မကောင်းပြောခံရတာမျိုးတွေ။ တခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး ရှင်သန်နေတာမျိုးမဟုတ်ပေမယ့် တူညီတဲ့ အရာတွေမရတဲ့အခါ ကိုယ်ဟာ ဘာလဲဆိုတဲ့ မေးခွန်းမျိုးတွေနဲ့ ဝမ်းနည်းခဲ့ရဖူးတယ် ။ ငါ့ကျမှဆိုတဲ့ အတွေးမျိုးနဲ့ အချစ်ခံရဖို့ကံပါမလာတဲ့ ကိုယ့်ဘ၀ကိုယ်လဲ တစ်ခါတစ်ရံတော့ မုန်းမိပါတယ် ။ တကယ်ပဲ ကျွန်မက အပယ်ခံလား ။

ဘယ်လောက်ပဲ ကောင်းဖို့ကြိုးစားကြိုးစားပါ … အားပေးစကားတွေ တစ်ခါမှ မကြားခဲ့ရဖူးဘူး ဘယ်လောက်ပဲ လုပ်ပေးခဲ့ လုပ်ပေးခဲ့ပါ အကောင်းတစ်ခါမှ အပြောမခံရဖူးဘူး … ကျွန်မတစ်နေရာရာမှာ အရေးပါချင်တယ် ဒါမှမဟုတ် ကျွန်မလဲ ဂရုစိုက်ခံချင်တယ် ။ ချစ်ခြင်းမေတ္တာတွေဟာ အေးချမ်းတယ်တဲ့ ချစ်ခြင်းမခံရတဲ့ ကျွန်မဘဝတွေမှာ အေးချမ်းမှုတွေထက် အဝေးထွက်ပြေးသွားချင်တဲ့ စိတ်တွေပဲ ရှိတယ် ။

တစ်နေ့ကျရင်တော့ ကိုယ့်ကို နားလည်မှာပါဆိုတဲ့စိတ်နဲ့ရပ်နေပေမယ့်လည်း ကိုိယ့်စိတ်ကို နားလည်ပေးဖို့နေနေသာသာ ကိုယ်ပြောတဲ့စကားလုံးတွေကိုတောင် နားလည်မပေးနိုင်တဲ့အခါ …ကျွန်မ မျက်ရည်တွေပဲ ကျရပါတယ် ။ အရင်းနှီးဆုံးအရပ်က ကိုယ်နဲ့အစိမ်းဆုံးဖြစ်နေတဲ့အထိ ကျွန်မက တစ်သီးပုဂ္ဂလဆန်ပါတယ် ဒီအကြောင်းတွေ ပြောပြပြီး ငိုပြဖို့ အဖော်ကောင်းတွေဆိုတာလဲ မဲ့တယ် ကျွန်မ နာကျင်နေပေမယ့် ကိုယ်ပေါင်ကိုယ်လှန်ထောင်းမယ့်အဖြစ်မျိုးတွေလဲ ရှောင်ပါတယ် ။

ကိုယ်အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့်လဲ မွေးကတည်းက ဂရုစိုက်ခံရခြင်းကံတွေဟာ မဲ့ပါတယ် ။ မျက်ရည်ကျတဲ့အခါ ငိုပြန်ပြီလားဆိုတဲ့ အပြစ်တင်ခံရမှာလဲ ကြောက်တယ် ။ ပင်ပန်းနေပါပြီလို့ပြောပြီး လှည့်ထွက်သွားဖို့ကျပြန်တော့လဲ စိတ်တွေမပြတ်နိုင်ခဲ့တာ ခက်တယ် ။ တစ်နေ့ကျရင်တော့ နားလည်လာမှာပါလို့တွေးပေမယ့် အခုနေ့ရက်တိုင်းဟာ အရင်းနှီးဆုံးအရပ်မှာနေရင်း ကိုယ်တကယ်တစ်ယောက်တည်း အထီးတွေကျန်တယ် ။

အပယ်ခံ …. တဲ့ ကိုယ့်ဘက်က ပြန်ပြီး ပစ်ပယ်မထားနိုင်ခဲ့တာက ကိုယ့်ရဲ့ကံပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အပယ္ခံတဲ့ စာလုံးေပါင္းေလးကအစ အထီးက်န္စရာ…တစ္ေယာက္တည္းရွိေနပါတယ္ဆိုတာမ်ိဳးမဟုတ္ပဲ လူေတြအမ်ားႀကီးရွိရဲ႕သားနဲ႔မွ ကိုယ္တစ္ေယာက္တည္း ျဖစ္ေနတာမ်ိဳးေပါ့ ။ ကိုယ့္အတြက္ စိတ္ပူေပးတဲ့သူ မဲ့တယ္ ဂ႐ုစိုက္ေပးမယ့္သူမဲ့တယ္ ၿပီးေတာ့ နားလည္ေပးမယ့္သူမဲ့တယ္ ဒီလိုမဲ့ျခင္းေပါင္းမ်ားစြာကို တစ္စုတစ္စည္းတည္း ျပေပးတဲ့စကားလုံးေလးဟာ အပယ္ခံပါ … တစ္နည္းအားျဖင့္ ေနာက္တစ္မ်ိဳးေဖာ္ျပရရင္ ကြၽန္မ ေပါ့ ။

