ကျွန်မလဲ ပြန်ပြီးနေနိုင်လာမှာပါ

နေနိုင်သွားမှာပါ …

ဆက်မလာမယ့်ဖုန်းတွေကိုမျှော်ရင်း မောသွားတဲ့အခါ … ဖုန်းဆက်မလာလဲ နေနိုင်သွားမယ့် ကောင်မလေးတစ်ယောက်ဖြစ်လာမှာပါ … ခုလောလောဆယ်ထိတော့ မျက်ရည်ကျရေတုန်းပါပဲ ။ Active Now တွေမြင်ပေမယ့်လဲ စာတွေမပို့ပဲလဲ နေနိုင်လာမှာပါ ။ ကိုယ့်ကို ပျော်အောင်ထားမယ့်လူနဲ့ ရယ်ရင်း ကိုယ့်ကိုယ်ပစ်ထားတတ်သူကို ကိုယ်လဲ ပြန်ပြီးပစ်ထားနိုင်တဲ့တစ်နေ့တွေတော့ ရောက်လာဦးမှာပါ ဒီနေ့မဟုတ်သေးတာ တစ်ခုပဲပေါ့ ။

တဖြေးဖြေးနဲ့တော့ … သူ့ရဲ့ဂရုမစိုက်ခြင်းတွေကြားမှာ … ကျွန်မနေနိုင်သွားမယ်လို့ထင်ပါတယ် ။ ကိုယ်က နေရာတကာ ဂရုစိုက်တတ်ခဲ့ပေမယ့် သူက နေရာတကာ အမှုမဲ့အမှတ်နေရတာကို သဘောကျတယ်လေ ။ လူနှစ်ယောက်ဟာ … အနေနီးလာတဲ့အခါ အကျင့်တွေကူးလာတတ်တာပါပဲ တစ်နေ့ကျရင် ကျွန်မလဲ သူ့လို ဂရုမစိုက်ပဲ နေနိုင်လာမယ်ထင်ပါတယ် ။

ကိုယ်ပေးတဲ့အချစ်တွေ ကိုယ်ပေးတဲ့ စေတနာတွေကို တန်ဖိုးမထားတဲ့သူ့ကို တစ်နေ့ကျရင်တော့.. လျစ်လျူရှုပြီးနေနိုင်လာမှာပါ ။ ဒီလိုနေနိုင်သွားတဲ့အခါမှသာ ကျွန်မကို မှန်တယ် မှားတယ်တွေ မဝေဖန်ပါနဲ့တော့ ။ ဒီလိုနေနိုင်အောင် သင်ပေးခဲ့တဲ့သူက သင်ပေးခဲ့လို့သာ ကျွန်မ တတ်မြောက်လာတာပါ ။

တစ်နေ့ကျရင်တော့ သူအခုကျွန်မကို ပစ်ထားသလို သူအခု ကျွန်မကို အလေးမထားသလို ကျွန်မလဲ ပြန်ပြီးနေနိုင်လာမှာပါ ။
မိန်းမသားတို့အတွက်
သျှင်ယွန်း

ေနႏိုင္သြားမွာပါ …

ဆက္မလာမယ့္ဖုန္းေတြကိုေမွ်ာ္ရင္း ေမာသြားတဲ့အခါ … ဖုန္းဆက္မလာလဲ ေနႏိုင္သြားမယ့္ ေကာင္မေလးတစ္ေယာက္ျဖစ္လာမွာပါ … ခုေလာေလာဆယ္ထိေတာ့ မ်က္ရည္က်ေရတုန္းပါပဲ ။ Active Now ေတြျမင္ေပမယ့္လဲ စာေတြမပို႔ပဲလဲ ေနႏိုင္လာမွာပါ ။ ကိုယ့္ကို ေပ်ာ္ေအာင္ထားမယ့္လူနဲ႔ ရယ္ရင္း ကိုယ့္ကိုယ္ပစ္ထားတတ္သူကို ကိုယ္လဲ ျပန္ၿပီးပစ္ထားႏိုင္တဲ့တစ္ေန႔ေတြေတာ့ ေရာက္လာဦးမွာပါ ဒီေန႔မဟုတ္ေသးတာ တစ္ခုပဲေပါ့ ။

တေျဖးေျဖးနဲ႔ေတာ့ … သူ႔ရဲ႕ဂ႐ုမစိုက္ျခင္းေတြၾကားမွာ … ကြၽန္မေနႏိုင္သြားမယ္လို႔ထင္ပါတယ္ ။ ကိုယ္က ေနရာတကာ ဂ႐ုစိုက္တတ္ခဲ့ေပမယ့္ သူက ေနရာတကာ အမႈမဲ့အမွတ္ေနရတာကို သေဘာက်တယ္ေလ ။ လူႏွစ္ေယာက္ဟာ … အေနနီးလာတဲ့အခါ အက်င့္ေတြကူးလာတတ္တာပါပဲ တစ္ေန႔က်ရင္ ကြၽန္မလဲ သူ႔လို ဂ႐ုမစိုက္ပဲ ေနႏိုင္လာမယ္ထင္ပါတယ္ ။

ကိုယ္ေပးတဲ့အခ်စ္ေတြ ကိုယ္ေပးတဲ့ ေစတနာေတြကို တန္ဖိုးမထားတဲ့သူ႔ကို တစ္ေန႔က်ရင္ေတာ့.. လ်စ္လ်ဴရႈၿပီးေနႏိုင္လာမွာပါ ။ ဒီလိုေနႏိုင္သြားတဲ့အခါမွသာ ကြၽန္မကို မွန္တယ္ မွားတယ္ေတြ မေဝဖန္ပါနဲ႔ေတာ့ ။ ဒီလိုေနႏိုင္ေအာင္ သင္ေပးခဲ့တဲ့သူက သင္ေပးခဲ့လို႔သာ ကြၽန္မ တတ္ေျမာက္လာတာပါ ။

တစ္ေန႔က်ရင္ေတာ့ သူအခုကြၽန္မကို ပစ္ထားသလို သူအခု ကြၽန္မကို အေလးမထားသလို ကြၽန္မလဲ ျပန္ၿပီးေနႏိုင္လာမွာပါ ။
မိန္းမသားတို႔အတြက္
သွ်င္ယြန္း