သူပျော်နေရုံနဲ့ ကိုယ်အဆင်မပြေလဲ ဖြစ်ပါတယ်လို့ တွေးနေသူတွေဖတ်ဖို့ ….

သူပျော်နေရုံနဲ့ ကိုယ်အဆင်မပြေလဲ ဖြစ်ပါတယ်လို့ တွေးနေသူတွေဖတ်ဖို့ ….

အချစ်ဆိုတဲ့ ခေါင်းစဥ်တစ်ခုအောက်မှာ ဘယ်လောက်ကြာကြာ ကိုယ်ငိုခဲ့ရဖူးပြီးပြီလဲ တွေးကြည့်ပါ ။ သူက ကိုယ်မရှိလဲ ဖြစ်နေမှန်းသိသိရဲ့နဲ့ … ကိုယ့်မှာ သူမရှိရင် မဖြစ်လို့ပါဆိုတဲ့ စိတ်ကို လက်ကိုင်ထားပြီး နာကျင်ရဲ့နဲ့ ဆွဲထားတဲ့လက်တွေ ဘယ်လောက်တောင် ကြာနေပြီလဲ ။

သူပျော်နေရုံနဲ့ … သူ့ကို ချစ်နေရရုံနဲ့ ဖြစ်တယ်ဆိုပေမယ့် ကိုယ့်အနာဂတ်တွေဟာ မှောင်နေတတ်တယ် ။ နေ့နေ့ညည မျက်ရည်တွေဖုံးနေတဲ့ မျက်လုံးတွေဟာ အမှန်ကို မမြင်နိုင်တော့သလို ပျော်ရွှင်မှုကို မသိနိုင်တော့ဘူးလေ ။ အနာဂတ်လို့ တွေးကြည့်ပါ သူမပါတဲ့ ကိုယ့်ရဲ့ အနာဂတ်ပေါ့ .

အရာရာပေးဆပ်ရင်း ပေးဆပ်ရင်းကနေ ကိုယ်ကိုယ်တိုင် ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးသွားတတ်တဲ့ သာဓက အများကြီးရှိတယ် … အဲ့ဒီထဲမှာ ကိုယ်က တစ်ယောက်ပါမသွားပါစေနဲ့ ။ သူပျော်နေရုံဆိုပေမယ့် ကိုယ်လဲ ပျော်အောင် နေတတ်ဖို့ လိုတယ် ။ သူ့ကို ချစ်နေရုံဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်ဖို့လိုသေးတယ် ။

လှည့်မထွက်ရဲတဲ့သူကို လှည့်ထွက်ခဲ့လိုက်ပါလို့ပြောတဲ့အထိ ကျွန်မ မရက်စက်ပါဘူး ။ ဒါပေမယ့် သူ့ကို ဂရုစိုက်တာတွေရဲ့ ဆယ်ပုံ ပုံ တစ်ပုံလောက် ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ပေးကြည့်ပါ ။ သူ့ကို ကြည့်နေတဲ့ မျက်လုံးတွေ ခဏလွဲပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြည့်ပါ ။

အတိတ်ကိုကော အနာဂတ်ကိုကော ယှဥ်တွဲပြီးတစ်ခါလောက် တွေးကြည့်ပါ ။ ကိုယ်ဟာ လူတစ်ယောက်ကိုချစ်ရင်းနဲ့ တကယ် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးသွားတတ်တယ် ။ ပြုံးခဲ့ဖူးတဲ့ နှုတ်ခမ်းတွေဟာ မဲ့မှန်းမသိ မဲ့သွားတတ်တယ် ။

အပေါင်းအသင်းများခဲ့တဲ့လူတွေဟာလဲ အဖော်မဲ့မှန်းမသိ မဲ့လာတတ်တယ် ။ ချစ်တာကတော့ ချစ်တာပေါ့ ။ ကိုယ့်ကိုယ်ကိုယ်လဲ ချစ်တတ်ဖို့ လိုနေသေးတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူေပ်ာ္ေန႐ုံနဲ႔ ကိုယ္အဆင္မေျပလဲ ျဖစ္ပါတယ္လို႔ ေတြးေနသူေတြဖတ္ဖို႔ ….

