မိန်းမသားတစ်ယောက်ရဲ့ သန်မာမှု …

မိန်းမသားတစ်ယောက်ရဲ့ သန်မာမှု …

မိန်းမသားတစ်ယောက်နဲ့ ယောက်ျားတစ်ယောက် … ဘယ်သူက ပိုပြီးသန်မာလဲလို့ မေးတဲ့အခါ လွယ်လွယ်ကူကူလေးပဲ ယောက်ျားသားက ပိုပြီးသန်မာတာပေါ့လို့ ဖြေကြလိမ့်မယ် … သေချာလေးသုံးသပ်ကြည့်ပါ ။ အပြင်ပန်းအရ ကြည့်မယ်ဆိုရင် .. ယောက်ျားလေးတွေက သန်မာတယ်လို့ ထင်ရပေမယ့် တကယ်တမ်း လောကဓံကို ရင်ဆိုင်တဲ့အခါ … မိန်းမသားတွေက ပိုပြီးသန်မာတတ်ကြတယ် ။

မိန်းမသားဆိုတာ … ပျော့ညံ့တယ် … အစွဲအလန်းကြီးတယ် … သနားလွယ်တယ် … အယုံလွယ်တယ် စတဲ့ အားနည်းချက်တွေကို ပြင်ပြီးသွားတဲ့အခါ မိန်းမသားတွေက သူမတူအောင် သန်မာလာတတ်တယ် ။ မိန်းကလေးတစ်ယောက်ကို သန်မာလာစေတာက … ဒဏ်ရာတွေပါပဲ အယုံလွယ်တတ်တဲ့မိန်းကလေးတစ်ယောက် ခဏခဏ အလိမ်ခံရ အညာခံရတဲ့အခါ လွယ်လွယ်လေး မယုံတတ်တော့ဘူး ။

လမ်းခွဲခြင်းတွေမှာ .. မိန်းကလေးတစ်ယောက်က အသည်းအသန် ငိုကောင်းငိုလိမ့်မယ် .. ဒါပေမယ့် မျက်ရည်တွေ ခမ်းသွားတဲ့အခါ နှလုံးသားက မာသွားပြီး .. သေနေတဲ့မာနတွေလဲ ပြန်ပြီးရှင်လာတတ်တယ် ။ အားကိုးတတ်တဲ့မိန်းမဟာ … ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ တွေးတတ်လာတယ် ။ လောကကြီးကို အရှုံးပေးလိုက်တာထက် လောကကြီးကို ခပ်ချေချေလေးဆက်ဆံတဲ့ လမ်းကို ရွေးတာ များတယ် ။

Single Mother တွေကို ကြည့်ပါ ။ လမ်းခွဲခြင်းတွေမှာ .. သူတို့တွေ ဝမ်းမနည်းခဲ့ဘူးလို့ ထင်တာလား တကယ်တော့… သေချင်စိတ်ပေါက်အောင်ကို လမ်းတွေ ပျောက်ခဲ့ဖူးတာပါ ။ပတ်၀န်းကျင်က အပြောတွေ ရင်ထဲက ဒဏ်ရာတွေကို သူတို့ ကျော်ဖြတ်ဖို့ သူတို့ကိုယ်သူတို့ ဘယ်လောက်အားတင်းခဲ့ရလဲဆိုတာ .. သူတို့ကိုယ်တိုင်ပဲ သိတယ် ။ မငိုတတ်တော့တာမဟုတ်ပဲ ငိုချင်နေပါရဲ့နဲ့ မျက်ရည်တွေထွက်မလာတော့တဲ့ အခိုက်အတန့်တွေ အများကြီးရှိတယ် ။

ဒါပေမယ့် လောကဓံတရားမှာ … ငါ … ဆုံးရှုံးလိုက်ရလေခြင်းဆိုပြီး အကြာကြီး ၀မ်းနည်းမနေတတ်ဘူး ငိုလဲ ခဏပေါ့ … ပြီးရင် ကိုယ့်လမ်းကိုယ် ပြန်လျှောက်ဖို့ ရွေးကြတာချည်းပါပဲ … တကယ်ဆို လောကဓံနဲ့နဖူးတွေ့ ဒူးတွေ့ တွေ့တဲ့အခါ … ယောက်ျားလေးတွေက သူတို့ကို စာနာနားလည်ပေးမယ့်လက်တစ်စုံကို ရှာကြတာများတယ် ။ မိန်းကလေးတွေက တစ်ယောက်တည်းကျန်ခဲ့လဲ ဆက်လျှောက်တဲ့လမ်းကို ရွေးတာများတယ် ။

(ဒါ … ကျွန်မရဲ့ ထင်မြင်ယူဆချက်သက်သက်ပါ … အရာအားလုံးကို ခြုံငုံပြီး ပြောတာမျိုးမဟုတ်ပဲ … အများစုကို ခြုံငုံပြီးပြောတာမျိုးပါ … အမှားပါသွားရင် … တောင်းပန်ပါတယ် ။)