တျခားတစ္ေယာက္နဲ႔ ကိုယ္ လုပ္တဲ့အျပစ္ခ်င္းတူရင္ေတာင္ ကိုယ္က ပိုၿပီးဆူခံရတာမ်ိဳးေလ ။ တျခားတစ္ေယာက္နဲ႔ ကိုယ္ လုပ္တဲ့ ေကာင္းတဲ့အရာခ်င္းတူရင္ေတာင္ ကိုယ့္က်မွ မေကာင္းေျပာခံရတာမ်ိဳးေတြ။ တျခားတစ္ေယာက္နဲ႔ ႏႈိင္းယွဥ္ၿပီး ရွင္သန္ေနတာမ်ိဳးမဟုတ္ေပမယ့္ တူညီတဲ့ အရာေတြမရတဲ့အခါ ကိုယ္ဟာ ဘာလဲဆိုတဲ့ ေမးခြန္းမ်ိဳးေတြနဲ႔ ဝမ္းနည္းခဲ့ရဖူးတယ္ ။ ငါ့က်မွဆိုတဲ့ အေတြးမ်ိဳးနဲ႔ အခ်စ္ခံရဖို႔ကံပါမလာတဲ့ ကိုယ့္ဘ၀ကိုယ္လဲ တစ္ခါတစ္ရံေတာ့ မုန္းမိပါတယ္ ။ တကယ္ပဲ ကြၽန္မက အပယ္ခံလား ။

ဘယ္ေလာက္ပဲ ေကာင္းဖို႔ႀကိဳးစားႀကိဳးစားပါ … အားေပးစကားေတြ တစ္ခါမွ မၾကားခဲ့ရဖူးဘူး ဘယ္ေလာက္ပဲ လုပ္ေပးခဲ့ လုပ္ေပးခဲ့ပါ အေကာင္းတစ္ခါမွ အေျပာမခံရဖူးဘူး … ကြၽန္မတစ္ေနရာရာမွာ အေရးပါခ်င္တယ္ ဒါမွမဟုတ္ ကြၽန္မလဲ ဂ႐ုစိုက္ခံခ်င္တယ္ ။ ခ်စ္ျခင္းေမတၱာေတြဟာ ေအးခ်မ္းတယ္တဲ့ ခ်စ္ျခင္းမခံရတဲ့ ကြၽန္မဘဝေတြမွာ ေအးခ်မ္းမႈေတြထက္ အေဝးထြက္ေျပးသြားခ်င္တဲ့ စိတ္ေတြပဲ ရွိတယ္ ။

တစ္ေန႔က်ရင္ေတာ့ ကိုယ့္ကို နားလည္မွာပါဆိုတဲ့စိတ္နဲ႔ရပ္ေနေပမယ့္လည္း ကိုိယ့္စိတ္ကို နားလည္ေပးဖို႔ေနေနသာသာ ကိုယ္ေျပာတဲ့စကားလုံးေတြကိုေတာင္ နားလည္မေပးႏိုင္တဲ့အခါ …ကြၽန္မ မ်က္ရည္ေတြပဲ က်ရပါတယ္ ။ အရင္းႏွီးဆုံးအရပ္က ကိုယ္နဲ႔အစိမ္းဆုံးျဖစ္ေနတဲ့အထိ ကြၽန္မက တစ္သီးပုဂၢလဆန္ပါတယ္ ဒီအေၾကာင္းေတြ ေျပာျပၿပီး ငိုျပဖို႔ အေဖာ္ေကာင္းေတြဆိုတာလဲ မဲ့တယ္ ကြၽန္မ နာက်င္ေနေပမယ့္ ကိုယ္ေပါင္ကိုယ္လွန္ေထာင္းမယ့္အျဖစ္မ်ိဳးေတြလဲ ေရွာင္ပါတယ္ ။

ကိုယ္အတတ္ႏိုင္ဆုံး ႀကိဳးစားခဲ့ေပမယ့္လဲ ေမြးကတည္းက ဂ႐ုစိုက္ခံရျခင္းကံေတြဟာ မဲ့ပါတယ္ ။ မ်က္ရည္က်တဲ့အခါ ငိုျပန္ၿပီလားဆိုတဲ့ အျပစ္တင္ခံရမွာလဲ ေၾကာက္တယ္ ။ ပင္ပန္းေနပါၿပီလို႔ေျပာၿပီး လွည့္ထြက္သြားဖို႔က်ျပန္ေတာ့လဲ စိတ္ေတြမျပတ္ႏိုင္ခဲ့တာ ခက္တယ္ ။ တစ္ေန႔က်ရင္ေတာ့ နားလည္လာမွာပါလို႔ေတြးေပမယ့္ အခုေန႔ရက္တိုင္းဟာ အရင္းႏွီးဆုံးအရပ္မွာေနရင္း ကိုယ္တကယ္တစ္ေယာက္တည္း အထီးေတြက်န္တယ္ ။

အပယ္ခံ …. တဲ့ ကိုယ့္ဘက္က ျပန္ၿပီး ပစ္ပယ္မထားႏိုင္ခဲ့တာက ကိုယ့္ရဲ႕ကံေပါ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း