အခ်စ္ဆိုတဲ့ ေခါင္းစဥ္တစ္ခုေအာက္မွာ ဘယ္ေလာက္ၾကာၾကာ ကိုယ္ငိုခဲ့ရဖူးၿပီးၿပီလဲ ေတြးၾကည့္ပါ ။ သူက ကိုယ္မရွိလဲ ျဖစ္ေနမွန္းသိသိရဲ႕နဲ႔ … ကိုယ့္မွာ သူမရွိရင္ မျဖစ္လို႔ပါဆိုတဲ့ စိတ္ကို လက္ကိုင္ထားၿပီး နာက်င္ရဲ႕နဲ႔ ဆြဲထားတဲ့လက္ေတြ ဘယ္ေလာက္ေတာင္ ၾကာေနၿပီလဲ ။

သူေပ်ာ္ေန႐ုံနဲ႔ … သူ႔ကို ခ်စ္ေနရ႐ုံနဲ႔ ျဖစ္တယ္ဆိုေပမယ့္ ကိုယ့္အနာဂတ္ေတြဟာ ေမွာင္ေနတတ္တယ္ ။ ေန႔ေန႔ညည မ်က္ရည္ေတြဖုံးေနတဲ့ မ်က္လုံးေတြဟာ အမွန္ကို မျမင္ႏိုင္ေတာ့သလို ေပ်ာ္႐ႊင္မႈကို မသိႏိုင္ေတာ့ဘူးေလ ။ အနာဂတ္လို႔ ေတြးၾကည့္ပါ သူမပါတဲ့ ကိုယ့္ရဲ႕ အနာဂတ္ေပါ့ .

အရာရာေပးဆပ္ရင္း ေပးဆပ္ရင္းကေန ကိုယ္ကိုယ္တိုင္ ေပ်ာက္ဆုံးမွန္းမသိ ေပ်ာက္ဆုံးသြားတတ္တဲ့ သာဓက အမ်ားႀကီးရွိတယ္ … အဲ့ဒီထဲမွာ ကိုယ္က တစ္ေယာက္ပါမသြားပါေစနဲ႔ ။ သူေပ်ာ္ေန႐ုံဆိုေပမယ့္ ကိုယ္လဲ ေပ်ာ္ေအာင္ ေနတတ္ဖို႔ လိုတယ္ ။ သူ႔ကို ခ်စ္ေန႐ုံဆိုေပမယ့္ ကိုယ့္ကိုယ္ကိုယ္ ျပန္ခ်စ္တတ္ဖို႔လိုေသးတယ္ ။

လွည့္မထြက္ရဲတဲ့သူကို လွည့္ထြက္ခဲ့လိုက္ပါလို႔ေျပာတဲ့အထိ ကြၽန္မ မရက္စက္ပါဘူး ။ ဒါေပမယ့္ သူ႔ကို ဂ႐ုစိုက္တာေတြရဲ႕ ဆယ္ပုံ ပုံ တစ္ပုံေလာက္ ကိုယ့္ကိုယ္ကိုယ္ ျပန္ဂ႐ုစိုက္ေပးၾကည့္ပါ ။ သူ႔ကို ၾကည့္ေနတဲ့ မ်က္လုံးေတြ ခဏလြဲၿပီး ကိုယ့္ကိုယ္ကိုယ္ ျပန္ၾကည့္ၾကည့္ပါ ။

အတိတ္ကိုေကာ အနာဂတ္ကိုေကာ ယွဥ္တြဲၿပီးတစ္ခါေလာက္ ေတြးၾကည့္ပါ ။ ကိုယ္ဟာ လူတစ္ေယာက္ကိုခ်စ္ရင္းနဲ႔ တကယ္ ကိုယ့္ကိုယ္ကိုယ္ ေပ်ာက္ဆုံးမွန္းမသိ ေပ်ာက္ဆုံးသြားတတ္တယ္ ။ ၿပဳံးခဲ့ဖူးတဲ့ ႏႈတ္ခမ္းေတြဟာ မဲ့မွန္းမသိ မဲ့သြားတတ္တယ္ ။

အေပါင္းအသင္းမ်ားခဲ့တဲ့လူေတြဟာလဲ အေဖာ္မဲ့မွန္းမသိ မဲ့လာတတ္တယ္ ။ ခ်စ္တာကေတာ့ ခ်စ္တာေပါ့ ။ ကိုယ့္ကိုယ္ကိုယ္လဲ ခ်စ္တတ္ဖို႔ လိုေနေသးတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း