မိန်းမသားတို့အတွက်
သျှင်ယွန်း

မိန္းမသားတစ္ေယာက္ရဲ႕ သန္မာမႈ …

မိန္းမသားတစ္ေယာက္နဲ႔ ေယာက္်ားတစ္ေယာက္ … ဘယ္သူက ပိုၿပီးသန္မာလဲလို႔ ေမးတဲ့အခါ လြယ္လြယ္ကူကူေလးပဲ ေယာက္်ားသားက ပိုၿပီးသန္မာတာေပါ့လို႔ ေျဖၾကလိမ့္မယ္ … ေသခ်ာေလးသုံးသပ္ၾကည့္ပါ ။ အျပင္ပန္းအရ ၾကည့္မယ္ဆိုရင္ .. ေယာက္်ားေလးေတြက သန္မာတယ္လို႔ ထင္ရေပမယ့္ တကယ္တမ္း ေလာကဓံကို ရင္ဆိုင္တဲ့အခါ … မိန္းမသားေတြက ပိုၿပီးသန္မာတတ္ၾကတယ္ ။

မိန္းမသားဆိုတာ … ေပ်ာ့ညံ့တယ္ … အစြဲအလန္းႀကီးတယ္ … သနားလြယ္တယ္ … အယုံလြယ္တယ္ စတဲ့ အားနည္းခ်က္ေတြကို ျပင္ၿပီးသြားတဲ့အခါ မိန္းမသားေတြက သူမတူေအာင္ သန္မာလာတတ္တယ္ ။ မိန္းကေလးတစ္ေယာက္ကို သန္မာလာေစတာက … ဒဏ္ရာေတြပါပဲ အယုံလြယ္တတ္တဲ့မိန္းကေလးတစ္ေယာက္ ခဏခဏ အလိမ္ခံရ အညာခံရတဲ့အခါ လြယ္လြယ္ေလး မယုံတတ္ေတာ့ဘူး ။

လမ္းခြဲျခင္းေတြမွာ .. မိန္းကေလးတစ္ေယာက္က အသည္းအသန္ ငိုေကာင္းငိုလိမ့္မယ္ .. ဒါေပမယ့္ မ်က္ရည္ေတြ ခမ္းသြားတဲ့အခါ ႏွလုံးသားက မာသြားၿပီး .. ေသေနတဲ့မာနေတြလဲ ျပန္ၿပီးရွင္လာတတ္တယ္ ။ အားကိုးတတ္တဲ့မိန္းမဟာ … ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ဖို႔ ေတြးတတ္လာတယ္ ။ ေလာကႀကီးကို အရႈံးေပးလိုက္တာထက္ ေလာကႀကီးကို ခပ္ေခ်ေခ်ေလးဆက္ဆံတဲ့ လမ္းကို ေ႐ြးတာ မ်ားတယ္ ။

Single Mother ေတြကို ၾကည့္ပါ ။ လမ္းခြဲျခင္းေတြမွာ .. သူတို႔ေတြ ဝမ္းမနည္းခဲ့ဘူးလို႔ ထင္တာလား တကယ္ေတာ့… ေသခ်င္စိတ္ေပါက္ေအာင္ကို လမ္းေတြ ေပ်ာက္ခဲ့ဖူးတာပါ ။ပတ္၀န္းက်င္က အေျပာေတြ ရင္ထဲက ဒဏ္ရာေတြကို သူတို႔ ေက်ာ္ျဖတ္ဖို႔ သူတို႔ကိုယ္သူတို႔ ဘယ္ေလာက္အားတင္းခဲ့ရလဲဆိုတာ .. သူတို႔ကိုယ္တိုင္ပဲ သိတယ္ ။ မငိုတတ္ေတာ့တာမဟုတ္ပဲ ငိုခ်င္ေနပါရဲ႕နဲ႔ မ်က္ရည္ေတြထြက္မလာေတာ့တဲ့ အခိုက္အတန႔္ေတြ အမ်ားႀကီးရွိတယ္ ။

ဒါေပမယ့္ ေလာကဓံတရားမွာ … ငါ … ဆုံးရႈံးလိုက္ရေလျခင္းဆိုၿပီး အၾကာႀကီး ၀မ္းနည္းမေနတတ္ဘူး ငိုလဲ ခဏေပါ့ … ၿပီးရင္ ကိုယ့္လမ္းကိုယ္ ျပန္ေလွ်ာက္ဖို႔ ေ႐ြးၾကတာခ်ည္းပါပဲ … တကယ္ဆို ေလာကဓံနဲ႔နဖူးေတြ႕ ဒူးေတြ႕ ေတြ႕တဲ့အခါ … ေယာက္်ားေလးေတြက သူတို႔ကို စာနာနားလည္ေပးမယ့္လက္တစ္စုံကို ရွာၾကတာမ်ားတယ္ ။ မိန္းကေလးေတြက တစ္ေယာက္တည္းက်န္ခဲ့လဲ ဆက္ေလွ်ာက္တဲ့လမ္းကို ေ႐ြးတာမ်ားတယ္ ။

(ဒါ … ကြၽန္မရဲ႕ ထင္ျမင္ယူဆခ်က္သက္သက္ပါ … အရာအားလုံးကို ၿခဳံငုံၿပီး ေျပာတာမ်ိဳးမဟုတ္ပဲ … အမ်ားစုကို ၿခဳံငုံၿပီးေျပာတာမ်ိဳးပါ … အမွားပါသြားရင္ … ေတာင္းပန္ပါတယ္ ။)

မိန္းမသားတို႔အတြက္
သွ်င္ယြန္း